မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ
Monday 24 December 2012
ဗေဒါလမ်း(၁၆)ချောင်းလှဖို့ ကို
* ဒီချောင်းမှာ   သာ ၊ ကြာပါပေါ့လား ။
   မဗေဒါ  ပြာနွဲ့နှောင်းငဲ့
   ချောင်းတန်တန် ရေငန်ရပ်မှာ ၊ စွဲတတ်နိုင်အား ။
* သူ့ စိတ်နဲ့ သူ့ ကိုယ် ။
   ချောင်းတစ်ခွင်  မြင်သမျှ ၊ ချောင်းလှဖို့ ကို ။
   ဘုတ်မက  ချိုချင်ချို ၊ ဗျိုင်းညိုက  အောက်ချင်အောက် ။
   ချေင်း  ကောက်ချင်ကော ။
* သူ့ လမ်းနဲ့ သူ့ အမြင် ။
   ချောင်းဒီရေ  နေသမျှ ၊ ချောင်းလှဖို့ ပင် ။
   ချောင်းဖျားက ထက်တစ်ခွင် ၊ ပင်လယ်အောက်တစ်လွှား
   စုန်ချည် ဆန်ချည်နဲ့
   တစ်လှည့်စီ  ဒီသဘော ၊ မျောကြမနား ။
* ဒီချောင်းမှာ  သာ ၊ ကြာချင်လှလေး ။
   ကျူရိုးမောင် ရွှေသျှောင်စောင်းငဲ့
   ချောင်းတန်တန်  ရေငန်ထဲ ၊ စွဲချင်လှ  လေး ။
      *    *    *    *    *
        (၁၉၅၉-၁၉၆၀ )
ဖိုးသူတော်ကြီးပြောသော ဘာသာရေးရှင်းတမ်း- ၎
              လူလေး ဘယ်ကပြန်လာတာလဲ... ဘယ်ကမှ..မဟုတ်ပါဘူးဗျာ..။ ဖိုးသူတော်ကြီးဆီကိုပဲ တကူးတက လာခဲ့တာပါ ။ ဒါနဲ့ ဖိုးသူတော်ကြီး အခုတလော  အလုပ်ရှုပ်နေတာ တွေ့ တယ် ။ ဘာတွေ
လုပ်နေတာလဲ.... စာကြည့်တိုက်ဖွင့်ဖို့ ရယ်  ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း အောင်လက်မှတ်
တွေလုပ်နေလို့  အလုပ်ရှုပ်နေတာကွယ့်..။ ဟုတ်လား...ဘယ်တော့ သင်မှာလဲ နွေရာသီ ကလေးတွေ
ကျောင်းပိတ်ရက်ပေါ့ကွယ်...ဘုရားစာတွေချည်း သင်ရတာ ပျင်းစရာ ကောင်းတာပေါ့ဗျာ ..။ ဘယ်ဟုတ်ပါ့
မလဲကွယ်..ကလေးတွေကို english speaking &  grammar တွေပါ သင်ပေးမှာပေါ့ ...ဟုတ်ပါပြီဗျ ။
ဖိုးသူတော်ကြီးက ဘာဖြစ်လို့ သင်ပေးတာလဲ ..ရည်ရွယ်ချက်ကို ပြောပြပါဦး..ဒီလိုကွယ်....။
            ခုခေတ်လူငယ်တွေ တော်တော်များများဟာ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ယဉ်ကျေးမှု တရားတွေနဲ့
တော်တော်လေး ကင်းကွာနေကြတယ် ။ ဘုရားတန်ဆောင်း ကျောင်းကန်တွေကို သူတို့ လေးတွေ သွားရမှာ အပျော်ဘက်တွင်သာ အချိန်ကုန်နေကြတယ် ။ ဘဝမှာ အနေပျော်ရင် အသေခက်တာကို
သူတို့ လေးတွေ မသိကြဘူးကွယ် ။ ဒီတော့ ဘဝမှာ အနေတတ်ပြီး အသေမြတ်ရအောင်လို့  သင်ပေးတာ
ပေါ့ကွယ် ။ နောက်ပြီး ရှိသေးတယ်ကွယ့် ကိုယ့်ဘာသာ ကိုယ့်လူမျိုး ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးမှု ရှိမှ
ဘာသားခြား လူမျိုးခြားတွေရဲ့ လိမ်လည်ဖျားယောင်းမှုကို မခံရမှာ ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့ကွယ်။
အခုခေတ် အမျိုးသမီးတွေဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား သိပ်လုပ်ချင်ကြတယ် ။ အဖြူလာလည်း ကြိုက်လိုက်
တာပဲ အမဲလာလည်း ကြိုက်တာပဲ ဒါတွေကို ကြိုမြင်လို့  ရှေးစာဆိုကြီးတစ်ဦးက ခပ်ရင့်ရင့် စကားလုံးတွေ
နဲ့ ရေးခဲ့တာ ရှိတယ် ။ ဆိုစမ်းပါဦး ဖိုးသူတော်ကြီးရ..အဟမ်း..အဟမ်း..။ ဟော့ ...ဖိုးသူတော်ကြီးက
ကောင်းနေရင်လုပ်ပြီး..အော်..လူလေးကလည်း  အသံနေ အသံထားနဲ့ ဆိုရမှာမို့ လည်ချောင်းရှင်းတာပါ ။
နားထောင်နော်..သောက်သုံးမကြတဲ့...နောက်ဆုံးအထကို ပြောရမှာဖြင့်...ဘီးကျိုးပါ့မယ့်..မာစတာရဲ့
တစ်ခုနဲ့ပဲ ...ဒင်းတို့ အထကို..ရှင်းပြပြီူးသား ဖြစ်နေလို့ ..အရှည်ကို မပြောတော့ပါဘူး..သူတို့ တတွေက
ဘယ်ဘဝကမှ ..ပြောမရတာမို့ ..သဘောတော်ရှိသာ...ကြာဗျာပါနဲ့..ယောရောရှိသာ..ဖာသာသာရဲ့လို့ 
ဆရာခမျာ..အဖြစ်တစ်နုန်းမချဲ့..ရှစ်လုံးဖွဲ့လေးနဲ့..ဟောလို့ ပြန်တာက ..တရုတ်လာလဲ..ငါတွဲလိုက်မှာ
ကုလားလာစ..ငါကကြိုက်တာ..ဂျပန်လာတော့..ငါနော့ချင်တာ..ယောရောရှိ..ဂွစိဂွစိပါ...လို့ စာချိုးခဲ့တာပေါ့
ကွယ် ။ ဒီတော့ သူတို့ လေးတွေကို ကိုယ့်ဘာသာ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့ရင်းနှီးမှုရှိ
အောင် သွန်သင်ဆုံးမပေးရမှာက တာဝန်သိသူတွေမှာ တာဝန်ရှိတာပေါ့ကွယ် ။ ဒါကြောင့်လည်း
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆုံးမသြဝါဒမိန့် တော်မူခဲ့တာက..
အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ် ၊ အိုးတွင်နှိပ်ခတ် ၊ တံဆိပ်မှတ်ကား ၊ မပြတ်မစဲ ၊ အိုးပင်ကွဲလည်း ၊
အမြဲတစေ ၊ တည်ရှိနေသို့ ၊ ထွေထွေသွေးသား ၊ကလေးများနှိုက် ၊ ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို ၊
ခတ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင် ၊ဗုဒ္ဓဝါဒီ ၊စွဲ၍တည်မည် ၊ ကိုယ်စီခတ်နှိပ်နိုင်စေသတည်း..လို့ 
ဆုံးမသြဝါဒပေးတော်မူခဲ့တယ် ။ ဒီတော့ နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ကလေးတွေရဲ့
နှလုံးသားထဲမှာ ကိုယ့်ဘာသာ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတရားတွေကို အသက်သေသည့်တိုင်အောင်
စွဲကျန်ရစ်နေဖို့ ဆုံးမသွန်သင် ပြုပြင်ပေးရမှာ လူကြီးတွေနဲ့ ရှင်ရဟန်းတို့ တာဝန်ပေါ့ကွယ် ။
နောက်..မင်းကွန်းဆရာတော် ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ မိန့် တော်မူတာရှိသေးတယ်။တစ်ခါက
ဆရာတော်၏ ကျောင်းတိုက်မှ ရဟန်းငယ်များ ဘာသာခြားဆိုင်မှ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူလာ
သည်ကို သိရှိရသဖြင့် ဘာဖြစ်လို့  ဒီဆိုင်က ဝယ်လာရသလဲ မေးတော်မူရာ ဒီဆိုင်က ဈေးလည်းသက်သာ
ဆက်ဆံရေးလည်းကောင်းလို့  ဝယ်လာရခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဆိုင်များက ဈေးလည်းကြီးပြီး
ဆက်ဆံရေးလည်း ညံ့လှကြောင်း လျှောက်ထားသည့်အခါ ဆရာတော်ကြီးက အေး..ဗုဒ္ဓဘာသာဆိုင်က
တစ်ဆယ်အမြတ်ယူပြီး ဘာသာခြားဆိုင်က တစ်ကျပ်ပဲ အမြတ်ယူရင်တောင် ဦးဇင်းတို့  ဗုဒ္ဓဘာသာဆိုင်မှာ
က ဗုဒ္ဓဘာသာဘုရားကျောင်းကန်တွေဆီကိုပဲ ပြန်ရောက်မှာ ဘာသာခြားတွေ ယူလိုက်တဲ့ အမြတ်
တစ်ကျပ်ကတော့ ဦးဇင်းတို့ လည်ပင်းကို ကြိုးကွင်းစွပ်မယ့်နေရာ ရောက်သွားမှာ ဟု မိန့်ကြားတောမူ
သည် ။ ဒါကိုထောက်သောအားဖြင့် ကိုယ့်ဘာသာ ကိုယ့်လူမျိုးအားလုံး အထူးသတိထား လိုက်နာကျင့်သုံး
သင့်သော လမ်းညွန်သြဝါဒစကားဆိုတာ သိသာတာပေါ့ကွယ် ။
               ဒီတော့ ဖိုးသူတော်ကြီး ဘာကြောင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကိုဖွင့်လှစ်ပြီး သင်ကြား
ရသလဲဆိုရင် နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်ကြယ်ပွင့်ကလေးတွေ အနေတတ်လို့  အသေမြတ်ပြီး
နောင်ရေးစိတ်အေးရအောင်လို့ သင်ပေးတယ်လို့ မှတ်ပေါ့ကွယ် ။
လူလေးရေ...ဒီနေ့တော့ ...ဒီလောက်နဲ့ပဲ တော်ကြဦးစို့ .............။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ရှိခိုးဦးခိုက်လျက်............။
                                                                     သာကီမင်းသားလေး
                                                                            23. 12. 2012
Friday 14 December 2012
ဗေဒါလမ်း (၁၅ ) သူ့ လမ်းစဉ်
* ကမ်းစပ်ကို   မင်
   လမုပင်  အခြေကြီးနဲ့၊ အသီးတွေ  ဖြိုး ။
   ကမ်းခြေကို   ဒီရေတိုး ၊ ပြိုလဲမှာ   စိုး ။
* ကမ်းစပ်ကို   မင်
   ဓနိပင်  ယိုင်ငိုက်လို့  ၊ ခိုင်လိုက်ကယ်   ဖြိုး ။
   ဓနိခိုင်  အလက်ထဲက ၊ ခွဲရမှာ   စိုး ။
* ကမ်းစပ်ကို   မင်
   လတာပြင်  ငါးဖျံလူးလို့ ၊ ပျော်မြူးကြ   ရိုး ။
   ဒီတက်လျှင်  လတာနုန်း ၊ ဒီဖုန်းမှာ   စိုး ။
* စိုးပါဘု   သူ့ မူရာ ။
   ချောင်းတစ်ခွင်  ပင်လယ်ဝက ၊ ပန်းလှ   ဗေဒါ  ။
   ဆန်တက်ချိန်မှာ ၊ ဆန်လာနိုင်ပါဘိ ။
   စုန်ဆင်းချိန်မှာ ၊ စုန်လာနိုင်ပါဘိ ။
   သူ့လမ်းစဉ်   သူမြင်ရဲ ၊ သူစွဲတတ်ဘိ ။
     *    *    *    *    *
             (၁၉၅၉-၁၉၆၀ )
ခုနှစ်နေ့  ဘုရားရှိခိုးလင်္ကာ
၁။      ။ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင်.....။ သောင်းခွင်စင်္ကြာဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊
တောင်းပန်မှုကြောင့် ၊ ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည် ၊ ဝါဆိုလပြည့် ၊ ကြွက်မင်းနေ့ ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ ၊
သန္ဓေယူသည် ၊ နတ်လူငြိမ်းဘို့   ကိန်းပါကို ၊ နတ်လူငြိမ်းဘို့   ကိန်းပါကို.....။
၂။     ။ သန္ဓေယူခါ ၊ ဆယ်လကြာသော် ၊ မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်ကြုံ ၊ ကဆုန်လပြည့် ၊
သောကြာနေ့ ဝယ် ၊ ချမ်းမြေ့စုံစီ ၊ လုမ္ဗိနီနှိုက် ၊ မဟီလှိုက်ဆူ ၊ ဖွားတောမူသည် ၊ နတ်လူအောင်ဘို့ 
လမ်းပါကို ၊ နတ်လူအောင်ဘို့  လမ်းပါကို.....။
၃။     ။ ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနှုနယ်နှိုက် ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊
ဆယ့်သုံးနှစ်လျင် ၊ ဘုန်းသစ်လျှံဟူ ၊ စံတော်မူရွေ့၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊
နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ငြိုငြင် ၊ သံဝေပိုက ၊ ဝါဆိုလပြည့် ၊ ကျားမင်းနေ့ ဝယ် ၊ ချမ်းမြေ့ရဂုံ ၊
တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ်  ခမ်းမှာကို ၊ စုံမြိုင်ပင်ရိပ်  ခမ်းမှာကို.....။
၎။     ။ တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်ရွေ့၊ ခါတော်တပုံ ၊ ပွင့်ချိန်ကြုံက ၊ ကဆုန်လပြည့် ၊
ဆင်မင်းနေ့ ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက် ၊ ရွှေညောင်တောကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊
နေတောမူလျက် ၊ ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အရှင်းပယ်ဖျောက် ၊ အလင်းပေါက်က ၊ ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဘော်လူတို့   ငြမ်းပါကို ၊
သုံးဘော်လူတို့   ငြမ်းပါကို.....။
