မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Saturday, 15 June 2013
မဆုံးသေးသော အလွမ်းများ
အပိုင်း( ၁ ) 
နွေဦးမှာကြွေလွှင့်
သခင့်ကို လေရူးတွေနဲ့အတူ
ခေါ်ယူသွားပြီပေါ့?.,.။
နေမွန်းတည့်ချိန်မှာ
ငါတို့ရဲ့ နေမင်းကြီးကွယ်ပျက်လို့
ရင်ထဲမှာ ဗလောင်ဆူပွက်
ပူချက်ကယ် နေဆယ်စင်း
အံမယ်မင်း သခင့်ကို
ဘယ်လိုငြိုးမာန်ရယ်သူဖွဲ့လို့
ပြုခဲ့တာလည်းကွယ်....။
တပေါင်းလ မိန်လရာသီကို နွေဦးလို့
ခေါ်ဆိုရမည် ထင်ပါရဲ့ ။ နွေဦးမှာ
လေရူးတွေကလည်းမြူး သစ်ရွက်
ခြောက်တွေဟာလည်း လေနှင်ရာကို
စေလို့ပေါ့ ။ ဥသြတွေကလည်း
တေးဆို ။ လွမ်းစရာကောင်းလိုက်
တာဗျာ။ ဘယ်သူ့ကိုလွမ်းရမှန်းမသိ
လွမ်းစရာလည်း မရှိနဲ့ စိတ်တွေဟာ
မသီကုံးထားတဲ့ ပန်းတွေလို ။ မသီကုံးထားတဲ့ ပန်းတွေဟာ အရပ်
လေးမျက်နှာမှ တိုက်ခတ်လာသော
လေကြောင့် ဖရိုဖရဲကြဲသလို နွေဦး
လေရူးသလို ကျွန်ုပ်လည်း ရူးချင်
သလိုလို ။ တစ်နေ့မှာကြားရတဲ့
သတင်းကြောင့် နွေခေါင်ခေါင်
နားရင်းကို မိုးကြိုးပစ်ခံရလိုက်သလို
ပါပဲ ။ ကျွန်ုပ်တို့နေမင်းကြီးကွယ်သွား
ပြီတဲ့ ။ နေမွန်းတဲ့ချိန်မှာ နေမင်းကြီး
ကွယ်သွားပြီဆိုတော့ ကျွန်ုပ်အပါဝင်
အားလုံးတို့၏ မျက်ဝန်းတွေမှာ
ဘယ်နေရာကြည့်လိုက်လိုက် မှုန်ဝါး
ဝါးသာ ။တစ်နေကွယ်သေနယ်သို့
တစ်ခါကူးတဲ့။
နေမကွယ်ခင်မှာ သေနယ်သို့ကူးရော့
သလား သခင် ။ သေမင်းရယ်...
သခင့်ကိုမှ ( အံမယ်မင်း )သခင့်ကိုမှ
ခေါ်ရသလားကွယ်။ ကျွန်ုပ်ဘဝ
သခင့်ကို ဘယ်တော့မှ မေ့ပျောက်
လို့ရမည် မဟုတ်တော့ပါ။ ကျွန်ုပ်နဲ့
သခင် တစ်ကြိမ်သာ မျက်နှာခြင်းဆိုင်
တွေ့ဆုံခဲ့ဖူးပါသည်။ ထိုတွေ့ဆုံခြင်း
သည်ပင်လျင် ကျွန်ုပ်၏ အတိတ်က
လွမ်းစရာအဖြစ် ကျန်ရစ်နေပါသည်။
ကျွန်ုပ် လွမ်းနေဦးမည်။
ဒီဘဝနဲ့အမျှ လွမ်းနေပါဦးမည် ။
`
အပိုင်း( ၂ )
၁၃၇၂ခုနှစ်၏ ပညာသင်နှစ်ကိုကျွန်ုပ်
မိတ်ဆွေအပေါင်းသင်းတို့နှင့်အတူ
ပျော်ရွှင်စွာဖြတ်သန်းနေကြသည်။
ကျွန်ုပ်တို့၏ တစ်နေ့တာလုပ်ငန်းစဉ်
မှာစာကျက် စာဝါတက် ဘုရားဝတ်ပြု
စသည်တို့ပင်ဖြစ်သည်။ထိုနှစ်သည်
ကျွန်ုပ်၏ မန္တလေးသကျသီဟအသင်း
စာမေးပွဲ သီးခြားစာသင်တန်းသုံးနှစ်
မြောက်ဖြစ်သည်။ ထိုသို့သုံးနှစ်
မြောက်ဖြစ်သောကြောင့် နောက်
တက်လာသော သီးခြားစာသင်တန်း
အသစ်သမားများသည်ကျွန်ုပ်တို့လို
သုံးနှစ်သမားတို့ကို၎င်း ထို့ထက်
နှစ်ကြာနေပြီဖြစ်သော လေးနှစ်
စသည်တို့ကို၎င်းနှစ်ကြီးသမားတွေလို့ခေါ်ကြတယ်လေ။ သူတို့တတွေ
အခေါ်ပေါ့။ သို့သော် ကျွန်ုပ်စသော
သူတို့ကား (အားလုံးကိုမဆိုလိုပါ)
ယုန်မရ တောကြလို့ရှေးဆိုရိုးစကား
ရှိခဲ့သလို ယုန်းလည်းမရခဲ့ပါဘူး။
ယုန်မရသည့်အတွက် တောကြေ
သလားဆိုတော့ အဲဒီလိုလည်းမဆို
လိုပါ။ အတော်အသင့်တော
တောကြေခဲ့ကြပါသည်။အသက်က
လည်း ကြီးလာ စာမေးပွဲကလည်း
မအောင်ဆိုတော့ တဖြေးဖြေးနှင့်
ဖိအားများလာပါတော့သည်။
ခက်သည်ကား ၄င်းစာမေးပွဲသည်
အသက်အပိုင်းခြားနှင့်ဖြေဆိုရသည်
ကား သာ၍ဖိအားများစေပါတယ်။
မှန်ပါသည်။ ထိုသကျသီဟသီးခြား
စာသင်တန်းသည် အသက်(၂၇)နှစ်
အတွင်းအောင်မြင်စွာဖြေဆိုရသည်
သို့မဟုတ်လျှင် တပ်လှန့်ပြီးနောက်
ကြောင်းသို့ ပြန်ဆုတ်ရပါသည်။
တစ်နည်းဆိုရသော် (၂၇)နှစ်အတွင်း
မအောင်လျှင် အလိုလို ဂိတ်ပြုတ်
တော့သည်။ ဆက်ဖြေလို့မရ။
အောင်သွားပြန်လျှင်လည်း သီးခြား
စာချတန်းကို ဆက်လက်၍ ဖြေဆိုရ
သည်။ သီးခြားစာချတန်းကိုတော့
(၃၅)နှစ်ထိ ခွင့်ပြုထားသည်။
နောက်ထပ် (၈)နှစ်ပေါ့ဗျာ။ သီးခြား
စာသင်တန်းနှင့် သီးခြားစာချတန်း
တို့ကို အောင်မြင်မှသာလျှင်
ပရိယတ္တိသကျသီဟဓမ္မာစရိယစာချ
ဘွဲ့ကို လက်ခံရယူရသည်။ တစ်နည်း
အဘိဝံသဘွဲ့ပေါ့။ ဒီလိုနဲ့ ဖြတ်သန်း
လာလိုက်တာတစ်နေ့ စာဝါကအပြန်
မောမောနှင့် ရေချိုး။ ရေချိုးပြီးတာနှင့်
ဆွမ်းစားပေါ့ဗျာ။ ဘယ်ပြောကောင်း
မလည်း ဘုဉ်းပေးလို့ကောင်းလိုက်
သည့်ဆွမ်း စားရသည့် ဆွမ်းဟင်းက
လည်း ငါးပိရည် ဝက်သားဆိုတော့
