မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ
Wednesday 5 September 2012
မြတ်ဆုမွန်
အုံတငွေ့ငွေ့၊
ပူလေ့ကိုယ့်မှာ၊
နေချင်ပါလည်း၊
ဖန်လာဝိပါက်၊
ကြမ္မာချက်ကြောင့်၊
ချစ်လျက်ဝေးကွာ၊
ဝေဒနာကို၊
မြတ်စွာဘုရား၊
ဟောခါကြားသော၊
တရားနဲ့လည်း၊
ဖြေလည်းမပြေ၊
သည်ခက်ဗွေကြောင့်၊
ဖြေလည်း.....မပြေ....၊
သည်....ခက်....ဗွေ...ကြောင့်..........
ငါလေဖြစ်ရ၊
သည်လောကမှာ၊
တဏှာ့ဒါသ၊
ဖြစ်ရခါခါ၊
များလှစွာသား၊
သို့ ဖြစ်ပါ၍
နောင်လာဘဝ၊
ဖြစ်သမျှနှိုက်၊
ဗုဒ္ဓမြတ်စွာ၊
သာသနာ၏၊
ဒါသကျေးကျွန်၊
မြတ်ဆုမွန်ကို၊
ပန်ချွေသမှု ပြုပါ၏............။
                    သာကီမင်းသားလေး
No comments:
Post a Comment