၅။     ။ ဘုရားဖြစ်ခါ ၊ မိဂဒါသို့ ၊ စင်္ကြာရွှေဖွား ၊ ဖြန့် ချီသွားရွေ့၊ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် ၊ မဟီအပေါင်း ၊
တိုက်တစ်သောင်းမှ ၊ ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား ၊  ဝါဆိုလပြည့် ၊ စနေနေ့ ဝယ် ၊ ကြွေ့ကြွေ့လျံတက် ၊ ဓမ္မစက်ကို ၊ မိန့် မြွက်ထွေပြား ၊ ဟောဖော်ကြားသည် ၊ တရားနတ်စည်  ယွမ်းတယ်ကို ၊ တရားနတ်စည်   ယွမ်းတယ်ကို.....။
၆။     ။ တရားနတ်စည် ၊ ဆော်ယွမ်းလည်က ၊ သုံးမည်ဘုံသိုက် ၊ တသောင်းတိုက်ဝယ် ၊ ကျွတ်ထိုက်သသူ ၊
နတ်လူဗြဟ္မာ ၊ သတ္တဝါကို ၊ ခေမာသောင်သို့  ၊ ဖော်ကူးတို့ ဖြင့် ၊ ဆောင်ပို့ ပြီးခါ ၊ ဝါလေးဆယ့်ငါး ၊
သက်ကားရှစ်ဆယ် ၊ စုံပြည့်ကြွယ်က ၊ ရာလေးဆယ့်ရှစ် ၊ သက္ကရာဇ်ဝယ် ၊ နယ်မလ္လာတိုင်း ၊ စံနှိုင်းမယုတ် ၊
ကုသိနာရုံ ၊ အင်ကြင်းစုံနှိုက် ၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့ ဝယ် ၊ ချမ်းမြေ့နိဗ္ဗူ ၊ စံတော်မူသည် ၊
ဝှန်းဆူသောင်းလုံး  ကျော်တယ်ကို ၊ ဝှန်းဆူသောင်းလုံး   ကျော်တယ်ကို.....။
၇။     ။ နိဗ္ဗူစံပြီ ၊ ရှုမဟီသား ၊ သိင်္ဂီရွှေလှော် ၊ အလောင်းတော်ကို ၊ ထိုရော်ကဆုန် ၊ လဆုတ်ကြုံရွေ့၊
ဂဠုန်နေ့ ဝယ် ၊ ခိုးငွေ့မနှော ၊ ဓာတ်တေဇောလျှင် ၊ ရှင်စောဥာဏ်စက် ၊ ဓိဋ္ဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် ၊ မီးပူဇော်သည် ၊ မွေတော်ရှစ်စိတ်  ကြွင်းတယ်ကို ၊ မွေတော်ရှစ်စိတ်
ကြွင်းတယ်ကို.....။
          ထိုခုနှစ်နေ့ ၊ ချမ်းသာမြေ့ကို ၊ ဆွေ့ဆွေ့ကြည်ဖြူ ၊ အာရုံယူလျက် ၊ သုံးလူတို့ နတ် ၊
မြတ်ထက်မြတ်သား ၊ ကိုယ်တော်ဖျားကို ၊ သုံးပါးမွန်စွား ၊ ဝန္ဒနာဖြင့် ၊ သဒ္ဓါဖြိုးဖြိုး ၊ ကျွန်ရှိခိုးသည် ၊
ကောင်းကျိုးခပ်သိမ်း   ကြွယ်စေသော်ဝ် ၊ ကောင်းကျိုးခပ်သိမ်း   ကြွယ်စောသော်ဝ်.....။
                                     လယ်တီဆရာတော် ဘုရားကြီး
ဗေဒါလမ်း (၁၄ ) ချောင်းရဲ့အလှ
* ကျူရိုးရှင်  မနေတတ်လို့  ၊ ရေစပ်ကိုတဲ့  ဆင်းလို့ လာ
   မဗေဒါ  စုန်ဆန်မျော ၊ မောတဲ့နေရာ ။
   ကျူရိုးရှင့်  ဝါသနာ ၊ ကဗျာနွဲ့  ချိုတေး ။
   ဆန်မကုန်   စုန်မခန်းမှာ ၊ ပန်းရှာလိမ့်လေး.......တဲ့ ။
* အိုအချင်း  မင်းပီပီ
   ရေပြည့်မှာ  ဗေဒါပန်း ၊ ကမ်းနဲ့အညီ ။
   ဆန်လိုက်ကြ  စီရရီ ၊ တချီတချီ  တကြွကြွ ။
   တက်ရေမှာ  မြင်နေကျ ၊ ချောင်းရဲ့အလှ ။
* အိုအချင်း  ပီပီငယ်
   ရေကျမှာ  ဗေဒါပန်း ၊ ကမ်းစပ်ကိုဖယ် ။
   ဝဲယာမှာ  လတာကျယ် ၊ အလယ်မှာ  ဗေဒါမ
   သက်ရေမှာ မြင်နေကျ ၊ ချောင်းရဲ့အလှ ။
* တက်ရေနဲ့  သက်ရေနယ်
   ဆန်မကုန်  စုန်မဆုံး ၊ လုံးပတ်ချာလည် ။
   ဗေဒါမ  ခရီးသည် ၊ ပန်းရှာမယ်  ဆိုရလဲ ။
   ဒီချောင်းမှာ  အလှဖွား ၊ ပွား   ခဲ့ပြီပဲ ။
    *    *    *    *    *
         (၁၉၅၉- ၁၉၆၀ )
Tuesday 11 December 2012
ဗေဒါလမ်း (၁၃ ) ဆိုင်ခင်းလျက်ပဲ
* အညာလှေ
   အညာမြေ   ကုန်ရောင်းဖို့ ၊ ဒီ   ချောင်းမှာနား ။
   ထန်းလျက်ခဲရယ်နဲ့
   ပဲမျိုးစုံ  ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* တံငါလှေ
   တံငါမြေ   ကုန်ရောင်းဖို့ ၊ ဒီ   ချောင်းမှာနား ။
   ပုစွန်ကျားရယ်နဲ့
   ငါးမျိုးစုံ   ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား..........တဲ့ ။
* ကမ်းစပ်မှာမြှောင်
   အိုးဖောင်    ကုန်ရောင်းဖို့ ၊  ဒီ    ချောင်းမှာနား ။
   ရာဝင်အိုးရယ်နဲ့
   အိုးမျိုးစုံ   ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* ကမ်းစပ်မှာ  မြှောင်
   ဝါးဖောင်   ကုန်ရောင်းဖို့ ၊  ဒီ    ချောင်းမှာနား ။
   ခရင်ဝါး ( ကရင်ဝါး ) ရယ်နဲ့
   ဝါးမျိုးစုံ   ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* ဒီလမ်းက   ပန်းဗေဒါ
   ဆန်ရေ  စုန်ရေနဲ့
   ထုံပေပေ   သူမနား ၊ သွားရ  ခါခါ ။
   ပါပါစ  ရောင်းစရာ ၊ ပါရှာဘု   သူတို့ နဲ ။
   အပြာမှာ  အဝါကွက်ကယ်နဲ့
   အတက်မှာ  သူရွှင်ပျပေမဲ့ ၊
   ကျလည်းလေ   သူမငြင်းရှာဘု
   ဒီ   ချောင်းရေ   ကောက်ကစင်းမှာ
   ဆိုင်ခင်းလျက်   ပဲ ။
     *   *    *    *    *
     ( ၁၉၅၉- ၁၉၆၀ )
မေတ္တာတရား
                                             * မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။
                                             * လူရောနတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။
                                             * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။
                                             * မျက်နှာကြည်လှ၊ စိတ်တည်ရ၊ ပွားက ဤမေတ္တာ။
                                             * နိုး အိပ် ချမ်းသာ၊ အိပ်မက်မှာ၊ ကောင်းစွာ မက်တတ်ပါ။
                                             * သေချိန်ကာလ၊ မတွေရ၊ သေက ထက်နတ်ရွာ။
                                             * မေတ္တာကျေးဇူး၊ ဆွတ်၍ခူး၊ အထူးပွားများရာ။
                                             * ကိုယ်နှင့်မခြား၊ မေတ္တာပွား၊ အများသတ္တ၀ါ။
                                             * အများသတ္တ၊ ချမ်းသာမှ၊ ရကြ ကိုယ်ချမ်းသာ။
                                                     စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ကြီး
ဗေဒါလမ်း ( ၁၂ ) စိုင်းဦးမှာလား
* ပင်လယ်ဝဆီက ၊ ဒီ    တက်စ  လှိုင်းဘောင်ဘင် ။
   မဗေဒါ  တစ်ဟုန်ထိုး ၊ ချောင်းရိုးကိုဝင် ။
   မိုးမမြင်  လေမမြင် ၊ ပန်းဆန်ချင်  လေတိုင်း ။
   ရေထဦး    ပေမို့
   စိတ်ကူးယဉ်   ယဉ်လေတိုင်း ၊ ပန်းထင်ရာ    စိုင်း ။
* အထက်ချောင်းကျတော့ ၊ ဒီ   ညောင်းစ   ချောင်းရေသာ ။
   မဗေဒါ  ကိုယ်ရှိန်သတ် ၊ လှမ်း တတ်နိုင်ပါ ။
   စိုင်းခဲ့တဲ့  ခရီးတာမှာ ၊ သာနာစုံ  ပုံခဲ့။
   ရေသင်ဖြူးပေမို့ 
   ပွင့်ဖူးစုံ  ငုံတံနဲ့ ၊ ပန်းမူရာ    နွဲ့။
* ပန်းအလှ   မဗေဒါ.........တဲ့။
   ကျူရိုးရှင်   ပီပီကလေး ၊ တေးသံက   သာ ။
   ပင်လယ်ဝ   ဆီက
   ဒီရေကျ   ခွန်းစ   လာ ၊ လွမ်းစရာ   ပါတကား ။
   မိုးမမြင်   လေမမြင်နဲ့
   ထီမထင်   စုန်ချင်တိုင်း ၊ စိုင်းဦးမှာလား ။
     *    *    *    *     *
      (၁၉၆၀)
Sunday 9 December 2012
ဗေဒါလမ်း (၁၁ ) တွေးမိပါစ
* ဗေဒါတဲ့  ဗေဒါ ။
   ဒီချောင်းမှာ  အမည်မွှေး ၊ အေးငြိမ့်သာယာ ။
   မွှေးသမျှ  ပြန်တစ်ရာ ၊ ခံစရာ  အရေး ။
   အတိုက်ခံနိုင်မှ ၊ အမွှေ့ခံနိုင်မှ
   ထိုးဝါးကိုင်   ဒီ  ဆိုင်ဝဲ  တဲ့
   ရွှေဘဲရန်  စုန်ဆန်လမ်းမှာ
   ရမ်းတတ်တယ်    လေး ။
* မွှေးမှလည်း  မဟုတ်ပါ ။
   ရိုးသံရှင်  ပဲ့(ပံ့)တင်ထပ် ၊ ချောင်းရပ်  ဧရာ ။
   စုန်ဆန်ရ  လမ်းတကာမှာ ၊  လမ်းမသာ   ရှာကြ ။
   တစိုက်စိုက်ကယ်နဲ့
   အတိုက်ကို  အကြိုတွေ့ပါလို့ 
   အမွှေ့ဒဏ်  ခံနေကျ ၊ တွေးမိပါစ ။
      *     *        *         *
       ( ၁၉၆၀ )
ဗေဒါလမ်း (၁၀ )ပန်းပန်လျက်ပဲ
* ညိုပြာပြာ ၊ လတာပြင့်ခြေရင်း ။
   လှိုင်းတက်ရာ  ဗေဒါတက် ၊ လှိုင်းသက်ရာ  ဆင်း ။
* ဆင်းရလည်း  မသက်သာ ။
   အုန်းလက်ကြွေ  ရောပေါလော ၊ မျောစုန်လို့ လာ ။
   အဆင်းနဲ့အလာ ၊ ဗေဒါမ  အထွေး ။
   အုန်းလက်ကြွေ  သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။
* ဆောင့်ရလည်း  မသက်သာ ။
   နောက်တစ်ချီ  ဒီ  တစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။
   မြုပ်လေပေါ့   ပေါ်မလာ ၊ မဗေဒါအလှ ။
   တစ်လံကွာ  လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။
* ပေါ်ပြန်လည်း  မသက်သာ ။
   ချောင်းအဆွယ်  မြောင်းငယ်ထဲက ၊  ဘဲ  ထွက်လို့ လာ ။
   ဘဲအုပ်မှာ  တစ်ရာနှစ်ရာ၊ ဗေဒါက  တစ်ပင်ထဲ (တည်း ) ။
   အယက်အကန်   ခံလို့
   ဗေဒါပြန်   အံကိုခဲ ၊ ပန်းပန်လျက်ပဲ ။
     *   *   *   -*   *
        (၁၉၆၀)
ချမ်းသာဖို့ 
* တောင်တန်းရယ်ညို
   ဖြိုပါနဲ့လေး ။
   ဟီမဝါ
   သေလာတောမှာ
   သတ္တဝါ  စုံအညီ
   မှီကြလို့ လေး ။
* တောင်တန်းရယ်ညို
   ဖြိုပါနဲ့လေး ။
   ထေရ်ဆရာ
   သေလာတောမှာ
   နိဗ္ဗူတာ  ကြငှာန်းတိုင်အောင်
   ကျင့်ဆောင်ကာ  စုတေကျအောင်
   နေခဲ့လို့ လေး ။
* တောင်တန်းရယ်ညို
   ဖြိုပါနဲ့လေး ။
   ကမ္ဘာမှာ
   ပြည်မြန်မာ
* တောင်တန်းရယ်ညို
   ဖြိုပါနဲ့လေး ။
   မှီခိုသူ
   ပြည်လူများတို့
   စီးပွားရှာ
   လယ်ယာလုပ်လို့
   ချမ်းသာဖို့ လေး ။
 *   *   *   *   *
        သာကီမင်းသားလေး
          9. 12. 2012
Saturday 8 December 2012
ဗေဒါလမ်း( ၉ ) စုန်ဆန်ရ တရား
* ပန်းပါဘိ  ဗေဒါဆွေ ။
   ကျူရိုးရှင်  ပီပီကလေး ၊ တေးသံက    ဝေ ။
   စုန်ဆန်ရ  တပေပေ ၊ ဒီရေနယ်  တစ်ကျေး ။
   ဒီချောင်းရေ  ဗေဒါလမ်း ၊ ပန်းဖွယ်တဲ့လေး ။
* အိုအချင်း  ကျူရိုးရှင် ။
   နေသာမှာ  ရွာရဟန်း ၊ ဆွမ်းခံကြွ  ဝင် ။
   ထန်းတစ်ဖျား  နေကိုမြင် ၊ ရွာပြင်က   တံတား ။
   ဆွမ်းခံပြန်   ရွာကိုရှား ၊ နေ့ တိုင်းပါလား ။
* အိုးအချင်း  ကျူရိုးရှင်
   ဟင်းရွက်စုံ  နှစ်ပုံထပ် ၊ လောင်းစပ်မှာတင်
   ဈေးသမား  မယားလင် ၊  တစ်ရွာဝင်  တစ်ရွာသွား ။
   အိမ်အပြန်   ပုစွန်ငါး ၊ နေ့ တိုင်းပါလား ။
* ဒီ   တက်တော့   သူထက်သန် ၊
   ဒီ   ကျလျှင်  သူရွှင်လန်း ၊ တန်းစီလို့ ပြန် ။
   အလဲလဲ  အဖန်ဖန် ၊  စုန်ဆန်ရ  တရား ။
   ဗေဒါဆွေ  ဒီရေသွား ၊ မြင်ထားလို့ လား ။
       *    *    *    *     *
               ( ၁၉၅၇- ၁၉၅၉ )
မျဉ်းပြိုင်ရဲ့ ပန်းတိုင်
*မြောက်ပြန်လေညှင်း
   ရိုက်ဆော်သွင်းလို့ 
   သဇင်သင်းတဲ့
   နှင်းမှုန်တွေကြား
   ဝိုးတဝါးနဲ့
   တစ်ယောက်တည်း လျှောက်သွား
   လျှောက်သွားရင်း   လျှောက်သွားရင်း
   လမ်းပျောက်နေ.............။
* ဟော.......