အတက်စာချည်းပဲလေ။ တက်လိုက်
သည့်ဖြေချင်း။ ရဟန်းဘဝဆိုတာ
ခက်ပေသား အချိုလိုချင်ရင် အချဉ်
အချဉ်လိုချင်ပြန်တော့ အခါးစသည်
ပေါ့။ ကိုယ်လိုချင်တာ ဘယ်ရမလဲ။
သူတို့လောင်းတာကို ဘုဉ်းပေးရတာ
ကိုးဗျ။ ဆွမ်းစားပြီး စာဖတ်ရင်း
ဖတ်ရင်းနဲ့ ငိုက်မျဉ်းလာသည့်
အတွက် စာအုပ်လေး ရင်ဘတ်ပေါ်
တင်ကာ အိပ်ပျော်သွားတော့သည်။
အပိုင်း ( ၃ )
အိပ်ယာနိုးပြီးတာနဲ့ ပထမဆုံးကြည့်မိသည်ကား နာရီ ၊ ဟိုက်….သွားပြီ..ဟူသော အာမေဋိတ်နှင့်အတူ ကိုယ့်နဖူးကို လက်ဝါးဖြင့် ရိုက်မိတော့သည်။ ကျွန်ုပ်အိပ်ယာထ နောက်ကျခဲ့လေပြီ ။ အတန်းဆိုင်ရာ စာအုပ်စွဲကာ ဒိုးတော့သည်။
တုန်လှုပ်ခြောက်ခြားမှုကို ရင်မှာပိုက်လို့ပေါ့။ ဟော…ရှေ့ မှာ..
ထိပ်တိုက်တွေ့ပါပြီ ဘယ်လိုမှ ပုန်းကွယ်လို့မရ တိမ်းရှောင်လို့မရ။
မထူးပြီ ရှေ့ အနည်းငယ် ဆက်သွားကာ အရိုသေပြုပြီး ရပ်နေလိုက်
သည်။ မင်း…ဘယ်အတန်းကလဲ?။ ပထမတစ်ကြိမ်မေးသည် မှင်သက်မိကာ မဖြေမိ ။ ဒုတိယတစ်ကြိမ်ထပ်မေးသည် မဖြေမိပါ
တတိယတစ်ကြိမ်တော့ နုတ်တွင်မက လက်လည်းရွယ်ကာ
မြောက်လိုက်သည်။ သို့မှသာ ကျွန်ုပ်လည်း စာသင်တန်းဟု ဖြေလိုက်သည်။ သခင်၏ တစ်ခွန်းတည်းထွက်လာသော အသံကား
သွား…ဟူသောအသံဖြစ်သည်။ သခင်၏ အသံသည် ပီပြင်ပြတ်သား
ပြီး ဟိန်းနေသည်။ ကျွန်ုပ်လည်း ရှေ့ ဆက်ပြီး အတန်းဆီသို့ ဒိုးတော့
သည်။
ကျွန်ုပ်လည်း တစ်ချိန်က သခင်မိန့်ဆိုခဲ့ဖူးသော နုတ်ချွေစကားတို့ကို
တစ်စိမ့်စိမ့်တွေးနေမိသည်။ အေးကွ…မင်းတို့မှတ်ထား…ငါက
လူမုန်းမှာမကြောက်ဘူး ကံမုန်းမှာကိုသာ ကြောက်တာ၊ ဟုတ်လား ။
မင်းတို့ကောင်းဖို့ ငါက မိုက်ပေးနေတာ ဟုတ်လား..။ငါတို့က မျောက်
ပြပြီး ဆန်မတောင်းဘူး..ဟုတ်လား..။ မင်းတို့စည်းကမ်းတိုင်းမနေနိုင်
ရင် ထွက်သွားကြ ငါတို့က မတားဘူး ။ဒီမှာနေရင် ဒီစည်းကမ်းနဲ့နေ
မှ ဟုတ်လား…စသည်တို့ဖြစ်သည်။ မှန်ပါသည်။ သခင်သည်
သတ်မှတ်ထားသော စည်းကမ်းကို ဘယ်သူ့မျက်နှာမှ မထောက်ပါ
ကျူးလွန်သူကို ပြစ်ဒဏ်ပေးလေံရှိသည်။ စည်းကမ်းကိုအလွန်
အလေးထားသည် ။ မိမိကျောင်းမှာနေဖို့ဆိုတာ မလွယ်ကူလှပါ။
ဆိုင်ရာပြဋ္ဌာန်းကျမ်းစာတွေကို ပြန်နိုင်မှသာလျှင် ဤကျောင်းမှာနေ
ပြီး ပညာသင်ခွင့်ရသည်။ သခင်ပြောပြဖူးတာ အမှတ်ရနေမိသည်။
ဟိုတစ်လောက ဦးဇင်းတစ်ပါ ငါ့အမလွတ်လိုက်လို့ဆိုပြီး ကျောင်းမှာ
နေပြီး ပညာသင်ချင်တဲ့အကြောင်း ငါ့ကိုလာလျှောက်တယ်၊
ဟုတ်လား ။ ငါကလည်း ပြန်ပြောလိုက်တယ် ငါ့အမ မကဘူး
သမ္မတကြီးက လွတ်လိုက်လည်း မရဘူး ။ ဒီမှာပညာသင်ချင်ရင်
ပြဋ္ဌာန်းကျမ်းစာပြန်နိုင်ရင် နေခွင့်ရမယ်။ မပြန်နိုင်ရင် နေခွင့်မရဘူး
ဟုတ်လား…။ အဲတော့ အဲ့ဦးဇင်းလည်းပြန်သွားတယ်ပေါ့ကွာ။
ဒါသခင်ရဲ့  တိကျပြတ်သားမှုပါပဲ ။ သခင်ရဲ့  အခြားသော ကျွန်ုပ်မသိ
သော တိကျပြတ်သားမှုတွေ ကျန်ရှိနေပါသေးတယ်ဆိုတာ မပြောဘဲ တွေးရုံကြည့်ရုံဖြင့် သိနိုင်ပါသည် ။
                                                                     ဆက်ရန်
                                                                    သာကီမင်းသားလေး
Tuesday, 8 January 2013
ကျွန်ုပ်၏ သေပျော်ဖွယ်ရာနေ့တစ်နေ့
          နှစ်သစ်၏ ကနဦးအဖွင့်ရက် နေ့သစ်ဖြစ်သော နံနက်ခင်းမှာ ဥတ္တရလေပြေညှင်းက လေချိုသွေး
ကာ ဆောင်းရာသီ၏ ဇာတိကိုပြနေသည်။ ရော်ရွက်ဝါလေးတွေကလည်း မြေမှာခ ဥတ္တရလေပြေညှင်းနှင့်
အတူ ပလူးပလဲမြူးတူးစွာ ကစားနေသည်။ အချိန်တွေလည်း တဖြေးဖြေးနှင့် ကုန်ခြင်းမလှ ကုန်ခဲ့လေပြီ။
အရှေ့ယွန်းယွန်းမှ နေဝန်းကြီးကလည်း အနောက်တောင်စွယ်မှာ ကွယ်ခဲ့သည့်အကြိမ်ပေါင်းလည်း များလှ
ပြီ။ နေကွယ်တာအကြိမ်များလျှင်ဖြင့် သေနယ်ရွာကို တစ်ကြိမ်သွားရပေဦးမည်။ နောက်နောင်ဘဝတွေမှာ
လည်း ထို့အတူပင်။ ဘဝမှာ နေပျောင်ရုံဖြင့် မပြီးသေးပါ ။ သေပျော်ဖို့လည်း လိုပါသေးသည်။ ကျွန်ုပ်အဖို့
နှစ်သစ်၏ ကနဦးအဖွင့်ရက်မှာ နေပျော်ရုံမက သေမည်ဆိုလျှင်လည်း သေပျော်ခဲ့ပါပြီ။