   ဟိုမှာ............
   အခုတော့......
   တွေ့လိုက်ရပါပြီ...............။
* မျက်စိတစ်မှိတ်  လက်ဖျစ်တစ်တွက်
   လျှပ်တပြက်တွင်းမှာ
   တွေ့ လိုက်သည့်အရာ
   မိုးတိမ် ကန့်လန့်ကာအလား
   စည်းခြားထားပြန်တယ်..........။
* သိလိုက်ချိန်မှာတော့
   မတူညီတဲ့
   မျဉ်းပြိုင်ရဲ့ ပန်းတိုင်ဟာ
   ဘာလဲ...........?
   အောင်မြင်ခြင်းလား.........?
   ရှုံးနိမ့်ခြင်းလား..............?
   ဝမ်းနည်းခြင်းလား.............?.
   ဝမ်းသာခြင်းလား...........?
   ချစ်ခြင်းလား............?
   မုန်းခြင်းလား..............?
   ဝေးကွားခြင်းလား..........?.
   နီးစပ်ခြင်းလား............?
* သေချာတာကတော့.........
   သဘာဝတရားကို  မလွန်ဆန်နိုင်သေးရင်
   လောကဓံရဲ့
   ထုထောင်းတဲ့ ဒဏ်ကိုတော့
   ခံရပေလိမ့်ဦးမည်..........။
   ခံပေဦးတော့..............ခံဦးတော့.............။
                                         သာကီမင်းသားလေး
                                             8.12.2012
Thursday 6 December 2012
ဗေဒါလမ်း(၈) မျောလျက်သာပဲ
* လေပြင်းငယ်   ပွေ ၊ လေပြည်လျှင်    လဲ ။
   ချောင်းကျယ်   ဘယ်မငြင်း ၊ ချောင်းကျဉ်းလျှင်  လဲ ။
* နေပူတုန်း   ခါ၊ မိုးရွာလျှင်  လဲ ။
   လသာသာ  ပျိုအိုကျြိုက် ၊ လမိုက်လျှင်  လဲ ။
* အဖော်ငယ်   စုံ ၊ ဖော်မစုံလျှင်   လဲ ။
   ပွင့်ဖူးငုံ  အကုန်လန်း ၊ နွမ်းနယ်လျက်  လဲ ။
* စုန်ပြန်ရ  အဖန်ဖန် ၊  ဆန်ပြန်ရ  တလဲလဲ ။
   မဗေဒါ  ဒီရေကြောမှာ ၊ မျောလျက်သာပဲ ။
          *   *   *    *  *
           (၁၉၅၇- ၁၉၅၉)
Wednesday 5 December 2012
`ဗေဒါလမ်း(၇) တေးစုံနဲ့ပဲ
* တီတာတာ
   ကညာ  မေဘုတ်က ၊ ရွှေနှုတ်ချို  သွေး။
   ကျူရိုးရှင်  ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့   တေး။
* ပဒေသာ
   ထေရ်ဝါ  ရည်စူးလို့ ၊ လှေဦးမှာ   လေး ။
   ကျူရိုးရှင်  ပီပီနှော ၊ စည်ဗြောသံ   တေး ။
* သောင်အခြေ
   ခေါင်ရေ   လေမြူးတော့ ၊ ရေရူးတွေ   ဖွေး ။
   ကျူရိုးရှင်  ပီပီဟိန်း ၊ ဗိန်းဗောင်းသံ     တေး ။
* အကောင်သေ
   တောင်လေ   ရေတက်တော့ ၊ ရေယက်နဲ့ထွေး ။
   ကျူရိုးရှင်  ပီပီညင်း ၊ ငိုချင်းသံ    တေး ။
* တက်မကူ
   ရွက်ဖြူ  ပူဖောင်းနဲ့၊ လှေလောင်းကိုယ်   လေး ။
   ကျူရိုးရှင်   ပီပီပျိုး ၊ ဘွဲ့ကြိုးသံ   တေး ။
* ပြု့တပြူ
   မြေငူ   ဓနိကျွန်း ၊ သောက်ထွန်းပြီ    လေး ။
   ကျူရိုးရှင်   ပီပီနော့ ၊ သားချော့သံ   တေး ။
* တေးမျိုးရယ်   စုံ ၊ ကုန်နိုင်ပါလေပဲ ။
   မဗေဒါ  စုန်ဆန်မြဲ ၊ တေးစုံနဲ့  ပဲ ။
     *   *   *   *   *
       (၁၉၅၇-၁၉၅၉)
`ဗေဒါလမ်း(၆)ရခဲ့သည်ပဲ
* မြစ်တမ်းမှာတဲ့  လေကြမ်းဆင်။
   ထန်လိုက်လေ  လေမှုန်တိုင်း ၊လှိုင်းကဘောင်ဘင်
   တစ်လှိုင်းထွက်  တစ်လှိုင်းဝင်၊ ဗေဒါခင်  ဖြစ်နဲ။
   ရေလှိုင်း   ဗရပွေနဲ့
   မုန်တိုင်းလေ  ရေတစ်ရိုးမှာ  စိုးရွံ့မှာပဲ။
* မြစ်ရိုးမှာတဲ့  မိုးသက်ဆင်။
   လျှပ်ကြိုးပျံ  မိုးသံထစ် ၊ မိုး  စစ်ဘုရင်။
   မိုးညစ်လို့   မြစ်မမြင် ၊ ဗေဒါပင်  ဖြစ်နဲ။
   မိုးသက်လေ  ရေတစ်ရိုးမှာ  စိုးရွံ့မှာပဲ။
* စိုးမရွံ့   တွန့်မတုန်။
   မိုးနှင့်လေ  ရေရှုပ်ထွေး ၊ ရွေးမျှ  မဖြုံ။
   ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ။
   ခေါက်ပေါင်းမရေနိုင်လို့ 
   ဗေဒါခိုင်   သည်မြစ်ထဲ ၊ ရခဲ့သည်ပါ့ ။
      *   *   *   *   *
 (၁၉၅၇-၁၉၅၉)
Tuesday 4 December 2012
သောတာပန် (သမ္မာဒိဋ္ဌိ) ဖြစ်ခြင်းအကြောင်း- ၂-ပါး
                                      မှန်မှန်ကန်ကန်သမ္မာဒိဋ္ဌိ ဖြစ်ဖို့ရာကတော့
                                      ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု ။
                                    - ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်း
                                      မှန်မှု ။
                                  "  ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု "
                                    ~~~~~~~~~~~~~~~~~~~~~~
                                   " - သတိပဋ္ဌာန်လေးပါးရှိတယ်၊
                                 * တချို့က ဝေဒနာရှုမှ ထင်ရှားတယ်၊
                                 * တချို့ကလဲ စိတ်ရှုမှထင်ရှားတယ်၊
                                 * တချို့ကလဲသစ္စာရှုမှ ထင်ရှားတယ်၊
                                 * တချို့ကလဲ ကာယနုပဿနာ ဆိုတဲ့
                                    ရုပ်တစ်ခုခုကို ရှုမှ ထင်ရှားတယ်။
                                    အဲဒီတော့ သူထင်ရှားတာတွေက သူ့စရိုက်
                                    သူလာတာ ဖြစ်ပြီး သကာလနေတော့ အားလုံး
                                    ဒကာ ဒကာမတွေ သိပြီသားအတိုင်း ကိုယ်နဲ့လျောက်ပတ်တဲ့
                                    တရားနာမှုဟာ ၁- နံပါတ် အရေးကြီးတယ် ။ "
                                                  " နှလုံးသွင်းမှန်ကန်မှု "
                                                    ~~~~~~~~~~~~~
                                      " နှလုံးသွင်းမှု ဆိုတဲ့ အချက်ကလေးဟာက
                                        အင်မတန် အရေးကြီးပါတယ်။ နှလုံးသွင်းမှုဆိုတာက
                                        ဒကာဒကာမတို့ ဘာပါလိမ့်မလဲလို့ မေးစရာမလိုပါဘူး၊
                                     " ကိုယ့်စရိုက်နဲ့ တော်တဲ့ တရားဟာ ကိုယ်တွေ့ပြီ၊ ဥပမာ
                                        စိတ်ဖြင့်လဲ စိတ်နဲ့ပဲ ကိုယ့်စရိုက်နဲ့ ကိုယ်နဲ့လျော်တယ်၊
                                        ဝေဒနာပဲ ကိုယ်နဲ့ လျော်တယ် " - ဆိုလို့ ရှိရင်ဖြင့် အဲဒီ
                                        လျော်တဲ့တရားကို ကိုယ်ကနာထားပြီး ရှုတဲ့အခါ ကျတော့
                                        နှလုံးသွင်းမှန်မှုဟာ ဘုန်းကြီးတို့ကလဲ ကူညီမယ်၊ ဒကာ
                                         ဒကာမတွေကလဲ ဒီနှလုံးသွင်းနဲ့ အရ ယူပြီးသကာလ
                                        တည့်အောင် ဂရုစိုက်ပါဆိုတာ ယနေ့ ပြောရတယ် ။
                                        နှလုံးသွင်းမှန်မှုဆိုတာ ဒကာဒကာမတို့ တခြား
                                        မဟုတ်ပါဘူး အနိစ္စရှိရင် နိစ္စသိ၍ ဒါနှလုံးသွင်းမှန်ပြီလို့မှတ်"
                                                         - ( မိုးကုတ်ဆရာတော်ကြီး )
ဗေဒါလမ်း(၅) တက်ချိန်နှင့် ကျချိန်
* ဗျိုင်းညီနောင်၊ အတောင်က  ဖြူဖွေး ။
   ကမ်းစပ်ကို  ကြဉ်
   ကွင်းပြင်ကို  စားကျက်ပြောင်းကြပေါ့
   ချောင်းအောက်ခွင်  ပင်လယ်ဝမှာ ၊ ဒီ   ကြွပြီလေး ။
* ကဏန်းမ  ရွှံ့စိုစို ၊ တစ်ကိုယ်လုံ့  နီတွေး ။
   တွင်းဝ  လတာပြင်က
   ခရာပင်  တွယ်ကာတက်လေပေါ့
   တောင်ဘက်ခွင်  ပင်လယ်စွန်းမှာ၊ ဒီ   တွန်းပြီလေး။
* ပုစဉ်းကောင် ၊ အတောင်က  ငွေမြှေး ။
   ကမ်းစပ်   ကျူတစ်ရုံက
   သူမလုံ  သူခုန်ထွက်လေပေါ့ ၊ ဒီ   တက်ပြီလေး ။
* ဒီ  တက်ချိန်တန် ၊ ဆန်လာပေါ့  ဗေဒါပန်း ။
   ကျူရိုးရှင်  ကျူတံတီး၊ ဆီးကြိုလို့ လွမ်း ။
*ဗျိုင်းညီနောင် ၊ အတောင်က  ဖြူဖွေး။
   ကမ်းစပ်မှာငိုင်
   သူ့လည်တိုင်  စွေတစောင်းနဲ့
   ရေတံငါ   အစာချောင်းပြန်ပေါ့၊ ဒီ   ညောင်းပြီလေး ။
*ကဏန်းမှ  ရွှံ့စိုစို ၊ တစ်ကိုယ်လုံ့  နီတွေး ။
  လက်မ  တထောင်ထောင်နဲ့
  တွင်းပေါင်မှာ  မင်းယောင်ခင်းပြန်ပေါ့ ၊ ဒီ   ဆင်းပြီလေး ။
* ပုစဉ်းတောင် ၊ အတောင်က  ငွေမြှေး ။
   ကျူရုံမှာ  သူ  လှုံခပြန်ပေါ့ ၊ ဒီ   ကျပြီလေး ။
* ဒီ  ကျချိန်တန် ၊ စုန်ပြန်ပေါ့  ဗေဒါပန်း ။
   ကျူရိုးရှင်  ကျူပင်ရွက်နဲ့၊ ခွန်းဆက်လို့ လွမ်း ။
        *   *   *   *   *
       (၁၉၅၇-၁၉၅၉)
ဗေဒါလမ်း(၄) မှန်းဖို့ လိုပဲ
* မဗေဒါ ၊ ဘယ်ရွာ  ဘယ်စခန်းနဲ့
   ဘယ်ကမ်းခြေ  ဘယ်ရေဆိပ်မှာမှ ၊ နေအိပ်လိုပဲ။
   ဒီတက်လျှင်   ပျော်
   ဗေဒါမော်   ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ ။
*မဗေဒါ ၊ ဘယ်ရွာ   ဘယ်စခန်းနဲ့
  ဘယ်ကမ်းခြေ   ဘယ်ရေဆိပ်မှာမှ ၊ နေအိပ်လိုပဲ။
  ဒီကျလျှင်   ရွှင်
  ဗေဒါခင်  ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ ။
* ဘုတ်မက   အီ ၊ ပီပီက  သံမစဲ။
   မဗေဒါ  စုန်ဆန်လမ်းကို ၊ မှန်းဖို့ လိုပဲ ။     ။
          *   *   *   *   *
               (၁၉၅၉- ၁၉၅၇ )
ဗေဒါလမ်း(၃) ဘယ်ရွာဆိပ်ကမ်း
* ချောင်းပြင်မှာ  စီတန်းလို့ ၊
   ဗေဒါပန်း  ရေကြင်ဆွေ ၊ မျောလို့ သာ နေ။
   ကမ်းကွေ့မှာ  ခွေ၊ ကမ်းပြေတော့  ဆင်း
   သည်ချောင်းရေ  လေမခတ်တယ်
   စီးတတ်လေခြင်း ။
* ကျူရိုးရှင်  ပီပီမှုတ်လို့ 
   ဘုတ်မကို  သူကပြိုင် ၊ ချောင်းစပ်မှာထိုင်
   ဘုတ်မက  တိုင်၊ ကျူကိုင်က  အေး ။
   ရေးစီးနဲ့လာ၊ ရေသာမှာ ပြန်လို့ မြန်းတဲ့
   မဗေဒါ  စုန်ဆန်ပန်းကို ၊ လွမ်းတယ်တဲ့လေး ။
* စုန်ပါတဲ့  ဆန်ပါ ။