         `မြမြမြှေး၍၊ ဆီးသေးနှင်းဖြူ ၊ မြူလည်းကြွေလင့် ၊ မပွင့်နေခြည် ၊ မကြည်ကောင်းကင်၊ ထက်ခွင်အုံ့ပျ ၊ငြိမ့်မျှကိုယ်တွင်း ၊ ဆီးနှင်းကျရွှမ်း ၊ချမ်းတို့စွလည်း၊ ရင့်မြကြာညောင်း`ဟူသော နတ်သျှင်နောင်၏ ဆောင်းရာသီအလွှမ်းမယ်ဘွဲ့ရတုပိုဒ်စုံကို ကျွန်ုပ်ဖတ်ပြီး အတွေးနယ်ချဲ့နေမိသည်။
နှင်းမြူမှုန်လေးတွေကြွေကာကြဲနေသောကြောင့် ကောင်းကင်မှာ မကြည်မလင် ထက်ခွင်အာကာမှာလည်း
အုံ့ပျပျနှင့် လွမ်းမောစရာကောင်းနေသည်။ အရှေ့အရပ်ဆီမှ သူရိယနေမင်းကြီးကလည်း ယနေ့မှမကြည်
မသာဖြစ်နေသည်။ထို့ကြောင့်ပင် ဆီးနှင်းများလည်း ရွှမ်းရွှမ်းဝေနေဆဲ ။ကျွန်ုပ်လည်း ချမ်းနေဆဲပင် ။
ထိုခဏမှာပင် ကြားရသည့်အသံကြောင့် ကျွန်ုပ်၏အတွေး ရပ်တန့်သွားသည်။ 0-သွေးအလှူခံနေသော
အသံဖြစ်သည်။ကျွန်ုပ်လည်း အသံကြားကြားချင်းပင် အသံကြားရာဆီသို့သွားပြီး သွေးလှူဒါန်းလိုပါကြောင်း
ပြောလိုက်သည်။ မန္တလေးမြို့၏ ပြည်သူ့ဆေးရုံကြီးသို့ သွားရသည်။သွားနေဆဲမှာပင် လူနာရှင်ကို လူနာ
အကြောင်းမေးသောအခါ ဦးနှောက်ခွဲစိတ်ကုသရမည်ဟု သိရသည်။ ပြည့်သူ့ဆေးရုံကြီးသို့ ရောက်သော
အခါ လျှောက်လွှာစာရွက်မှာ ဖြည့်စွက်စရာလေးတွေကို ဖြည့်ပြီး ဆေးစစ်ရသည်။ ကျွန်ုပ်သွေးလှူဒါန်းခွင်၍
အလွန်ဝမ်းသာသွားသည်။ ယခုသွေးလှူဒါန်းခြင်းသည် ကျွန်ုပ်၏ (၇)ကြိမ်မြောက် သွေးလှူဒါန်းခြင်းဖြစ်
သည်။ နှစ်သစ်၏ အဖွင့်နေ့ရက်သည် ကျွန်ုပ်၏ မွေးနေ့မွေးနံ အဂါင်္နေ့ဖြစ်သောကြောင့်လည်း အံသြမိ
သည်။ ပို၍ အံသြစရာကောင်းသည်ကား ကျွန်ုပ်ကဲ့သို့သော သွေးလှူရှင်များထဲမှာ အမျိုးသမီးများ ပါဝင်နေ
သောကြောင့်ဖြစ်သည်။ ယခုကဲ့သို့သွေးလှူဒါန်းသောနေရာမှာ ယောက်ျားသားများသာ လှူဒါန်းကြသည်ဟု
ကျွန်ုပ်မှတ်ထင်ထားသည်။ သို့သော်.....ကျွန်ုပ်အထင် စင်စင်ကြီး လွဲချော်သွားသည်။ ထို့ကြောင့်
သူတို့လေးတွေကိုကြည့်ပြီး အားရဝမ်းသာဖြင့် သာဓုလည်း ခေါ်မိပါသည်။ သြော်....`ပညာမည်းငြား
ထိုတရားလည်း ၊ ယောက်ျားတွင်သာ ၊မဟူရာဘူး ၊အမရာဒေဝီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည် ၊အပ္ပကဟူ
နည်းငယ်မူကား ၊ လူဝယ်ထိုသို့၊မိန်းမတို့လည်း ၊မချို့ပညာ၊ ရှိတတ်စွာ၏`ဟူသော မဃဒေဝလင်္ကာကို
အမှတ်ရမိသည်။ ကျွန်ုပ်သွေးလှူခန်းမှာ သွေးဖောက်ပြီး သွေးလှူရမည်။လှူနေဆဲမှာပင် ရတနာသုံးပါး
ဂုဏ်တော်တွေကို ပွားများပြီး လူနာရှင်ကိုလည်း မေတ္တာပို့ပေးနေသည်။ ထို့နောက်ပက်လက်အနေ
အထားမှ ဘေးတစောင်းကိုငဲ့ကြည့်သောအခါ စာတမ်းတစ်ခုကို တွေ့လိုက်ရသည်။ `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဟူသော စာတမ်းဖြစ်သည်။ မှန်ပါသည်။  ယခုအချိန်မှာ ကျွန်ုပ်သည်
ကျွန်ုပ်၏ ခန္ဓာကိုယ်တွင်းမှ သွေးဖြင့် သူတစ်ပါးအသက်ကို ကယ်နေပါပြီ။ ကျွန်ုပ်ကဲ့သို့ပင် အခြားသော
အမျိုးသား/အမျိုးသ္မီးများလည်း သူတို့၏ ခန္ဓာကိုယ်တွင်းမှ သွေးများဖြင့် သူတစ်ပါးအသက်ကို ကယ်နေကြ
ပါပြီ။ လူသားတိုင်းသည် စားဝတ်နေရေးအတွက် ဘဝမှာ နေ့စဉ်နေ့တိုင်း ရုန်းကန်လှုပ်ရှားနေရသည်။
စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်းဖြင့်ပင် ရက်ပေါင်းများစွာ နေ့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့
ကြသည်။`ကုသိုလ် ပညာ၊ ကိုယ်ကျန်းမာနှင့်၊ဥစ္စာတန်ဘိုး ၊တစ်မျိုးမျိုးမှ ၊ မတိုးမတက် ၊ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်` ဆိုသလို ကိုယ်ဖြတ်သန်းလာခဲ့သော ရက်တစ်ရက် နေ့တစ်နေ့မှာ ကိုယ့်
အတွက် ကုသိုလ်၊ ပညာ၊ ကျန်းမာရေး ၊ ဥစ္စာတို့တွင် တစ်ခုခုသည် ကောင်းမွန်စွာတိုးတက်နေရမည်။
သို့မှသာလျှင် ဘဝမှာ နေပျော်ဖို့ကောင်းလှသည်။ ထိုသို့မဟုတ်လျှင် ဖြတ်သန်းလာခဲ့ရသော နေ့ရက်
တွေသည် အချည်းနှီးဖြစ်သလို ဝမ်းနည်းစရာလည်း ကောင်းလှသည်။
          2013နှစ်သစ်၏ အဖွင့်ရက်ကို သူတစ်ပါးတွေ ဘယ်လိုဖြတ်သန်းကြသည် မသိ ။ သိလည်း မသိချင်
ပါ ။ သိဖို့လည်း လိုလိမ့်မည် မဟုတ်ပါ ။ ကျွန်ုပ်အဖို့မှာ နှစ်သစ်၏ အဖွင့်နေ့ရက်ကို `သင့်သွေးဖြင့်
သူတစ်ပါးအသက်ကို ကယ်ပါ`ဆိုသော ဆောင်ပုဒ်လို သွေးလှူဒါန်းခြင်းတည်းဟူသော ကုသိုလ်ယူရင်းဖြင့်
ဖြတ်သန်းခဲ့ပါသည်။ ထို့ကြောင့် ထိုနေ့သည် ကျွန်ုပ်အဖို့မှာ နေပျော်ခဲ့ပါသည်။ သေမည်ဆိုလျှင်လည်း
သေပျော်ခဲ့ပါပြီ ။
                                                                                သာကီမင်းသားလေး
                                                                                 1. 1. 2013
                                                                                  အင်္ဂါနေ့
Monday, 24 December 2012
ဖိုးသူတော်ကြီးပြောသော ဘာသာရေးရှင်းတမ်း- ၎
              လူလေး ဘယ်ကပြန်လာတာလဲ... ဘယ်ကမှ..မဟုတ်ပါဘူးဗျာ..။ ဖိုးသူတော်ကြီးဆီကိုပဲ တကူးတက လာခဲ့တာပါ ။ ဒါနဲ့ ဖိုးသူတော်ကြီး အခုတလော  အလုပ်ရှုပ်နေတာ တွေ့ တယ် ။ ဘာတွေ
လုပ်နေတာလဲ.... စာကြည့်တိုက်ဖွင့်ဖို့ ရယ်  ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း အောင်လက်မှတ်
တွေလုပ်နေလို့  အလုပ်ရှုပ်နေတာကွယ့်..။ ဟုတ်လား...ဘယ်တော့ သင်မှာလဲ နွေရာသီ ကလေးတွေ
ကျောင်းပိတ်ရက်ပေါ့ကွယ်...ဘုရားစာတွေချည်း သင်ရတာ ပျင်းစရာ ကောင်းတာပေါ့ဗျာ ..။ ဘယ်ဟုတ်ပါ့
မလဲကွယ်..ကလေးတွေကို english speaking &  grammar တွေပါ သင်ပေးမှာပေါ့ ...ဟုတ်ပါပြီဗျ ။
ဖိုးသူတော်ကြီးက ဘာဖြစ်လို့ သင်ပေးတာလဲ ..ရည်ရွယ်ချက်ကို ပြောပြပါဦး..ဒီလိုကွယ်....။
            ခုခေတ်လူငယ်တွေ တော်တော်များများဟာ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ယဉ်ကျေးမှု တရားတွေနဲ့
တော်တော်လေး ကင်းကွာနေကြတယ် ။ ဘုရားတန်ဆောင်း ကျောင်းကန်တွေကို သူတို့ လေးတွေ သွားရမှာ အပျော်ဘက်တွင်သာ အချိန်ကုန်နေကြတယ် ။ ဘဝမှာ အနေပျော်ရင် အသေခက်တာကို
သူတို့ လေးတွေ မသိကြဘူးကွယ် ။ ဒီတော့ ဘဝမှာ အနေတတ်ပြီး အသေမြတ်ရအောင်လို့  သင်ပေးတာ
ပေါ့ကွယ် ။ နောက်ပြီး ရှိသေးတယ်ကွယ့် ကိုယ့်ဘာသာ ကိုယ့်လူမျိုး ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးမှု ရှိမှ
ဘာသားခြား လူမျိုးခြားတွေရဲ့ လိမ်လည်ဖျားယောင်းမှုကို မခံရမှာ ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့ကွယ်။
အခုခေတ် အမျိုးသမီးတွေဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား သိပ်လုပ်ချင်ကြတယ် ။ အဖြူလာလည်း ကြိုက်လိုက်
တာပဲ အမဲလာလည်း ကြိုက်တာပဲ ဒါတွေကို ကြိုမြင်လို့  ရှေးစာဆိုကြီးတစ်ဦးက ခပ်ရင့်ရင့် စကားလုံးတွေ
နဲ့ ရေးခဲ့တာ ရှိတယ် ။ ဆိုစမ်းပါဦး ဖိုးသူတော်ကြီးရ..အဟမ်း..အဟမ်း..။ ဟော့ ...ဖိုးသူတော်ကြီးက
ကောင်းနေရင်လုပ်ပြီး..အော်..လူလေးကလည်း  အသံနေ အသံထားနဲ့ ဆိုရမှာမို့ လည်ချောင်းရှင်းတာပါ ။
နားထောင်နော်..သောက်သုံးမကြတဲ့...နောက်ဆုံးအထကို ပြောရမှာဖြင့်...ဘီးကျိုးပါ့မယ့်..မာစတာရဲ့
တစ်ခုနဲ့ပဲ ...ဒင်းတို့ အထကို..ရှင်းပြပြီူးသား ဖြစ်နေလို့ ..အရှည်ကို မပြောတော့ပါဘူး..သူတို့ တတွေက
ဘယ်ဘဝကမှ ..ပြောမရတာမို့ ..သဘောတော်ရှိသာ...ကြာဗျာပါနဲ့..ယောရောရှိသာ..ဖာသာသာရဲ့လို့ 
ဆရာခမျာ..အဖြစ်တစ်နုန်းမချဲ့..ရှစ်လုံးဖွဲ့လေးနဲ့..ဟောလို့ ပြန်တာက ..တရုတ်လာလဲ..ငါတွဲလိုက်မှာ
ကုလားလာစ..ငါကကြိုက်တာ..ဂျပန်လာတော့..ငါနော့ချင်တာ..ယောရောရှိ..ဂွစိဂွစိပါ...လို့ စာချိုးခဲ့တာပေါ့
ကွယ် ။ ဒီတော့ သူတို့ လေးတွေကို ကိုယ့်ဘာသာ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့ရင်းနှီးမှုရှိ
အောင် သွန်သင်ဆုံးမပေးရမှာက တာဝန်သိသူတွေမှာ တာဝန်ရှိတာပေါ့ကွယ် ။ ဒါကြောင့်လည်း
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆုံးမသြဝါဒမိန့် တော်မူခဲ့တာက..
အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ် ၊ အိုးတွင်နှိပ်ခတ် ၊ တံဆိပ်မှတ်ကား ၊ မပြတ်မစဲ ၊ အိုးပင်ကွဲလည်း ၊
အမြဲတစေ ၊ တည်ရှိနေသို့ ၊ ထွေထွေသွေးသား ၊ကလေးများနှိုက် ၊ ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို ၊
ခတ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင် ၊ဗုဒ္ဓဝါဒီ ၊စွဲ၍တည်မည် ၊ ကိုယ်စီခတ်နှိပ်နိုင်စေသတည်း..လို့ 
ဆုံးမသြဝါဒပေးတော်မူခဲ့တယ် ။ ဒီတော့ နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ကလေးတွေရဲ့
နှလုံးသားထဲမှာ ကိုယ့်ဘာသာ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတရားတွေကို အသက်သေသည့်တိုင်အောင်
စွဲကျန်ရစ်နေဖို့ ဆုံးမသွန်သင် ပြုပြင်ပေးရမှာ လူကြီးတွေနဲ့ ရှင်ရဟန်းတို့ တာဝန်ပေါ့ကွယ် ။
နောက်..မင်းကွန်းဆရာတော် ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ မိန့် တော်မူတာရှိသေးတယ်။တစ်ခါက
ဆရာတော်၏ ကျောင်းတိုက်မှ ရဟန်းငယ်များ ဘာသာခြားဆိုင်မှ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူလာ
သည်ကို သိရှိရသဖြင့် ဘာဖြစ်လို့  ဒီဆိုင်က ဝယ်လာရသလဲ မေးတော်မူရာ ဒီဆိုင်က ဈေးလည်းသက်သာ
ဆက်ဆံရေးလည်းကောင်းလို့  ဝယ်လာရခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဆိုင်များက ဈေးလည်းကြီးပြီး
ဆက်ဆံရေးလည်း ညံ့လှကြောင်း လျှောက်ထားသည့်အခါ ဆရာတော်ကြီးက အေး..ဗုဒ္ဓဘာသာဆိုင်က
တစ်ဆယ်အမြတ်ယူပြီး ဘာသာခြားဆိုင်က တစ်ကျပ်ပဲ အမြတ်ယူရင်တောင် ဦးဇင်းတို့  ဗုဒ္ဓဘာသာဆိုင်မှာ
က ဗုဒ္ဓဘာသာဘုရားကျောင်းကန်တွေဆီကိုပဲ ပြန်ရောက်မှာ ဘာသာခြားတွေ ယူလိုက်တဲ့ အမြတ်
တစ်ကျပ်ကတော့ ဦးဇင်းတို့ လည်ပင်းကို ကြိုးကွင်းစွပ်မယ့်နေရာ ရောက်သွားမှာ ဟု မိန့်ကြားတောမူ
သည် ။ ဒါကိုထောက်သောအားဖြင့် ကိုယ့်ဘာသာ ကိုယ့်လူမျိုးအားလုံး အထူးသတိထား လိုက်နာကျင့်သုံး
သင့်သော လမ်းညွန်သြဝါဒစကားဆိုတာ သိသာတာပေါ့ကွယ် ။
               ဒီတော့ ဖိုးသူတော်ကြီး ဘာကြောင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကိုဖွင့်လှစ်ပြီး သင်ကြား
ရသလဲဆိုရင် နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်ကြယ်ပွင့်ကလေးတွေ အနေတတ်လို့  အသေမြတ်ပြီး
နောင်ရေးစိတ်အေးရအောင်လို့ သင်ပေးတယ်လို့ မှတ်ပေါ့ကွယ် ။
လူလေးရေ...ဒီနေ့တော့ ...ဒီလောက်နဲ့ပဲ တော်ကြဦးစို့ .............။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ရှိခိုးဦးခိုက်လျက်............။
                                                                     သာကီမင်းသားလေး
                                                                            23. 12. 2012
Sunday, 18 November 2012
ချမ်းသာသူ မောင်သုည
              လူတိုင်း   လူတိုင်းသည် အာရုံတစ်ခုကို ငြီးငွေ့ လာပြီဆိုရင် အာရုံတစ်ခုကို ပြောင်းချင်ကြတာ
ပုထုဇဉ် လူသားတို့ ၏ သဘာဝပါ ။ ကျွှန်ုပ်လည်း ပုထုဇဉ် လူသားတစ်ယောက်ပင် ။မှန်ပါသည် ။
ပုထုဇဉ် လူသားတစ်ယောက် ဖြစ်သည့်အလျှောက် စာကျက်ခြင်း အလုပ်ကို တစ်ခါတစ်ရံတွင် ငြီးငွေ့ တတ်
သည်. တစ်နေ့ မှာ ပျင်းပျင်းနျင့် လ္လက်ရည်ဆိုင်သို့  ထွက်လာခဲ့သည် ။ လ္ဘက်ရည်ဆိုင်သည် သူ့ ထုံးစံအတိုင်းပေါ့ ။သီချင်း သို့ မဟုတ် ဇာတ်ကားပြတတ်သည် ။ ကျွန်ုပ်ရောက်သည့် အချိန်တွင် ဇာတ်ကား ပြထားသည် ။ ဇာတ်ကားအမည်ကား  " သုညဟု ခေါ်သည်" သည်တဲ့..။ မင်းသားနာမည်သည်
လည်း မောင်သုည ပင် ။ နာမည်နှင့် တကယ်ကို လိုက်ဖက်ပါသည် ။ မောင်သုည ဘဝမှာ ဘာဆိုဘာမှ
မရှိရှာ ၊ ပစ္စည်း ဥစ္စာမရှိလို့  ဆွေမျိုးဥာတကာ ရှိလားဆိုတော့ ဗလာနတ္ထိ ။ မောင်သုည ငယ်ငယ်ကပင်
မိဘနှစ်ပါး ဆုံးသွားရှာသည် ။ တွယ်တာစရာဆိုလို့  အဘိုးဖြစ်သူ တစ်ယောက်သာရှိသည်။ လူတို့ သဘာဝ
အတိုင်းပေါ့ မြေနိမ့်ရာ လှံစိုက်ဆိုသလို မောင်သုည ဆိုရင် အားလုံးက အပြစ်မြင်ကြပြီး မကောင်းသူဟုပင်
ထင်ကြသည်။ မောင်သုညဆို လူတွေက သံသယမျက်လုံးနှင့် ကြည့်ကြသည်။ သံသယမျက်လုံးနှင့်
ကြည့်သူတစ်ယောက် အဖို့ မှာ ဘယ်သောအခါမှ သူတစ်ပါးကို အကောင်းမမြင်နိုင်။ အကောင်းမမြင်နိုင်
ဘူးဆိုရင်  သူတစ်ပါး ဘယ်လောက်ပင် ကောင်းတာလုပ်နေစေ မကောင်းတာချည်းမြင်ပြီး အပြစ်မြင်တတ်
ကြသည်။ ဒါသဘာဝပင် မဟုတ်လား ။
                တကယ်တော့ မောင်သုညသည် လူတွေထင်သလို ဘာတစ်ခုမှမရှိသူ မဟုတ်ပါ ။ နာမည်နှင့်
မလိုက်အောင် ချမ်းသာပါသည် ။ မောင်သုည၏ ချမ်းသာခြင်းသည် အကျင့်စာရိတ္တကောင်းခြင်းတည်းဟူ
သော ကိုယ်ကျင့်တရားသာ ဖြစ်သည်။ မှန်ပါသည် ။ ပစ္စည်း ဥစ္စာ ဘယ်လောက်ပင် ချမ်းသာပါစေ အကျင့်
စာရိတ္တတည်းဟူသော ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင် ထိုသူသည် ရွံရှာဖွယ်ကောင်း၏ ။
အကျင့်စာရိတ္တတည်းဟူသော ကိုယ်ကျင့်တရားသည် သီလပင်ဖြစ်၏ ။သီလသည် အလွန်အင်မတန်မှ
အရေးကြီး၏ ။ လူသားတို့ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားမှာ  တစ်နည်းအားဖြင့် ခါးဝတ်ပုဆိုးကဲ့သို့ 
မြဲမြံအောင်ပြုကျင့် စောင့်ထိန်းရမည့် တရားမှာ ကံငါးပါးပင်ဖြစ်သည်။ ကံငါးပါးဟူသည်.........