   ကျူရိုးရှင်  ပီပီကလေးနဲ့၊ တေးချိုလို့ သာ။
   ဘယ်မြို့ က  လာ ၊ ဘယ်ရွာဆိပ်ကမ်း ။
   အပွင့်  အပြာရောင်နဲ့
   ဘယ်သောင်မှာနေချိုအေးလျှင်၊ မှေးအိပ်မယ်   မှန်း ။     ။
        *   *   *   *   *
       (၁၉၅၇-၁၉၅၉)
ဗေဒါလမ်း (၂ ) မယ့်လမ်းပါတဲ့
* ဒီချောင်းမှာ  ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
   စံပယ်ကို  ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
   ပျိုမယ်ကို  ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ  ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
   စေတီငယ်  ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* လင်းယဉ်နွဲ့  တချီချီ ။
   ကျူရိုးရှင်  သူ့စကား၊ နားကျခဲ့ပြီ ။
   ကျွတ်ဆုမြတ်  စလွယ်ချည်၊ ဗေဒါရီ  ပြာလဲ့ ။
   စုန်ချည်   ဆန်ချည်နဲ့
   ဒီချောင်းရေ  ဗေဒါလမ်း၊  မယ့်လမ်းပါတဲ့ ။      ။
      *   *   *   *   *
          (၁၉၅၇ -  ၁၉၅၉ )
ဗေဒါလမ်း(၁) မယ့်လမ်းပါလား
* ပန်းနီလာ
   ဗေဒါဆင်သလို့ 
   ယဉ်လှတယ်လေး ။
   စုန်ချည်  ဆန်ချည်နဲ့ 
   ဒီချောင်းရေ  ဗေဒါလမ်းမှာ
   တန်းစီလို့  လေး ။
* အိုအချင်း  ကျူရိုးရှင်...။
   မဗေဒါ  ပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင် ။
   စံပယ်လှ  ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း ။
   သူ့ လိပ်ပြာ အခြံအရံနဲ့ 
   သူ့ စံရာ သူပျော်မွေ့
   ပြေးတွေ့ချင်စမ်း ... တဲ့ ။
* တွေ့ချင်တဲ့  စေတနာရယ် ... ။
   ငယ်ကျွမ်းဆွေ  လွမ်းဝေတေးပေမို့ 
   အေးချိုလှတယ် ။
   လိပ်ပြာက ဝတ်ရည်သယ်၊ စံပယ်က  မအား ။
   ပွင့်ဖူးတဝေဝေနဲ့
   ဒီချောင်ရေ  ဗေဒါလမ်း
   မယ့်လမ်းပါလား ။
* အိုအချင်း ကျူရိုးရှင် ... ။
   မဗေဒါ ပြာလဲ့လန်း ၊ ကမ်းကပ်ပြန်ချင် ။
   ဟိုအကွေ့မှာလ
   ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျို့ခင်ရဲ့အနွဲ့။
   ပျို့လက်မှာ  မယ်ဗေဒါက
   ဟိုမျက်နှာ  ချစ်တုံ့ပုန်းကို
   ပြုံးကြည့်ချင်ငဲ့ ... တဲ့ ။
* ကြည့်ချင်တဲ့   စေတနာရယ် ...။
   သနားဖွယ်  ချစ်ဖွယ်တေးပေမို့ ၊ အေးချိုလှတယ် ။
   ချစ်စနိုးရယ်နဲ့
   မြစ်ရိုးက  အပြာခြယ်ကို ၊ ပျို  နယ်လိုက်လေမလား ။
   ပွင့်ဖူးတဝေဝေနဲ့ 
   ဒီချောင်းရေ ဗေဒါလမ်း
   မယ့်လမ်းပါလား ။
* အိုအချင်း  ကျူရိုးရှင် ... ။
   မဗေဒါ  ပြာလဲ့လန်း ၊ ကမ်းကပ်ပြန်ချင် ။
   ထီးတော်က  တချွှင်ချွှင် ၊ ကွင်းပြင်က ဘုရား ။
   နေမင်း  ညိုချိန်တန်ပေါ့
   နိဗ္ဗာန်ကို  စိတ်ကြံကူး
   ဖူးချင်လျက်သား ... တဲ့ ။
* ဖူးချင်တဲ့ စေတနာရယ် ။
   နိဗ္ဗန္ဒာ  ဂီတာတေးပေမို့ ၊အေးချိုလှတယ် ။
   ကျွတ်ဆုကို   ရွယ် ၊ လွယ်ပါတော့ အရ။
   ပွင့်ဖူးတဝေဝေနဲ့ 
   ဒီချောင်းရေ ဗေဒါလမ်း ၊ မယ့်လမ်း  သာပါ့ ။
* ချောင်းရေက  ဖောင်၊ တောင်လေက သွေး ။
   ရွင်လင်းယဉ်  မြိုင်မြိုင်နဲ့ 
   ပန်းတိုင်ကို  ပန်းခိုင်ဆိုက်အောင်
   အားစိုက်ပါလေး ။
*    *    *    *    *
(၁၉၅၇-၁၉၅၉)
Saturday 24 November 2012
စိုးရိမ်မိတယ်
                                                   မြန်တိုင်းရဲ့  မယ်မဒီ
                                                   ယဉ်လှသည် ဟိုးယခင်က
                                                    ရိုးမြေကျ ဘာသာတရားနှင့်
                                                   ဝတ်စားဆင်ရင် ထုံးဖွဲ့ ပြင်သော်
                                                    ဇမ္ဗူပေါ် ဘယ်ပျိုတော် ယှဉ်လာစမ်းဟဲ့ 
                                                   တုနှိုင်းကာလိုက်မမှီ
                                                   ၇ှုတိုင်းသာ ရင်မှာအေးရတယ်....
                                                   ကွယ်........ရှေးခေတ်က မယ်မဒီများ..........။
                                                   မြန်တိုင်းရဲ့  ပျိုကညာ
                                                   ခုခါမတော့ အရင်လို ဟုတ်ပေဘု
                                                   နဂိုမူ လူယဉ်ကျေး
                                                   အနောက်တိုင်းပေးတဲ့ ပုံသဏ္ဍာန်
                                                   တုပြန်ကာ ဝတ်စားဆင်တော့
                                                   မမြင်ဖွယ်ရာ အဖြာဖြာရယ်ကြောင့်
                                                   တို့ သူငါ စိတ်မှာနှောက်ရတယ်..
                                                   ကွယ်.....စိုးရိမ်လှသား...................။
                                                                      သာကီမင်းသားလေး
                                                                              23 . 11 . 2012
Sunday 18 November 2012
လ္ဘက်ရည်ကြမ်း သောက်ရခြင်းအပြစ်
               လ္ဘက်ရည် မပြတ်သမျှ
               မတတ်ရမှန်သည်
               လဘ်ရဖို့ မကြံစည်
               ကံနှစ်လီချွတ်ယွင်း
               ကျိုးမရ ချိန်ပုပ်ခါ
               အိမ်လုပ်မှာ တိုးလို့ လစ်ဟင်း
               မကြည်သာ အိမ်တွင်းက
               ကျိန်ဆဲရင်း နားပူ
               သုံးစရာ ပိုက်ဆံပါးပြန်တော့
               မယားက တိုးလို့ သာဆူ
               မိုက်ဥာဏ်များတဲ့  အလကားလူရယ်
               အခြားသူဆို ပြောကြသည့်
               လောကနှင့် သံ့သရာ ကျိုးမရှိပါ
               ကရားတစ်လုံးနှင့် မခြားသုံးပါလျှင်
               မယားမုန်းကာ ကွာတတ်ချည်ရဲ့လေး..............။
                                                                 မန်လည်ဆရာတော်ဘုရားကြီး
လ္ဘက်ရည်ကြမ်း သောက်ရခြင်းအကျိုး
                လ္ဘက်ရည် အမြဲသောက်
                ချွဲပြောက်လို့  ဆီးရွှင်
                သူခိုးဝင် ရန်ကင်း
                သည်ကဲ့သို့  ရန်မသီလျှင်
                ကြံအစည် တိုးလိမ့်မရွင်း
                တရားနှင့် အကျိုးများရှာလျှင်
                နိုးကြားစွာ ကြံခြင်း
                တစ်မျိုးအား ဥာဏ်လင်းရွေ့
                ဓမ္မခန်ရင်းဖွေရှာ
                ကျမ်းဓမ္မာ တင်ကာပြ
                သင်္ခါရအောက့်မေ့ရပါ
                ထင်စွာပြ အကြောင်းရှာလျှင်
                ကောင်းရာကိုစိတ်စွဲရွေ့
                မအိပ်ဘဲ အသက်ရှည်
                လင်းလုအောင်နေ 
                သို့ မို့ ကြေင့် ရတက်ပြေအောင်
                လ္ဘက်ရည်သောက်ကြကွဲ့ လေ...........။
                                                          လယ်တီဆရာတော်ဘုရားကြီး
ချမ်းသာသူ မောင်သုည
              လူတိုင်း   လူတိုင်းသည် အာရုံတစ်ခုကို ငြီးငွေ့ လာပြီဆိုရင် အာရုံတစ်ခုကို ပြောင်းချင်ကြတာ
ပုထုဇဉ် လူသားတို့ ၏ သဘာဝပါ ။ ကျွှန်ုပ်လည်း ပုထုဇဉ် လူသားတစ်ယောက်ပင် ။မှန်ပါသည် ။
ပုထုဇဉ် လူသားတစ်ယောက် ဖြစ်သည့်အလျှောက် စာကျက်ခြင်း အလုပ်ကို တစ်ခါတစ်ရံတွင် ငြီးငွေ့ တတ်
သည်. တစ်နေ့ မှာ ပျင်းပျင်းနျင့် လ္လက်ရည်ဆိုင်သို့  ထွက်လာခဲ့သည် ။ လ္ဘက်ရည်ဆိုင်သည် သူ့ ထုံးစံအတိုင်းပေါ့ ။သီချင်း သို့ မဟုတ် ဇာတ်ကားပြတတ်သည် ။ ကျွန်ုပ်ရောက်သည့် အချိန်တွင် ဇာတ်ကား ပြထားသည် ။ ဇာတ်ကားအမည်ကား  " သုညဟု ခေါ်သည်" သည်တဲ့..။ မင်းသားနာမည်သည်
လည်း မောင်သုည ပင် ။ နာမည်နှင့် တကယ်ကို လိုက်ဖက်ပါသည် ။ မောင်သုည ဘဝမှာ ဘာဆိုဘာမှ
မရှိရှာ ၊ ပစ္စည်း ဥစ္စာမရှိလို့  ဆွေမျိုးဥာတကာ ရှိလားဆိုတော့ ဗလာနတ္ထိ ။ မောင်သုည ငယ်ငယ်ကပင်
မိဘနှစ်ပါး ဆုံးသွားရှာသည် ။ တွယ်တာစရာဆိုလို့  အဘိုးဖြစ်သူ တစ်ယောက်သာရှိသည်။ လူတို့ သဘာဝ
အတိုင်းပေါ့ မြေနိမ့်ရာ လှံစိုက်ဆိုသလို မောင်သုည ဆိုရင် အားလုံးက အပြစ်မြင်ကြပြီး မကောင်းသူဟုပင်
ထင်ကြသည်။ မောင်သုညဆို လူတွေက သံသယမျက်လုံးနှင့် ကြည့်ကြသည်။ သံသယမျက်လုံးနှင့်
ကြည့်သူတစ်ယောက် အဖို့ မှာ ဘယ်သောအခါမှ သူတစ်ပါးကို အကောင်းမမြင်နိုင်။ အကောင်းမမြင်နိုင်
ဘူးဆိုရင်  သူတစ်ပါး ဘယ်လောက်ပင် ကောင်းတာလုပ်နေစေ မကောင်းတာချည်းမြင်ပြီး အပြစ်မြင်တတ်
ကြသည်။ ဒါသဘာဝပင် မဟုတ်လား ။
                တကယ်တော့ မောင်သုညသည် လူတွေထင်သလို ဘာတစ်ခုမှမရှိသူ မဟုတ်ပါ ။ နာမည်နှင့်
မလိုက်အောင် ချမ်းသာပါသည် ။ မောင်သုည၏ ချမ်းသာခြင်းသည် အကျင့်စာရိတ္တကောင်းခြင်းတည်းဟူ
သော ကိုယ်ကျင့်တရားသာ ဖြစ်သည်။ မှန်ပါသည် ။ ပစ္စည်း ဥစ္စာ ဘယ်လောက်ပင် ချမ်းသာပါစေ အကျင့်
စာရိတ္တတည်းဟူသော ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင် ထိုသူသည် ရွံရှာဖွယ်ကောင်း၏ ။
အကျင့်စာရိတ္တတည်းဟူသော ကိုယ်ကျင့်တရားသည် သီလပင်ဖြစ်၏ ။သီလသည် အလွန်အင်မတန်မှ
အရေးကြီး၏ ။ လူသားတို့ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားမှာ  တစ်နည်းအားဖြင့် ခါးဝတ်ပုဆိုးကဲ့သို့ 
မြဲမြံအောင်ပြုကျင့် စောင့်ထိန်းရမည့် တရားမှာ ကံငါးပါးပင်ဖြစ်သည်။ ကံငါးပါးဟူသည်.........