၁။     ။ သူတစ်ပါးအသက်ကို သတ်ခြင်း ပါဏာတိပါတကံ
၂။     ။ အရှင်မပေးသော သူ့ တစ်ပါး ဥစ္စာကို ခိုးယူခြင်း အဒိန္တွာဒါနကံ
၃။     ။ သူတစ်ပါး သားမယားကို ဖောက်ပြန်စွာကျင့်ခြင်း ကာမေသုမိစ္ဆာစာရကံ
၎။     ။ မဟုတ်မမှန်သော စကားကို လိမ်ညာပြောဆိုခြင်း မုသာဝါဒကံ
၅။     ။ သေရည်အရက်သောက်ခြင်း သုရာမေရယကံ တို့ ဖြစ်သည် ။မှန်ပါသည်။ လူတို့ ၏ ပတ်ဝန်းကျင်ကို
ကြည့်လိုက်လျှင်  လူတို့ ၏ ချစ်ခင်လေးစား ကြည်ညိုခံရခြင်း လူတို့ ၏ အံပတ်သဖွယ် ရွံရှာမုန်းတီးခံရခြင်း
စသော လူတန်းစားအမျိုးမျိုးကို တွေ့ ရသည်။ ချစ်ခင်လေးစား ကြည်ညိုခံရခြင်း ဟုဆိုအပ်သော အကျိုး
တရား၏ အကြောင်းတရားကို စိစစ်လျှင် ကိုယ်ကျင့်တရားဖြစ်၏ ၊ ထို့ အတူပင် ရွံရှာမုန်းတီးခံရခြင်း ဟုဆို
အပ်သော အကျိုးတရား၏ အကြောင်းရင်းကို စိစစ်လျှင်လည်း ကိုယ်ကျင့်တရားပင်..။
              ချစ်ခင်ကြည်ညိုလေးစားခံရသူ၏ ကိုယ်ကျင့်တရားသည် ကံငါးပါးကို လုံခြုံစွာစောင့်ထိန်းခြင်း
ဖြစ်သည်။ ထိုကံငါးပါးကို စောင့်ထိန်းခြင်း၏ အကျိုးတရားတို့ ဟူသည်မှာ ..........
၁။     ။သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သူသည်.........
         အဆင်းလှခြင်း
         အနာရောဂါကင်းခြင်း
         အသက်ရှည်ခြင်း
၂။     ။ အရှင်မပေးသော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူသည်.........
         စည်းစိမ်ဥစ္စာပေါများခြင်း
         ခိုင်မြဲသော စည်းစိမ်ဥစ္စာရှိခြင်း
         အလိုရှိသော စည်းစိမ်ဥစ္စာကို လျင်မြန်စွာ ရရှိခြင်း
         မင်းစသော ရန်သူမျိုးငါးပါးမှ  ကင်းခြင်း
၃။     ။သူတစ်ပါး သားမယားကို ပြစ်မှားစော်ကားခြင်းမှ ရှောင်ကြဉ်သူသည်.........
         ဘေးရန်ကင်းခြင်း
၎။     ။ လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်သူသည်..........
         ညီညာဖြူဖွေးသော သွားရှိခြင်း
         ခံတွင်းမှ ကြာပန်းရနံ့ သင်းပျံ့  မွှေးကြိုင်ခြင်း
၅။     ။ သေရည်အရက်သောက်ခြင်းမှ ရှောင်ကြဉ်သူသည်..........
         ဥာဏ်ကောင်းခြင်း ဥာဏ်ထက်မြက်ခြင်း  ဟုဆိုအပ်သော အကျိုးတရားတို့ ဖြစ်သည်။
                 ရွံရှာမုန်းတီးခံရသူ၏ ကိုယ်ကျင့်တရားသည် ကံငါးပါးကို ဖောက်ပြန်စွာ ကျင့်သုံးခြင်းဖြစ်သည်။
ထိုကံငါးပါးကို ဖောက်ပြန်စွာကျင့်သုံးခြင်း၏ အပြစ်တို့ ဟူသည်မှာ............
၁။     ။သူတစ်ပါးအသက်ကို သတ်သောသူသည်............
ပါဏာတိပါတ် ၊သူ့ သက်သတ်က ၊ချို့ လတ်အင်္ဂါ ၊မွဲပြာရုပ်သွင် ၊အားအင်ယိုယွင်း၊ လျင်ခြင်းလည်းဝေး ၊
ဘေးကိုကြောက်တတ် ၊ အသက်ခန္ဓာ ၊အနားများလျက် ၊ခြွေရံပျက်ရွေ့  ၊ အသက်တိုလှ ၊ပြစ်များလှ၏....ဟု
ဆိုသလို ...
         ခြေလက်အင်္ဂါ ချို့ ယွင်းခြင်း
         ရုပ်သွင်မွဲပြာခြင်း
         အားအင်ယိုယွင်းခြင်း
         လျင်မြန်ဖျက်လက်မှုကင်းခြင်း
         အနာရောဂါပေါများခြင်း
         အခြွေအရံပျက်ပြားခြင်း
အသက်တိုခြင်း
၂။     ။သူတစ်ပါးဥစ္စာကို ခိုးယူသောသူသည်..........
         စည်းစိမ်ဥစ္စာနည်းပါခြင်း
         စည်းစိမ်ဥစ္စာ မခိုင်မြဲခြင်း
         မင်းစသော ရန်သူမျိုးငါးပါး ဆက်ဆံခြင်း
၃။     ။သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားသောသူသည်........