၁။     ။ သူတစ်ပါးအသက်ကို သတ်ခြင်း ပါဏာတိပါတကံ
၂။     ။ အရှင်မပေးသော သူ့ တစ်ပါး ဥစ္စာကို ခိုးယူခြင်း အဒိန္တွာဒါနကံ
၃။     ။ သူတစ်ပါး သားမယားကို ဖောက်ပြန်စွာကျင့်ခြင်း ကာမေသုမိစ္ဆာစာရကံ
၎။     ။ မဟုတ်မမှန်သော စကားကို လိမ်ညာပြောဆိုခြင်း မုသာဝါဒကံ
၅။     ။ သေရည်အရက်သောက်ခြင်း သုရာမေရယကံ တို့ ဖြစ်သည် ။မှန်ပါသည်။ လူတို့ ၏ ပတ်ဝန်းကျင်ကို
ကြည့်လိုက်လျှင်  လူတို့ ၏ ချစ်ခင်လေးစား ကြည်ညိုခံရခြင်း လူတို့ ၏ အံပတ်သဖွယ် ရွံရှာမုန်းတီးခံရခြင်း
စသော လူတန်းစားအမျိုးမျိုးကို တွေ့ ရသည်။ ချစ်ခင်လေးစား ကြည်ညိုခံရခြင်း ဟုဆိုအပ်သော အကျိုး
တရား၏ အကြောင်းတရားကို စိစစ်လျှင် ကိုယ်ကျင့်တရားဖြစ်၏ ၊ ထို့ အတူပင် ရွံရှာမုန်းတီးခံရခြင်း ဟုဆို
အပ်သော အကျိုးတရား၏ အကြောင်းရင်းကို စိစစ်လျှင်လည်း ကိုယ်ကျင့်တရားပင်..။
              ချစ်ခင်ကြည်ညိုလေးစားခံရသူ၏ ကိုယ်ကျင့်တရားသည် ကံငါးပါးကို လုံခြုံစွာစောင့်ထိန်းခြင်း
ဖြစ်သည်။ ထိုကံငါးပါးကို စောင့်ထိန်းခြင်း၏ အကျိုးတရားတို့ ဟူသည်မှာ ..........
၁။     ။သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သူသည်.........
         အဆင်းလှခြင်း
         အနာရောဂါကင်းခြင်း
         အသက်ရှည်ခြင်း
၂။     ။ အရှင်မပေးသော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူသည်.........
         စည်းစိမ်ဥစ္စာပေါများခြင်း
         ခိုင်မြဲသော စည်းစိမ်ဥစ္စာရှိခြင်း
         အလိုရှိသော စည်းစိမ်ဥစ္စာကို လျင်မြန်စွာ ရရှိခြင်း
         မင်းစသော ရန်သူမျိုးငါးပါးမှ  ကင်းခြင်း
၃။     ။သူတစ်ပါး သားမယားကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်သူသည်.........
         ဘေးရန်ကင်းခြင်း
၎။     ။ လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်သူသည်..........
         ညီညာဖြူဖွေးသော သွားရှိခြင်း
         ခံတွင်းမှ ကြာပန်းရနံ့ သင်းပျံ့  မွှေးကြိုင်ခြင်း
၅။     ။ သေရည်အရက်သောက်ခြင်းမှ ရှောင်ကြဉ်သူသည်..........
         ဥာဏ်ကောင်းခြင်း ဥာဏ်ထက်မြက်ခြင်း  ဟုဆိုအပ်သော အကျိုးတရားတို့ ဖြစ်သည်။
                 ရွံရှာမုန်းတီးခံရသူ၏ ကိုယ်ကျင့်တရားသည် ကံငါးပါးကို ဖောက်ပြန်စွာ ကျင့်သုံးခြင်းဖြစ်သည်။
ထိုကံငါးပါးကို ဖောက်ပြန်စွာကျင့်သုံးခြင်း၏ အပြစ်တို့ ဟူသည်မှာ............
၁။     ။သူတစ်ပါးအသက်ကို သတ်သောသူသည်............
ပါဏာတိပါတ် ၊သူ့ သက်သတ်က ၊ချို့ လတ်အင်္ဂါ ၊မွဲပြာရုပ်သွင် ၊အားအင်ယိုယွင်း၊ လျင်ခြင်းလည်းဝေး ၊
ဘေးကိုကြောက်တတ် ၊ အသက်ခန္ဓာ ၊အနားများလျက် ၊ခြွေရံပျက်ရွေ့  ၊ အသက်တိုလှ ၊ပြစ်များလှ၏....ဟု
ဆိုသလို ...
         ခြေလက်အင်္ဂါ ချို့ ယွင်းခြင်း
         ရုပ်သွင်မွဲပြာခြင်း
         အားအင်ယိုယွင်းခြင်း
         လျင်မြန်ဖျက်လက်မှုကင်းခြင်း
         အနာရောဂါပေါများခြင်း
         အခြွေအရံပျက်ပြားခြင်း
အသက်တိုခြင်း
၂။     ။သူတစ်ပါးဥစ္စာကို ခိုးယူသောသူသည်..........
         စည်းစိမ်ဥစ္စာနည်းပါခြင်း
         စည်းစိမ်ဥစ္စာ မခိုင်မြဲခြင်း
         မင်းစသော ရန်သူမျိုးငါးပါး ဆက်ဆံခြင်း
၃။     ။သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားသောသူသည်........
         မိစ္ဆာစာရ ၊ကျူးလွန်ကမူ ၊မုန်းကြလူများ ၊ရန်သူပွား၏ ၊ ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်ရွေ့ ၊
မိန်းမပဏ္ဍုတ် ၊ မျိုးယုတ်ခါခါ ၊ မျက်နှာမလှ ၊ အရှက်ရလျက် ၊လက္ခဏာ အိနြေ္ဒ ၊ ယွင်းသွေချိုသိမ် ၊
စိုးရိမ်များစွာ ၊ ချစ်သူကွာ၏ ၊ သေခါနောက်ဘဝ ၊ငရဲကျ၏...ဟုဆိုသလို
         လူမုန်းများခြင်း
         ရန်သူပေါများခြင်း
         လာဘ်ရှားပါးခြင်း
         ချမ်းသာကင်းဆိတ်ခြင်း
         မိန်းမပဏ္ဍုတ် (ဝါ)အခြောက်ဖြစ်ရခြင်း
         အမျိုးယုတ်ခြင်း
         မျက်နှာမလှခြင်း
         အရှက်ရခြင်း
         ခြေလက်အင်္ဂါ ချို့ ယွင်းခြင်း
         စိုးရိမ်မှုများရခြင်း
         ချစ်သောသူနှင့် ကွဲကွာရခြင်း
         သေပြီးသည်မှ နောက်ဘဝတွင် အပါယ်ငရဲကျခြင်း
၎။     ။လိမ်ညာပြောဆိုသော သူသည်..........
         မညီညာသော သွားများရှိခြင်း
         ခံတွင်းမှ မကောင်းသောအနံ့ ရှိခြင်း
၅။     ။သေရည်အရက်သောက်သော သူသည်........
         ဥာဏ်ထိုင်းခြင်း ဟုဆိုအပ်သော အပြစ်များဖြစ်သည်။
လူ့ ပတ်ဝန်းကျင်တွင် ချစ်ခင်လေးစားကြည်ညိုခံရသူသည် ကံငါးပါးကို စောင့်ထိန်ခြင်းဟုဆိုအပ်သော
ကိုယ်ကျင့်တရားကောင်းကြောင့် ဖြစ်သလို လူအများ၏ ချစ်ခင်လေးစားကြည်ညို ခံရလိုလျှင် ကိုယ်ကျင့်
တရားကို ကောင်းဖို့ လိုပေလိမ့်မည်.။ မောင်သုညသည် နောက်ဆုံးတွင်  လူအများ၏ ချစ်ခင်လေးစားကြည်
ညိုခြင်းကို ခံရလေသည်။
ဘာကြောင့်နည်း...........
ကိုယ်ကျင့်တရားကောင်းခြင်းကြောင့်ဖြစ်သည်...။  ချစ်ခင်လေးစားကြည်ညိုခြင်းကို ခံရသော မောင်သုည
လို  ကိုယ်ကျင့်တရား ချမ်းသာကြသူများဖြစ်ကြပါစေဟု တိုက်တွန်းရင်း....................
                                                                                 သာကီမင်းသားလေး
                                                                                   ကျေးဇူးတင်ပါသည်
သူ......ဘယ်သူနည်း
                                           ဘီယာတစ်ကျိုက်
                                           ဆေးလိပ်တစ်ခြိုက်
                                           သောက်နေခိုက်ဝယ်
                                           သူစိုက်လာသည်
                                           ထိုသူကား.............။
                                           ပိတောက်ပင်ရိပ်
                                           နားခိုအိပ်စက်
                                           အိပ်မက်ထဲဝယ်
                                           သူရောက်လာသည်
                                           ထိုသူကား...............။
                                           ဘုရားကျောင်းသွား
                                           ကိုယ့်အနားဝယ်
                                           တစ်ဖဝါးမခွာ
                                           သူရောက်လာသည်
                                           ထိုသူကား.................။
                                           သင်္ချိုင်းသုသာန်
                                           လိုက်ပို့ ပြန်လည်း
                                           လျင်မြန်မကွာ
                                           သူလိုက်ပါသည်
                                           ထိုသူကား...................။
                                                               သာကီမင်းသားလေး
                                                                  23. 11 . 2012
Friday 16 November 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း=၃
                လူလေးတစ်ယောက်တည်း ထိုင်ပြီး ဘာတွေစဉ်းစားနေတာလဲ......။ ဘာစဉ်းစားနေရမှာလဲ
ဒီနေ့ (11.11.2012) မနက်က မြေငလျင်လှုပ်တာရယ်....အခုညနေခင်း မြေငလျင်လှုပ်တာရယ်ကိုပေါ့.......။
ဘာလို့ များ သက်မဲ့ ဖြစ်တဲ့  ဟော့ဒီ မဟာပထဝီမြေကြီးက လှုပ်ရတာလဲ.....။
သူတစ်ပါးတို့ ကို  ထိတ်လန့်  သံဝေဂ ရစေလိုသောကြောင့် ဖြစ်မယ်...။လူလေးတို့ နိုင်ငံက  လူကြီးတွေဟာ
                  ကျုပ်ကြားဖူးတာတော့  မြေကိုထန်းထားတဲ့  ငရဲသားတွေက  ဘယ်ဘက်ပခုံးညောင်းလို့ 
ညာဘက်ပခုံးကို ပြောင်းတယ် ၊ ညာဘက်ပခုံးညောင်းလို့  ဘယ်ဘက် ပခုံးသို့ ပြောင်းတယ်လို့  ရှေးလူကြီး
တွေ ပြောတာကို ကြားဖူးတာပဲ.....။ဘယ်ကလာ....ဟုတ်ရမှာလဲ...လူလေး...ရာ။ ပေါက်ပေါက် ချာချာ...။
ဒါဆို  မြေငလျင် လှုပ်ရခြင်း အကြောင်းကို ဖိုးသူတော်ကြီး သိတယ်ပေါ့..။သိပါပကော....လူလေး..ရာ...။
ဒါဆို ကျနော့်ကို ပြောပြပါလား.. ကျနော်လည်း ဗဟုသုတ ရတာပေါ့...။ ဟုတ်ပါပြီတဲ့...။
                 ဓာတ်ချောက်ချားအင် ၊ တန်ခိုးရှင်တို့ ၊ ဘိညာဉ်စွမ်းအား ၊ ဈန်ကစားနှင့် ၊မြတ်ဖျာစိန္တေ ၊
ပရမေတို့ ၊ သန္ဓေယူခါ ၊ ဖွားရာတလှစ် ၊ ဘုရားဖြစ်တည့် ၊  မိန့် လစ်ဓမ္မစက် ၊တချက်အာယု ၊စွန့် လွတ်မှုက ၊
အနုပါဒီ ၊ နိဗ္ဗာန်မှီသည် ၊ ရှစ်လီမြေကြီး လှုပ်ကြောင်းတည်း...။
၁/ ဓာတ်ချောက်ချားခြင်းကြောင့်၎င်း
၂/တန်ခိုးရှင်တို့  ဈန်ကစားခြင်းကြောင့်၎င်း
၃/ဘုရားလောင်းတော် ပဋိသန္ဓေ ယူတော်မူခြင်းကြောင့်၎င်း
၎/  ဘုရားလောင်းတော် ဖွားမြင်တော်မူခြင်းကြောင့်၎င်း
၅/ ဘုရားဖြစ်တော်မူခြင်းကြောင့်၎င်း
၆/ ဓမ္မစကြ်ာတရား ဟောတော်မူခြင်းကြောင့်၎င်း
၇/အာယုသင်္ခါရ လွတ်တော်မူခြင်းကြောင့်၎င်း
၈/ ပရိနိဗ္ဗန်ပြုတော်မူခြင်းကြောင့်၎င်း............တဲ့။ ကဲ...လူလေး သိပြီလား........။ အဲ့လောက် အကျဉ်းပြော
ရုံလေးနဲ့  ဘယ်လိုလုပ် နားလည်မှာလဲ ...။သေချာလေး ရှင်းပြပေးပါလား ဖိုးသူတော်ကြီး ..ရာ..။
ချစ်သားအာနန္ဒာ  မြေငလျင်ပြင်းစွာလှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ ကား ရှစ်ပါးတို့ ရှိကုန်၏ ။
ရှစ်ပါးတို့  ဟူသည်မှာ.......................