         မိစ္ဆာစာရ ၊ကျူးလွန်ကမူ ၊မုန်းကြလူများ ၊ရန်သူပွား၏ ၊ ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်ရွေ့ ၊
မိန်းမပဏ္ဍုတ် ၊ မျိုးယုတ်ခါခါ ၊ မျက်နှာမလှ ၊ အရှက်ရလျက် ၊လက္ခဏာ အိနြေ္ဒ ၊ ယွင်းသွေချိုသိမ် ၊
စိုးရိမ်များစွာ ၊ ချစ်သူကွာ၏ ၊ သေခါနောက်ဘဝ ၊ငရဲကျ၏...ဟုဆိုသလို
         လူမုန်းများခြင်း
         ရန်သူပေါများခြင်း
         လာဘ်ရှားပါးခြင်း
         ချမ်းသာကင်းဆိတ်ခြင်း
         မိန်းမပဏ္ဍုတ် (ဝါ)အခြောက်ဖြစ်ရခြင်း
         အမျိုးယုတ်ခြင်း
         မျက်နှာမလှခြင်း
         အရှက်ရခြင်း
         ခြေလက်အင်္ဂါ ချို့ ယွင်းခြင်း
         စိုးရိမ်မှုများရခြင်း
         ချစ်သောသူနှင့် ကွဲကွာရခြင်း
         သေပြီးသည်မှ နောက်ဘဝတွင် အပါယ်ငရဲကျခြင်း
၎။     ။လိမ်ညာပြောဆိုသော သူသည်..........
         မညီညာသော သွားများရှိခြင်း
         ခံတွင်းမှ မကောင်းသောအနံ့ ရှိခြင်း
၅။     ။သေရည်အရက်သောက်သော သူသည်........
         ဥာဏ်ထိုင်းခြင်း ဟုဆိုအပ်သော အပြစ်များဖြစ်သည်။
လူ့ ပတ်ဝန်းကျင်တွင် ချစ်ခင်လေးစားကြည်ညိုခံရသူသည် ကံငါးပါးကို စောင့်ထိန်ခြင်းဟုဆိုအပ်သော
ကိုယ်ကျင့်တရားကောင်းကြောင့် ဖြစ်သလို လူအများ၏ ချစ်ခင်လေးစားကြည်ညို ခံရလိုလျှင် ကိုယ်ကျင့်
တရားကို ကောင်းဖို့ လိုပေလိမ့်မည်.။ မောင်သုညသည် နောက်ဆုံးတွင်  လူအများ၏ ချစ်ခင်လေးစားကြည်
ညိုခြင်းကို ခံရလေသည်။
ဘာကြောင့်နည်း...........
ကိုယ်ကျင့်တရားကောင်းခြင်းကြောင့်ဖြစ်သည်...။  ချစ်ခင်လေးစားကြည်ညိုခြင်းကို ခံရသော မောင်သုည
လို  ကိုယ်ကျင့်တရား ချမ်းသာကြသူများဖြစ်ကြပါစေဟု တိုက်တွန်းရင်း....................
                                                                                 သာကီမင်းသားလေး
                                                                                   ကျေးဇူးတင်ပါသည်
Friday, 16 November 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း=၃
                လူလေးတစ်ယောက်တည်း ထိုင်ပြီး ဘာတွေစဉ်းစားနေတာလဲ......။ ဘာစဉ်းစားနေရမှာလဲ
ဒီနေ့ (11.11.2012) မနက်က မြေငလျင်လှုပ်တာရယ်....အခုညနေခင်း မြေငလျင်လှုပ်တာရယ်ကိုပေါ့.......။
ဘာလို့ များ သက်မဲ့ ဖြစ်တဲ့  ဟော့ဒီ မဟာပထဝီမြေကြီးက လှုပ်ရတာလဲ.....။
သူတစ်ပါးတို့ ကို  ထိတ်လန့်  သံဝေဂ ရစေလိုသောကြောင့် ဖြစ်မယ်...။လူလေးတို့ နိုင်ငံက  လူကြီးတွေဟာ
                  ကျုပ်ကြားဖူးတာတော့  မြေကိုထန်းထားတဲ့  ငရဲသားတွေက  ဘယ်ဘက်ပခုံးညောင်းလို့ 
ညာဘက်ပခုံးကို ပြောင်းတယ် ၊ ညာဘက်ပခုံးညောင်းလို့  ဘယ်ဘက် ပခုံးသို့ ပြောင်းတယ်လို့  ရှေးလူကြီး
တွေ ပြောတာကို ကြားဖူးတာပဲ.....။ဘယ်ကလာ....ဟုတ်ရမှာလဲ...လူလေး...ရာ။ ပေါက်ပေါက် ချာချာ...။
ဒါဆို  မြေငလျင် လှုပ်ရခြင်း အကြောင်းကို ဖိုးသူတော်ကြီး သိတယ်ပေါ့..။သိပါပကော....လူလေး..ရာ...။
ဒါဆို ကျနော့်ကို ပြောပြပါလား.. ကျနော်လည်း ဗဟုသုတ ရတာပေါ့...။ ဟုတ်ပါပြီတဲ့...။
                 ဓာတ်ချောက်ချားအင် ၊ တန်ခိုးရှင်တို့ ၊ ဘိညာဉ်စွမ်းအား ၊ ဈန်ကစားနှင့် ၊မြတ်ဖျာစိန္တေ ၊
ပရမေတို့ ၊ သန္ဓေယူခါ ၊ ဖွားရာတလှစ် ၊ ဘုရားဖြစ်တည့် ၊  မိန့် လစ်ဓမ္မစက် ၊တချက်အာယု ၊စွန့် လွတ်မှုက ၊
အနုပါဒီ ၊ နိဗ္ဗာန်မှီသည် ၊ ရှစ်လီမြေကြီး လှုပ်ကြောင်းတည်း...။
၁/ ဓာတ်ချောက်ချားခြင်းကြောင့်၎င်း
၂/တန်ခိုးရှင်တို့  ဈန်ကစားခြင်းကြောင့်၎င်း
၃/ဘုရားလောင်းတော် ပဋိသန္ဓေ ယူတော်မူခြင်းကြောင့်၎င်း
၎/  ဘုရားလောင်းတော် ဖွားမြင်တော်မူခြင်းကြောင့်၎င်း
၅/ ဘုရားဖြစ်တော်မူခြင်းကြောင့်၎င်း
၆/ ဓမ္မစကြ်ာတရား ဟောတော်မူခြင်းကြောင့်၎င်း
၇/အာယုသင်္ခါရ လွတ်တော်မူခြင်းကြောင့်၎င်း
၈/ ပရိနိဗ္ဗန်ပြုတော်မူခြင်းကြောင့်၎င်း............တဲ့။ ကဲ...လူလေး သိပြီလား........။ အဲ့လောက် အကျဉ်းပြော
ရုံလေးနဲ့  ဘယ်လိုလုပ် နားလည်မှာလဲ ...။သေချာလေး ရှင်းပြပေးပါလား ဖိုးသူတော်ကြီး ..ရာ..။
ချစ်သားအာနန္ဒာ  မြေငလျင်ပြင်းစွာလှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ ကား ရှစ်ပါးတို့ ရှိကုန်၏ ။
ရှစ်ပါးတို့  ဟူသည်မှာ.......................