၁။     ။ ချစ်သား အာနန္ဒာ မဟာပထဝီမြေကြီးသည် ရေတွင် တည်၏ ၊ ရေသည် လေတွင် တည်၏ ၊
လေသည် ကောင်းကင်တွင် တည်၏ ၊ ချစ်သားအာနန္ဒာ လေပြင်းစွာ တိုက်ခတ်သောအခါ ထိုလေပြင်း
တို့ သည် ရေကို လှုပ်စေကုန်၏ ၊ လှုပ်သော ရေသည် မြေကို လှုပ်စေ၏  ၊
þကား  မြေငလျင် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်းအထောက်အပံ့တည်း............။
၂။     ။ချစ်သားအာနန္ဒာ တဖန် ထို့ ပြင်လည်း တန်ခိုးရှင်ဖြစ်သော အဘိညာဉ်စိတ်တွင် လေ့လာပြီးသော
 သမဏကဖြစ်စေ ဗြာဟ္မဏကဖြစ်စေ ကြီးသောတန်ခိုးအာနုဘော်ရှိသော နတ်ကဖြစ်စေ အားနည်းသော
မြေကသိုဏ်း ဈန်သညာနှင့် အားကြီးသော ရေကသိုဏ်း ဈန်သညာကို ပွာများပြီးလျင် မြေကြီးကို
လှုပ်စေတတ်၏ တုန်လှုပ်စေတတ်၏ ပြင်းစွာတုန်လှုပ်စေတတ်၏ သွက်သွက်ခါ တုန်လှုပ်စေတတ်၏
þကား မြေငလျင်ပြင်းစွာ လှုပ်ခြင်း၏  နှစ်ခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း....။
၃။     ။ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း ဘုရားလောင်းတော် တုသိတာနတ်ပြည်မှ စုတေပြီး
သတိရှိလျက် သမ္ပဇဉ်ရှိလျက် သတိသမ္ပဇဉ်လက်မလွတ်ပဲ အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ
မြေကြီးသည် လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏
þကား မြေငလျင် ပြင်းစွာ လှုပ်ခြင်း၏ သုံးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း...။
၎။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း ဘုရားအလောင်း သတိရှိလျက် သမ္ပဇဉ်ရှိလျက်
သတိသမ္ပဇဉ်လက်မလွတ်ပဲ အမိဝမ်းတိုက်မှ ဖွားမြင်တော်မူသောအခါ မြေကြီးသည် လှုပ်တတ်၏
တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏ ၊
þကား မြေငလျင်ပြင်းစွာ လှုပ်ခြင်း၏ လေးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း.....။
၅။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ္မာသမ္ဗောဓိ
ဥာဏ်ကို ရတော်မူသောအခါ ( ဘုရားဖြစ်တော်မူသည်ကို ဆိုလိုသည် ) မြေကြီးသည် လှုပ်တတ်၏
တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏၊
þကား မြေငလျင် ပြင်းစွာ လှုပ်ခြင်း၏  ငါးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း.....။
၆။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း  မြတ်စွာဘုရားသည် အမြတ်ဆုံးသော ဓမ္မစကြာတရား
ဟောကြားတော်မူသောအခါ မြေကြီးသည် လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏
သွက်သွက်ခါ တုန်လှုပ်တတ်၏ ၊
þကား  မြေငလျင် ပြင်းစွာ လှုပ်ခြင်း၏  ခြောက်ခုမြောက်သော အကြောင်းအထောက်အပံ့တည်း.....။
၇။     ။ ချစ်သား အာနန္ဒာ  တဖန် ထို့ ပြင်လည်း မြတ်စွာဘုရားရှင်သည် သတိရှိလျက် သမ္ပဇဉ်ရှိလျက်
အာယုသင်္ခါရကို စွန့် လွတ်တော်မူသောအခါ  မြေကြီးသည် လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်
လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏ ၊
þကား မြေငလျင် ပြင်းစွာလှုပ်ခြင်း၏ ခွန်နှစ်ခုမြောက်သော အကြောင်းအထောက်အပံ့တည်း.....။
၈။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း မြတ်စွားဘုရားရှင် ခန္ဓာနာမ်ရုပ် အကြွင်းမရှိသည့်
ငြိမ်းချမ်းခြင်းသဘော==အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ မြေကြီးသည်
လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါတုန်လှုပ်တတ်၏ ၊
þကား မြေငလျင် ပြင်းစွာလှုပ်ခြင်း၏ ရှစ်ခုမြောက်သော အကြောင်းအထောက်အပံ့တည်း.....။
             ချစ်သား အာနန္ဒာ မြေငလျင် ပြင်းစွာလှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ ကား
þရှစ်ပါးတို့ ပေးတည်း ဟု မိန့် တော်မူလေ၏.......။
ကဲ .....လူလေး....ရှင်းပါပြီနော်.......။
ဒီနေ့ တော့.......ဒီလောက်နဲ့ ....တော်ကြဦးစို့ .....လူလေး..ရယ်.....။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ရှိခိုးဦးခိုက်လျက်.........
                                                                              သာကီမင်းသားလေး
Saturday 10 November 2012
သားသ္မီးမဲ့ မိဘများ
              အခုတလော တော်တော်များများတွေ့နေမြင်နေရတဲ့, ကြားနေရတဲ့ အကြောင်းတွေက မိဘမဲ့ ကလေးတွေရှိသလို သားသမီးမဲ့ မိဘတွေလည်းတွေ့နေ ကြားနေရတယ်၊ သီတင်းကျွတ်လပြည့်နေ့နဲ့လည်းတိုက်ဆိုင်နေတော့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။ မိဘမဲ့သားသမီးဆိုတာကတော့ မိဘကွယ်လွန်သွားလို့ မိဘမဲ့ဖြစ်ရသလို သားသမီးမဲ့မိဘဆိုတာကတော့ သားသမီးတွေက သေသွားလို့မဟုတ်ပါဘူး၊ သားသမီးတွေက မိဘတွေကို စွန့်သွားလို့ သားသမီးမဲ့ ဖြစ်ရ
တာပါ၊ တစ်ချို့လည်းမိဘတွေကို ပြုစုရကောင်းမှန်းမသိကြသလို မပြုစုချင်ကြတာ တွေနဲ့ မေ့နေကြတာတွေရှိကြတယ်၊
သားသမီးတွေရှိပါလျက်နဲ့ သားသမီးမဲ့ဖြစ်ရတဲ့ မိဘတွေ တစ်ကမ္ဘာလုံးနဲ့ကြည့်မယ်ဆို ဘယ်လောက်တောင်များလိမ့်မလဲ မှန်းဆကြည့်နိုင်ပါတယ်။
ဒီတော့ကား အကြောင်းကိုစိစစ်ဖို့လိုလာသည်၊ ဘာကြောင့် မိဘတွေ သားသမီးမဲ့ဖြစ်ရတာလဲ၊ ၊ သားသမီးတွေ
ကရော ဘာကြောင့် မိဘတွေကို ပစ်သွားရကြတာလဲ၊ အကြောင်းနှစ်ချက်ကိုအဖြေရှာကြည့်ဖို့လိုသည်။
ပထမအနေနဲ့ ဘာကြောင့် မိဘတွေဟာ သားသမီးမဲ့ဖြစ်ရတာလဲ?
မိဘတွေမှာ ကျင့်ဝတ်ငါးပါးရှိတယ်…..
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြာခြင်းလျင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ၊ တဲ့၊
နံပါတ်-၁ မကောင်းမြစ်တာ တဲ့ မိဘတွေဟာ သားသမီးတွေကို ငယ်ငယ်ကတည်းက သူတစ်ပါးအသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးခြင်း၊ သူတစ်ပါးသားမယားကို ကျူးလွန်စော်ကားခြင်းတွေဟာ မကောင်းတဲ့အလုပ်တွေပဲ ဒါတွေကို မလုပ်ရဘူး၊ လုပ်ရင်ဘာဖြစ်တတ်တယ်စသည်ဖြင့် မကောင်းမှုမှ တားမြစ်ရမယ်၊ ဆုံးမရမည်ဖြစ်သည်၊ ဒီအကြောင်းအရာတွေကို မိဘတွေကိုယ်တိုင်က လိုက်နာဖို့လိုသည်၊ ကိုယ်တိုင်က စံပြဖြစ်ပါမှ ဆုံးမလို့အဆင်ပြေသည်။ ဆုံးမရဲသည်၊ ဆုံးမရာမှာ အားရှိသည်၊ ကိုယ်ဘက်ချွတ်ယွင်း
နေရင် ဆုံးမရတာ မှာ အားမရှိ ဆုံးမ မရဲဖြစ်ရသည်၊ ဒါကြောင့်ကိုယ်ကိုယ်တိုင်ပြည့်စုံနေရင်တော့ အကောင်းဆုံ့း
ဖြစ်သည်။ ဆုံးမရာ၌လည်း မကောင်းတာမှန်သမျှတားမြစ်ဆုံးမရမည် သားသမီးကိုချစ်လို့ စိတ်ဆင်းရဲသွားမှာ
စိုးလို့ မဆုံးမ မတားမြစ်ပဲထားရင် မိမိခေါင်းပေါ်ကျော်ခွသွားမည်ပင်ဖြစ်သည်၊ အဲဒီအခါကျမှ ဒီကောင် ဒီကောင်မ ရိုင်းလိုက်တာဟု ပြောလို့မဖြစ်၊ ငယ်ငယ်ကတည်းက မိမိ သေချာ မဆုံးမခဲ့လို့ဖြစ်တာပဲ ဟု ဖြေသိမ့်ရုံ
သာရှိသည်။ နောက်ပြီး ဒီသားသမီးက လိမ္မာလို့၊ မလိမ္မာလို့၊ စကားနားထောင်လို့ ၊ နားမထောင်လို့ဆိုပြီး ခွဲခြားဆုံးမစရာမလို၊ ဆုံးမသင့်တာကို တန်းတူထား၍ဆုံးမရမည်၊ သို့မဟုတ်လျင် သူ့ကျတော့ ပြောတယ်၊ သူ့ကျတော့မပြောဘူး ဖြစ်လာနိုင်သည်။
နံပါတ် - ၂ . ကောင်းရာညွှန်လတ် တဲ့၊ သားသမီးတွေကို ငယ်ငယ်ကတည်းက ဘာသာရေးမှာရော လူမှု
ရေးတွေမှာပါ ကောင်းတဲ့စရိုက်တွေ ရရှိဖို့ ဆုံးမသွန်သင်ပေးရမည်၊ အထူးသဖြင့်ဘာသာရေးဖက်မှာ ဗုဒ္ဓ
အဆုံးအမတွေနဲ့ တစ်နေ့ တစ်ကြောင်းဖြစ်ဖြစ် တစ်လုံးဖြစ်ဖြစ် ရင်းနှင်းကျွမ်းဝင်မှုရှိအောင်လုပ်ပေးဖို့လိုသည်၊
ငယ်ရွယ်စဉ်မှာ ဒါနသီလဘာဝနာတွေပြောပြဖို့မလို၊ ကြီးလာလျင် အဆုံးအမတွေက သူ့အလိုလိုသင်ပေးသွားမည်သာဖြစ်သည်။အခုဆို နေရာတိုင်းမှာလိုလို ကလေးယဉ်ကျေးလိမ္မာသင်တန်းတွေ
ဖွင့် ပေးနေကြသည်။ ဒီလိုသင်တန်းမျိုးတွေကို သားသမီးတွေကိုတက်ရောက်ခိုင်းဖို့ တက်ရောက်ချင်စိတ်ဖြစ်အောင်တိုက်တွန်းပေးရမည်ဖြစ်သည်။
နံပါတ် - ၃ ..... အတတ်သင်စေ တဲ့..
ဒါက အရေးကြီးသည် ဘာပညာမှမရှိတဲ့ကလေး ဘာအသိပညာ ဘာဆင်ခြင်ဥာဏ်မှရှိမည်မဟုတ်၊ ဒါကြောင့်
မကောင်းမှုတစ်ခုကို ကျုးလွန်ဖို့ သူ့အတွက်ဘာမှဝန်မလေး လွယ်လွယ်ကူကူနဲ့လုပ်သွားမည်သာဖြစ်သည်။
ပညာသင်ကြားရာ၌ စာဖတ်တတ်ရုံနဲ့မပြီးသေး၊ အတတ်ပညာကနေ အသိပညာရအောင်အသိပညာကနေ သင်ခန်းစာတွေအထိပါယူတတ်အောင်သင်ယူတတ်ဖို့လိုသည်၊ ဆရာတွေနဲ့တင်သင်နေလို့မဖြစ်သေး မိဘကလည်း အိမ်ရောက်လာရင် ထိန်းသိမ်းကြပ်မတ် ပေးသင့်ကပေးရမည်သာဖြစ်သည်၊ ပညာမတတ်သောသူကိုဘယ်အလုပ်ဌာနကမှ အလုပ်လုပ်ခွင့်ပေးမည်မဟုတ်၊ လုပ်ခွင့်ရလည်း သူများအောက်ကအလုပ်ကိုသာ လုပ်ရမည်ဖြစ်သည်၊ ပညာရေးဟာ လူမှုရေး စီးပွားရေး ဘာသာရေးနယ်ပယ်အားလုံးမှာ လိုအပ်သည်သာ၊ ဒါကြောင့်သားသမီးတွေကို ငယ်ငယ်လေးကတည်းက အသိပညာတွေရအောင်သင်ပေးရမည်ဖြစ်သည်။
နံပါတ် ၄.. ပေးဝေရင်းနှီး တဲ့….
မိမိတို့ဆုံးမထားသည့်အဆုံအမအားလျော်စွာ သင်ပေးထားသည့်ပညာအားလျော်စွာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ အံဝင်ခွင်ကျဖြစ် မဖြစ်၊ နေတတ်ထိုင်တတ် လုပ်တတ် ကိုင်တတ်မှု ရှိ မရှိကို လက်တွေ့ကျကျ လုပ်ကိုင်နိုင်ဖို့အတွက်အခွင့်အရေးတွေပေးရမည်၊ စီးပွားရေးလုပ်ချင်လျင် စီးပွားရေးလုပ်ဖို့ အားပေးရမည်၊အရင်းအနှီး ထုတ်ပေးရမည်၊ လူမှုရေးဆိုလည်း လူမှုရေး၊ ဘာသာရေးဆိုလည်းဘာသာရေး လက်တွေ့ကျကျလုပ်တတ်ကိုင်တတ်ဖို့ ရှုံးသည်မြတ်သည်ကိုအဓိကမထားပဲ လူ့လောကထဲမှာ ကျင်လည်လာအောင် သင့်တင့်သော အရင်းအနှီးပေးဆပ်ရမည်သာဖြစ်သည်။
နံပါတ် - ၅ ……………. ထိမ်းမြှားခြင်း တဲ့
မိဘတို့၏ နောက်ဆုံးဝတ္တရားဖြစ်သော ထိမ်းမြှားခြင်းဆိုတာ အထက်ပါ စီးပွားရေး လူမှုရေး ဘာသာရေး စတဲ့ပန်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ကျွမ်းကျင်မှုရှိလာတဲ့ သားသမီးတွေကို ထိမ်းမြှားလက်ထပ်ပေးရမည်။
မိဘတွေဘက်က ဒီကျင့်ဝတ်ငါးပါး သားသမီးတွေအပေါ်မှာ ပြည့်စုံရမည်၊ ဒီကျင့်ဝတ်ငါးပါးနှင့်သာ ပြည့်စုံလျင် ဘယ်သားသမီးမှ မိဘကို ပစ်မသွားနိုင်ပါ၊ အိမ်ထောင်မပြုသေးသော သားသမီးတွေအတွက် ကျန်ကျင့်ဝတ်လေးပါးနှင့်လည်း ပြည့်စုံသည်ဟုဆိုရမည်သာ၊
ငယ်ငယ်ကတည်း က လက်ထပ်သည့်တိုင်အောင် မကောင်းတာတွေကိုတားမြစ်လို့ ကောင်းတာတွေကိုညွန်ကြားပေးလို့ အသိပညာ အတတ်ပညာတွေကို သင်ပေးလို့ သင်ပေးထားသည့်
ပညာအားလျော်စွာ နယ်ပယ်အသီးသီးမှာ လက်တွေ့ကျကျလုပ်စေခြင်းတွေက သားကောင်းသမီးမွန်တွေဖြစ်လာစေမှာ အမှန်ပါပဲ၊
မိဘတွေဘက် ဒီလိုအချက်တွေနဲ့ ပြည့်စုံနေရပါမည်၊ ဒီအချက်တွေနဲ့ မပြည့်စုံဘူး၊ အကုန်လုံးမဟုတ်တောင်မှ
တစ်ချက် နှစ်ချက်လောက်နဲ့မှမပြည့်စုံဘူးဆိုရင် ဒီသားသမီးတွေဟာ ဆိုးရုံပဲရှိတော့တာပါ၊ မိဘကျေးဇူးဆိုတာဘာမှနားလည်မှာမဟုတ်သလို လုပ်ကျွေးဖို့လည်း စိတ်ကူးတောင်ရှိမှာမဟုတ်ပါဘူး၊ ဒီအတိုင်းဆိုရင်တော့ ဒီမိဘတွေဟာ သားသမီးတွေရဲ့ စွန့်ပစ်ခြင်းကိုခံရပါလိမ့်မယ်၊ သားသမီးက ရှေးအတိက်ပါရမီကြောင့်သော်လည်း ပတ်ဝန်ကျင်းအသိုင်းအ၀ိုင်းက အတုယူတတ်လို့ လိမ္မာရေးခြားရှိတဲ့သား
သမီးနဲ့တွေရင်တော့ ဒီမိဘ ကံကောင်းတယ်လို့ ဆိုရမည်ပင် ဒါကလည်း ရှားပါးပါလိမ့်မည်။
နောက် တစ်ချက်က ဘာကြောင့်သားသမီးတွေက မိဘတွေကို စွန့်သွားရတာလဲ? ဒီအကြောင်းကတော့အထူးရှင်းပြစရာမလိုတော့ပါ။ အထက်ပါအဆုံးအမတွေကို မနာခံရတဲ့ သားသမီးတွေဟာ မကောင်းမှု ကောင်းမှုဆိုတာလည်မသိ ဘာအတတ်ပညာ ဘာစဉ်းစားဥာဏ်မှလည်းမရှိတော့ မိဘကျေးဇူးဆိုတာလည်း မသိတော့ဘူး၊ ကြားတောင်ကြာဘူးမှာမဟုတ်ပါ၊ ဒီတော့ လုပ်ကျွေးဖို့ဆိုတာ ဝေးပြီပေါ့။
ကံကောင်းထောက်မစွာ မိတ်ဆွေကောင်း ဆရာကောင်းတွေနဲ့တွေ့မှာသာ မိဘကျေးဇူးနာလည်လာဖို့ရှိတယ်။
အားလုံခြုံကြည်မယ်ဆိုရင် သားသမီးမကောင်း မိဘခေါင်း ဆိုတဲ့အတိုင်းပဲ မိဘတွေရဲ့ အပြစ်လို့ပဲပြောဖို့ရှိပါတယ်။
နောက် တစ်ခုပြောချင်တာကတော့ သားသားမီးမီးတို့ သိထားဖို့ပါ၊ ဦးဇင်းတို့ဘုရားရှင်ရဲ့ မယ်တော် မာယာဟာလေ ဒို့ဘုရားကိုမွေးဖွားပြီး ( ၇ ) ရက်ရှိတာနဲ သေသွားတာပါ၊ သူ့သားလေးကို ဆုံးမဖို့နေနေသာ ပြုစုလုပ်ကျွေးခွင့်လေးတောင်မရလိုက်ပါဘူး၊ အထက်ကပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဦးဇင်းတို့ ဘုရားအလောင်းပေါ်မှာ မယ်တော်မာယာဟာ နဲနဲလေးမှ မိဘ၀တ္တရားမကျေပွန်ခဲ့ဘူးလို့ဆိုရမှာပါ၊ သားသမီးတစ်ယောက်အနေနဲ့ ဒီလိုအမေမျိုးကို ဘယ်လိုကျေုးဇူးမှမရှိ
ဘူးလို့တောင် တွေးကောင်းတွေးမိမှာပါ။ ဒါပေမယ့် ဦးဇင်းတို့ဘုရားရှင်က ဒီလိုမတွေးပါဘူး မိဘကျေးဇူး ကြီးမားပုံတွေကို သူ့ရဲ့ တပည့်သာဝက တပည့်ဒကာ ဒကာမတွေကို ဟောကြာတော်မူခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း တာဝတိံသာနတ်ပြည်သို့တက်ကာ မိဘကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မာတရားတော်ကြီးကို
ဝါတွင်းသုံးလပတ်လုံး မရပ်မနားဟောကြားတော်မူခဲ့ပါတယ်၊ တရားဟောပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားဟာ တရားထူးရသွားခဲ့ပါတယ်၊ ဒါကြောင့် ဒို့ဘုရားရှင်ဟာ မိဘကျေးဇူးကို အကြေဆပ်နိုင်ခဲ့ပါတယ်၊ နို့တစ်လုံးဖိုးသာ ကြေတယ်ဆိုတဲ့ မမှန်ကန်တဲ့ အယူတွေကိုစွန့်လွတ်ပစ်လိုက်ပါ။
ဒီနေရာမှာ မိဘကျေးဇူးဆိုတာ ဘာလဲလို့ လူပြိန်တွေး တွေးမယ်ဆိုလာရင်တော့ ၀မ်းကြာတိုက်ကနေပြီး လူ့လောက ထဲရောက်လာအောင် မွေးထုတ်ပေးခဲ့တာကိုက မိဘတွေရဲ့ ဆပ်မကုန်နိုင်တဲ့ကျေးဇူးတွေပါပဲ
မမွေးဖွားခင် စားချင်ရက်နဲ့ ၀မ်းထဲက သားလေး တစ်ခုခုဖြစ်သွားမှာစိုးလို့ မစားခဲ့ရတဲ့ ရှောင်ခဲ့ရတဲ့အစားအစာတွေ၊
ထိမ်းသိမ်းစောင့်ရှောက်ရတာတွေက မနည်းပါဘူး၊ ဒါကိုမိဘဖြစ်ဘူးတဲ့သူတိုင်းသိနိုင်ပါတယ်၊ ဒါဟာ အမေတစ်ယောက်ရဲ့ သားသမီးတွေအပေါ်မှာထားတဲ့မေတ္တာတွေပါပဲ၊
ဒါကြောင့် သားသမီးတွေအနေနဲ့ မိဘတွေဟာ မမွေးခင်ကလည်း ရှောင်ရဆောင်ရတဲ့ ဒုက္ခတွေ၊ မွေးဖွားချိန်ကျပြန်တော့ လည်း သေမင်းနဲ့ နင်လားငါးလား အလုအယက် မွေးဖွားခဲ့ရတဲ့ဒုက္ခတွေ ဒီလိုအသက်နဲ့
လုပြီး မိမိကို လူ့လောကထဲရောက်အောင် ရောက်လာပြန်တော့ လူလားမြောက်အောင် ပိုးမွေးသလိုမွေးပြီး ပြုစုလုပ်ကျွေးခဲ့တာတွေနဲ့တင် မိဘကျေးဇူးတွေက များနေပါပြီ၊ အဲဒီလို ရှေးရှေးဘုရားလောင်းသူတော်ကောင်းကြီးတွေရဲ့ နှလုံးကိုမူကာ မိဘကျေးဇူးကိုနာလည်သိမြင်ပြီး၊ နာလည်သိမြင်သည့်အလျောက် မိဘကျေးဇူးကို ဆပ်နိုင်အောင်ကြိုးစားနိုင်သော သားလိမ္မာသမီးလိမ္မာလေးတွေဖြစ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ဘုရားရှင်ရဲ့ မိဘကျေးဇူးဆပ်တရားဟောပြီးလုပြည့်ပြန်ဆင်းလာသည့်နေ့ ကိုအကြောင်းပြုကာ ဒို့ပို့စ်လေးကိုရေးလိုက်ရပေသည်.။
                                                                                           သာကီမင်းသားလေး
                                                                                     ၂၇.၁၀ ၂၀၁၂ စနေနေ့
Tuesday 16 October 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း -၂
           လူမောင်တစ်ယောက် ဆရာတော်၏ ဝေယျာဝစ္စကို ပြုလုပ်ပေးပြီး ဖိုးသူတော်ကြီ ရှိရာသို့ ထွက်လာခဲ့သည် ။ ဘုရာကျောင်းနား အရောက် အသံကြားလို့ နားစွင့်နေမိ၏ ။ ထိုအသံပိုင်ရှင်ကား ဖိုးသူတော်ကြီး၏ မေတ္တာပို့  အမျှဝေနေသော အသံဖြစ်သည်။
ဖိုးသူတော်ကြီး စောစောက မေတ္တာပို့  အမျှဝေနေတဲ့ အထဲမှာ ယမမင်းပါတယ် မဟုတ်လား ။ယမမင်းကို
ဘာပြုလို့ အမျှဝေရတာလဲ....ရှင်းပြပါဦး.....။
ဒီလိုကွယ့်.....လူလေးရ.......
          ယမမင်းဆိုတာ  စတုမဟာရဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းကိုပင်
ယမမင်းလို့ တယ်။ တစ်ခါတစ်ရံ နတ်စည်းစိမ်ခံစားပြီး တစ်ခါတစ်လေမှာမူ မကောင်းမှုကံအကျိုးကို
၇ိုးရိုးပြိတ္တာများကဲ့သို့  ခံစားရရှာသေးတယ်။ ထိုယမမင်းကား.....တစ်ယောက်သာမက အများအပြားပင်
ရှိလေသည်။ လူ့ဘုံမှာ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း  ငရဲဘုံမှာ တစ်ခါးလေးဘက်တွင်
ရုံးစိုက်ကြပြီးလျှင် ငရဲသို့ ရောက်လာသူများကို စစ်ဆေးမေးမြန်းကြ၏။    သို့ သော် ငရဲသို့  ရောက်လာသူတိုင်း  စစ်ဆေးခံရသည် မဟုတ် ၊ အကုသိုလ်ကြီးပြီး ပြစ်မှုထင်ရှားသူတို့ မှာ
တစ်ခါတည်း ငရဲကျကုန်၏ ။ အကုသိုလ်နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့်
ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပေသည်။ ထို့  ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလိုသည်
မဟုတ်၊ လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့်
အလားတူပင်တည်း။
              ငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး အပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။
ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံ
ပို့ခြင်း ငရဲသို့  ရောက်ပြီးသူများကို လက်မရွံ့အာဏာသားတို့ကဲ့သို့  ရက်စက်ကြမ်းကြုတ်စွာ သတ်ရိုက်
ပုတ်နက်ခြင်းပင်တည်း။  ငရဲမီးစသော အန္တရာယ်တို့ လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ
ဥတုဇရုပ်များ ဖြစ်ရကား ငရဲံခံရမည့်သူများသာ  ပူလောင်ပြီး  ငရဲထိန်းတို့  သည် မပူလောင်ပါ။
             လူလေး.........
ကြားဖူးနားဝရှိအောင် ဘုရားဟောပါဠိတော်လာ ယမမင်း၏ စစ်တမ်းကို အကျဉ်းချုပ်ပြောပြဦးမယ်။
လူ့ ပြည်မှာ ရှိနေသော ကလေး ၊ သူအို ၊သူနာ ၊ သူသေ၊ အကျဉ်းသမား  အဲ့ဒီငါးဦးကို ယမမင်း
စေလွတ်အပ်သော တမာန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတဟု ခေါ်ရသည်။
စစ်ဆေးလေ့ရှိသည်။
စစ်ဆေးပုံက .....ဒီလိုကွယ့်...လူလေး.........
ယမမင်း။         ။ မောင်မင်း လူ့  ပြည်မှာတုန်းက မိမိကျင်ကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ
ငရဲသား။         ။  တွေ့ ခဲ့ဖူးပါသည် ဘုရား။
ယမမင်း။         ။မိမိကိုယ်ကို နားလည်သောအရွယ်သို့ ရောက်သောအခါ  ထိုကလေးများကို ကြည့်ရှုပြီး
ငါသည် ဘာ မှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ ရာ  နောင်အခါ ပဋိသန္ဓေနေရပေဦးမည်။
ပဋိသန္ဓေ နေရခြင်း သဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနယ် ကိုယ် နုတ် စိတ်များကို
စောင့်စည်းလျှက် ကောင်းကောင်းကြီးနေမှတော်တော့မည်ဟု အကြံအစည်များ မဖြစ်ခဲ့ဖူးလား မောင်မင်း
ဟု အလွန်ကြင်နာစွာ မေးသည်။
ငရဲသား။         ။ ကျနော် မေ့လျှော့သည့် အတွက်  ကုသိုလ်ကောင်းမှုတွင် စိတ်မဝင်စားနိုင်ခဲ့ပါ။
ယမမင်း ။        ။ မောင်မင်း.....မကောင်းမှုကို ဆွေမျိုးဥာတကာ ဆရာမိဘ စသူတို့ က ပြုပေးကြသည်
မဟုတ် ၊ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်ပြီး မိမိပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျှော့သူတို့ ထုံးစံအတိုင်း
မောင်မင်း ခံရပေတော့မည်။
               သည်နည်းအတိုင်း သူအိုကို ညွန်ပြပြီး ဒုတိယတစ်ကြီမ်မေး၏ ၊ သူနာကို   ညွန်ပြပြီး
တတိယတစ်ကြိမ်မေး၏၊ သူသေကို ညွန်ပြပြီး စတုတ္ထ တစ်ကြိမ်မေး၏၊ အကျဉ်းသမားကို ညွန်ပြပြီး
ပဉ္စမအကြိမ်မေး၏။ ငါးကြိမ်တိုင်အောင် မေးပြီးလို့  မှ  ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင်
ယမမင်းကိုယ်တိုင် .....ထိုသူ  ကုသိုလ်ပြုစဉ်က မိမိအား  အမျှဝေခဲ့ဖူးသလားဟု  စဉ်းစား၏၊
စဉ်းစားလို့ ရလျှင်  ထိုကုသိုလ်ကို ဖော်ပြော၏ ။ယမမင်းက ဖော်ပြောခြင်းကြောင့် ဖြစ်စေ မိမိဘာသာ
သတိရခြင်းကြောင့်ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တပြိုင်နက် ငရဲမှ လွတ်မြောက်ပြီး နတ်ပြည်ရောက်
သူလည်း အမျာပင်ရှိ၏။  ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။
ယမမင်းကိုယ်တိုင်  စဉ်းစားပြီး  မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲသတ္တဝါတို့ ကို
ငရဲထိန်းတို့ ယူဆောင်လျှက် အမျိုးမျူိး နှိပ်စက်ကြလေတော့သည်။
ဒါကြောင့်.........ယမမင်းကို အမျှဝေရတာပေါ့........လူလေးရယ်..........
ဒီနေ့  တော့ ... ဒီလောက်နဲ့ တော်ကြဦးစို့ ...........လူလေး..........။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ဦးခိုက်ရှိခိုးလျှက်..........
                                                                              သာကီမင်းသားလေး
Saturday 13 October 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း -၁
             ဖိုးသူတော်ကြီး ဦးဖိုးထိုက်သည် ရွာဦးကျောင်း ဆရာတော် ဦးဇောတိက၏ လက်ရင်းစွဲ တပည့်ကြီး ဖြစ်သည်။ ဖိုးသူတော်ကြီး ဦးဖိုးထိုက် အပြင် တခြားညအိပ်ညနေ ကျောင်းသားဆိုလို့
ကျောင်းသားလေး မောင်လူအောင် တစ်ယောက်သာရှိသည်။ ဖိုးသူတော်ကြီးသည် ကျောင်းသားလေး
မောင်လူအောင်ကို လူလေးဟု ခေါ်ဆိုလေ့ရှိ၏။ ထို့အတူ  မောင်လူအောင်ကလည်း ဖိုးသူတော်ကြီး
ဦးဖိုးထိုက်ကို ကိုယ့်ထက်အသက်ကြီးလင့်ကစား ရင်းနှီးစွာပင် ဖိုးသူတော်ကြီးဟု ခေါ်လေ့ရှိ၏။
           ဖိုးသူတော်ကြီးသည် ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို နာမည်နှင့်လူသည် တကယ်ပင်
လိုက်ဖက်၏။ ဘာသာရေးကို လေ့လာလိုက်စားသူဖြစ်ပြီး လူမျိုးရေးကို ပိုပြီးလေ့လာ၏။
နိုင်ငံရေးကိုတော့ဖြင့် ဘာမှမသိရှာ။ ဖိုးသူတော်ကြီးသည် ဘာသာရေးကို လေ့လာလိုက်စားသူအလျှောက်
နံနက်အိပ်ယာထလျှင် ဦးစွာပထမ ဘုရားဝတ်ပြုသည်။...ပြီး...ပရိတ် ပဋ္ဌာန်း စသည်တို့ ကို အချိန်ရရင်
ရသလို ရွတ်ဖတ်လေ့ရှိ၏။
          မောင်လူအောင်လည်း ...သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေးစကား၊နေ့တိုင်းကြားက ၊ထူးခြားလိမ္မာ၊ ရှိသည်သာတည်း...ဆိုသလို အားရင် စာထိုင်ဖတ်လေ့ရှိ၏ ။ မသိတာရှိရင် ဖိုးသူတော်ကြီးကို
မေးပြီး တစ်ခါတစ်လေ ကြပြန်တော့လည်း စမ်းချင်သလိုလိုနဲ့ မေးတတ်သည်။...ဖိုးသူတော်ကြီး....
ဖိုးသူတော်ကြီး...ဟ...လူလေး...မင်းဟာက ..အလန့်တကြားနဲ့...ဘာလဲ...။ ကျုပ်စာဖတ်နေတာ
မရှင်းတာလေးရှိလို့ လာမေးတာပါ။ ...ကဲ...လာကွာ...ဖိုးသူတော်ကြီးကို ဘာမေးမှာလဲ...။
ဖိုးသူတော်ကြီးသည် ထိုကဲ့သို့ အာဘော်အာရင်း သန်သန် ပြောလေ့ရှိ၏ ။
          လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...
ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...
တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း....တဲ့။ အဲ့ဒါ...ရှင်းပြပါဦး...။...ဒီလိုကွ...။
လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...ဆိုတာက  ငါတို့  ဘိုးဘွားပိုင်ဖြစ်တဲ့ ဟော့ဒီ
အမိမြန်မာပြည်ထဲကနေ လူမျိုးခြား ဘာသာခြားတွေကို တစ်စိတ်တစ်ဒေသ ရောင်းလိုက်မယ်ဆိုပါစို့။
...ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း...။
ဟုတ်တယ်နော်....ဟုတ်ပါတယ်...။...အေး...ကိုယ်ပိုင်တဲ့  ဟောဒီ အမိမြန်မာ့မြေ တစ်စိတ်တစ်ဒေသကို
ရောင်းလိုက်လို့  သူကပိုင်သွားတယ်။ ကိုယ်ကရောင်းလို့  သူပိုင်တဲ့အတွက်ကြောင့် ကိုယ်က ဖယ်ပေးရ
တာကို ဆိုလိုတယ် ။
                                တောက်...ဘယ်လောက်  ရင်နာစရာကောင်းလဲ ဖိုးသူတော်ကြီးရာ...။
အံမယ်...မင်းက တောက်တွေ  ဘာတွေခေါက်လို့ ပါလား...။ ဟာဗျာ...ဒါဆို  ဖိုးသူတော်ကြီးက
ရောင်းမယ်ပေါ့...။ငါက...ဘာဖြစ်လို့  ရောင်းရမှာလဲ...။ သိဘူးလေ ။ ဒါဆို...သူတို့က
ဘာဖြစ်လို့ ရောင်းတာလဲ...ဘယ်သူတွေလဲ...သူတို့လေ...။ ဒါတော့...ငါ...ဘယ်သိပါ့မလဲ..
သိချင်ရင်...သူတို့တွေကို မေးကြည့်ပေါ့..။ မင်းတို့ စကား..မိုးကြိုးသွားသို့...ထားလိုက်ပါတော့ကွာ
ရှေ့ကိုဆက်ကြစို့။
                ...ထိုမျိုးခြားနဲ့...စကားရောယှက်...တစ်နံနက်မျှ...ပြောမိကြသော်...
ဝါဒရေားရာ...ရိုက်သင်းလာကြောင့်...လင်းရာအကြား...အမှောင်လား...
ယောင်ဝါးစေပါကြောင့်...တဲ့။ မှတ်ထားနော်...လူလေး ။
ထိုဘာသာခြားတွေနဲ့ ဖြစ်နိုင်ရင် စကားကို မပြောနဲ့။ အိုကွာ...ပြောကိုမှ...မပြောနဲ့။ အေး...အဲ့ဒီလို
ပြောရင် ဘာသာခြားတွေက ဝါဒရေးရာကို (တစ်နည်း)  သူတို့ဘာသာထဲကို နည်းအမျိုးမျိုးနဲ့
သိမ်းသွင်းကြတယ် ။ဘာသာခြားတွေနဲ့ စကားပြောရင်း..ပြောရင်နဲ့...ပြောတဲ့သူတွေရဲ့စိတ်ထဲမှာ
ဘယ်လိုဖြစ်လာလဲ ဆိုရင် ...လင်းရာအကြား...အမှောင်လား...တဲ့ ။
   ဥပမာကွာ...လူလေးလည်း မီးရောင်အောက်မှာ နေဖူးတာပဲ မဟုတ်လား။ ဟုတ်...နေဖူးတယ်လေ ။
ခဏတစ်ဖြုတ် မီးပျက်သွားရင် မှောင်သွားတယ် မဟုတ်လား..။...ဒါတော့...ဖိုးသူတော်ကြီး..ပြောမှလား..
ကျုပ်လည်းသိတာပေါ့...။...ဟုတ်ပါပြီ...မှောင်တော့  လူလေး ဘာမြင်ရသေးလဲ..။...ဟော့ဗျာ...
ဘယ်မြင်ရပါ့မလဲဗျ...။ အေးကွ...မှတ်ထား...အဲဒီ...ဘာသာခြားတွေနဲ့ ပြောရင် လင်းရာအကြား...
အမှောင်လား..ဆိုသလို  ကိုယ့်ဘာသာကိုတောင်  သိပ်ပြီး ဟုတ်တယ်မထင်ကြဘုး ။ ဒီတော့...
အဲ့ဒီလို မဖြစ်ရအောင်  လူလေးတို့ လို  မျိုးဆက်သစ်ကလေးတွေမှာ သတိရှိကြဖို့   အရေးကြီးတယ်။
ကဲ...ရှေ့ကိုဆက်ကြဦးစို့..။
          အကူတောင်းက...နောက်ကြောင်းတစ်နည်း...သူဖန်တည်းကြောင့်...
သမီးအပ်ရ...သားအပ်ရ...မှားတတ်လှပါကြောင့်...တဲ့ ။လူလေး ရေ...သေချားလေး မှတ်ထားပါနော်။
ဒါပိုပြီး အရေးကြီတယ် ။ကိုယ့်မှာ ဘယ်လိုပဲ အခက်ခဲ ဒုက္ခတွေ ကြုံနေပါစေ  ဘာသာခြားတွေဆီမှာ
အကူအညီ မတောင်းလိုက်ပါနဲ့။ တောင်းလို့ ရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာသလဲ...
ဒါမေးစရာ အကြောင်းရှိတယ် ။ အစပထမတော့ ဘာသာခြားတွေက အကူညီပေးသလိုလိုနဲ့ နောက်တော့
မဟုတ်ဘူးဗျာ ။ ကိုယ့်ဘာသာရဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီလေးတွေကို လိုချင်လို့ 
အကူညီပေးတာ ။  အကူညီမပေး ပေးရအောင်  မလိုချင်  လိုချင်လာအောင် တမင်တကာ ဖန်တီး
ကြတယ်ကွယ့် ။ အဲ့ဒီလို ဖြစ်လာလို့ ရှိရင်   သူတို့ ဘာသာဆီက ထောက်ပံ့မှု ရကြသတဲ့ ။ ဒါကြောင့်...
ဒင်းတို့က  ကူညီချင်ကြတာကိုး...။
                ရောင်းချင်းရောင်းလျှင်  မျိုးတူတွင်   ပြင်ဆင်ရောင်းကြပါ....။
                ပေါင်းချင်းပေါင်းလျှင်   မျိုးတူတွင်   ခင်မင်ပေါင်းကြပါ.....။
                တောင်းချင်းတောင်းလျှင်   မျိုးတူတွင်   တွင်တွင်တောင်းကြပါ.....။
နေပါဦး...ဖိုးသူတော်ကြီးရ...။ ဒီကဗျာတွေကို ...ဘယ်သူရေးတာလဲ..။  လူလေးက...မသိဘဲကိုး...။
မသိရင် မှတ်တော်မူ ။ မဟာဗောဓိမြိုင် ဆရာတော်ကြီး ရေးတော်မူသတဲ့ဗျာ...။ ဆရာတော်ကြီးက
ဘာဖြစ်လို့ ရေးတာလည်း  မသိဘူးနော်...။
လူမျိုးရေး  ဘာသာရေး  ရောထွေးစွာ နေထိုင်ကြတဲ့ တို့နိုင်ငံမှာ  သူ့ဘာသာ သူ့အမျိုး မလွမ်းမိုးနိုင်ရန်
လွမ်းမိုးရန် ဖန်တီးနေသော လုပ်ကွက်များကို သတိရှိရန် အသိပညာပေးတာပေါ့...။ ပြီးတော့...
သူ့ဘာသာ သူ့အမျိုး ဖျက်ဆီးရန် မရည်ညွန်း ကိုယ့်ဘာသာ ကိုယ့်အမျိုးကိုလည်း အခက်ချိုး မခံကြ
ရအောင် သတိပေး အသိပညာပေးတာပေါ့ကွယ်...။
                 တို့နိုင်ငံက မျိုးဆက်သစ်တွေ တိုးတက်ရစ်စေဖို့ ရှေးပညာရှိ သူတော်ကောင်းကြီးတွေက
မိန့်မှာခဲ့သေးတယ် ။ အိုးမဖုတ်ခင်...အိုးလုပ်စဉ်ဝယ်...အိုးတွင်နှိပ်ခတ်...တံဆိပ်မှတ်က...
မပြတ်မဆဲ...အိုးပင်ကွဲလည်း...အမြဲတစေ...တည်ရှိနေသို့  ...တဲ့ ။
လူလေးရေ...
အိုးလုပ်တာကို မြင်ဖူးတယ်မဟုတ်လား ။ မြေနဲ့ရေကို သမအောင်နယ်ပြီမှ အိုးဖြစ်အောင်လုပ်ပြုလုပ်ကြ
တယ် ။  လုပ်ထားတဲ့ အိုးကို အခြောက်မလန်းခင်မှာ အိုးလုပ်သူတွေက တံဆိပ်ရိုက်ကြတယ် ။
ပုံအမျိုးမျိုး ပန်းအမျိုးမျိုး ရေးဆွဲကြတယ် ။ပြီးမှ...အိုးကို ဖုတ်ကြတယ်ကွယ့် ။ မီးဖုတ်ပြီးသား အိုးဟာ
ဘယ်လောက်ထိအောင် ကွဲကြွေ မွှသွားပါစေ ရိုက်နိပ်ထားတဲ့ တံဆိပ် ပန်းအမျိုးမျိုးကလည်း
ပျက်စီးမသွားဘူးပေါ့ကွယ် ။ ထို့အတူ
            ထွေထွေသွေးသား...ကလေးများဠ်...ဘုရားတံဆိပ်...ဘာသာစိတ်ကို...
ခပ်နှိပ်နိုင်မှ...သက်ဆုံးကျအောင်...ဗုဒ္ဓဝါဒီ...စွဲလို့ တည်မည်...ကိုယ်စီခပ်နှိပ်ကြစေသတည်း...တဲ့ ။
လူလေးရေ...
တို့ အမျိုးရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မိဘဘိုးဘွားတွေ သတိထားရမယ့် အချက်ပေါ့ကွယ် ။
ပြီးတော့... လူလေးတို့   မျိုးဆက်သစ်လေးတွေကလည်း နှလုံးသားထဲမှာ  တို့ ဘာသာရဲ့ ကိုးကွယ်
အားထားရာ ဘုရားရှင်ကို စွဲတည်နေအောင် လူကြီးသူမတွေက ဆုံးမနေရတာပေါ့ကွယ်
 ဒီနေ့တော့  ဒီလောက်နဲ့ပဲ တော်ကြဦးစို့   လူလေးရယ်...။
ရှေးပညာရှိ သူတော်ကောင်းကြီးများကို အစဉ်ထာဝရ  ရှိခိုးဦးခိုက်လျှက်.....
                                                                                    သာကီမင်းသားလေး