၁။     ။ ချစ်သား အာနန္ဒာ မဟာပထဝီမြေကြီးသည် ရေတွင် တည်၏ ၊ ရေသည် လေတွင် တည်၏ ၊
လေသည် ကောင်းကင်တွင် တည်၏ ၊ ချစ်သားအာနန္ဒာ လေပြင်းစွာ တိုက်ခတ်သောအခါ ထိုလေပြင်း
တို့ သည် ရေကို လှုပ်စေကုန်၏ ၊ လှုပ်သော ရေသည် မြေကို လှုပ်စေ၏  ၊
þကား  မြေငလျင် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်းအထောက်အပံ့တည်း............။
၂။     ။ချစ်သားအာနန္ဒာ တဖန် ထို့ ပြင်လည်း တန်ခိုးရှင်ဖြစ်သော အဘိညာဉ်စိတ်တွင် လေ့လာပြီးသော
 သမဏကဖြစ်စေ ဗြာဟ္မဏကဖြစ်စေ ကြီးသောတန်ခိုးအာနုဘော်ရှိသော နတ်ကဖြစ်စေ အားနည်းသော
မြေကသိုဏ်း ဈန်သညာနှင့် အားကြီးသော ရေကသိုဏ်း ဈန်သညာကို ပွာများပြီးလျင် မြေကြီးကို
လှုပ်စေတတ်၏ တုန်လှုပ်စေတတ်၏ ပြင်းစွာတုန်လှုပ်စေတတ်၏ သွက်သွက်ခါ တုန်လှုပ်စေတတ်၏
þကား မြေငလျင်ပြင်းစွာ လှုပ်ခြင်း၏  နှစ်ခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း....။
၃။     ။ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း ဘုရားလောင်းတော် တုသိတာနတ်ပြည်မှ စုတေပြီး
သတိရှိလျက် သမ္ပဇဉ်ရှိလျက် သတိသမ္ပဇဉ်လက်မလွတ်ပဲ အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ
မြေကြီးသည် လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏
þကား မြေငလျင် ပြင်းစွာ လှုပ်ခြင်း၏ သုံးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း...။
၎။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း ဘုရားအလောင်း သတိရှိလျက် သမ္ပဇဉ်ရှိလျက်
သတိသမ္ပဇဉ်လက်မလွတ်ပဲ အမိဝမ်းတိုက်မှ ဖွားမြင်တော်မူသောအခါ မြေကြီးသည် လှုပ်တတ်၏
တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏ ၊
þကား မြေငလျင်ပြင်းစွာ လှုပ်ခြင်း၏ လေးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း.....။
၅။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ္မာသမ္ဗောဓိ
ဥာဏ်ကို ရတော်မူသောအခါ ( ဘုရားဖြစ်တော်မူသည်ကို ဆိုလိုသည် ) မြေကြီးသည် လှုပ်တတ်၏
တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏၊
þကား မြေငလျင် ပြင်းစွာ လှုပ်ခြင်း၏  ငါးခုမြောက်ဖြစ်သော အကြောင်းအထောက်အပံ့တည်း.....။
၆။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း  မြတ်စွာဘုရားသည် အမြတ်ဆုံးသော ဓမ္မစကြာတရား
ဟောကြားတော်မူသောအခါ မြေကြီးသည် လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏
သွက်သွက်ခါ တုန်လှုပ်တတ်၏ ၊
þကား  မြေငလျင် ပြင်းစွာ လှုပ်ခြင်း၏  ခြောက်ခုမြောက်သော အကြောင်းအထောက်အပံ့တည်း.....။
၇။     ။ ချစ်သား အာနန္ဒာ  တဖန် ထို့ ပြင်လည်း မြတ်စွာဘုရားရှင်သည် သတိရှိလျက် သမ္ပဇဉ်ရှိလျက်
အာယုသင်္ခါရကို စွန့် လွတ်တော်မူသောအခါ  မြေကြီးသည် လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်
လှုပ်တတ်၏ သွက်သွက်ခါ တုန်လှုပ်တတ်၏ ၊
þကား မြေငလျင် ပြင်းစွာလှုပ်ခြင်း၏ ခွန်နှစ်ခုမြောက်သော အကြောင်းအထောက်အပံ့တည်း.....။
၈။     ။ ချစ်သား အာနန္ဒာ တဖန် ထို့ ပြင်လည်း မြတ်စွားဘုရားရှင် ခန္ဓာနာမ်ရုပ် အကြွင်းမရှိသည့်
ငြိမ်းချမ်းခြင်းသဘော==အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ မြေကြီးသည်
လှုပ်တတ်၏ တုန်လှုပ်တတ်၏ ပြင်းစွာတုန်လှုပ်တတ်၏ သွက်သွက်ခါတုန်လှုပ်တတ်၏ ၊
þကား မြေငလျင် ပြင်းစွာလှုပ်ခြင်း၏ ရှစ်ခုမြောက်သော အကြောင်းအထောက်အပံ့တည်း.....။
             ချစ်သား အာနန္ဒာ မြေငလျင် ပြင်းစွာလှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ ကား
þရှစ်ပါးတို့ ပေးတည်း ဟု မိန့် တော်မူလေ၏.......။
ကဲ .....လူလေး....ရှင်းပါပြီနော်.......။
ဒီနေ့ တော့.......ဒီလောက်နဲ့ ....တော်ကြဦးစို့ .....လူလေး..ရယ်.....။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ရှိခိုးဦးခိုက်လျက်.........
                                                                              သာကီမင်းသားလေး
Saturday, 10 November 2012
သားသ္မီးမဲ့ မိဘများ
              အခုတလော တော်တော်များများတွေ့နေမြင်နေရတဲ့, ကြားနေရတဲ့ အကြောင်းတွေက မိဘမဲ့ ကလေးတွေရှိသလို သားသမီးမဲ့ မိဘတွေလည်းတွေ့နေ ကြားနေရတယ်၊ သီတင်းကျွတ်လပြည့်နေ့နဲ့လည်းတိုက်ဆိုင်နေတော့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။ မိဘမဲ့သားသမီးဆိုတာကတော့ မိဘကွယ်လွန်သွားလို့ မိဘမဲ့ဖြစ်ရသလို သားသမီးမဲ့မိဘဆိုတာကတော့ သားသမီးတွေက သေသွားလို့မဟုတ်ပါဘူး၊ သားသမီးတွေက မိဘတွေကို စွန့်သွားလို့ သားသမီးမဲ့ ဖြစ်ရ
တာပါ၊ တစ်ချို့လည်းမိဘတွေကို ပြုစုရကောင်းမှန်းမသိကြသလို မပြုစုချင်ကြတာ တွေနဲ့ မေ့နေကြတာတွေရှိကြတယ်၊
သားသမီးတွေရှိပါလျက်နဲ့ သားသမီးမဲ့ဖြစ်ရတဲ့ မိဘတွေ တစ်ကမ္ဘာလုံးနဲ့ကြည့်မယ်ဆို ဘယ်လောက်တောင်များလိမ့်မလဲ မှန်းဆကြည့်နိုင်ပါတယ်။
ဒီတော့ကား အကြောင်းကိုစိစစ်ဖို့လိုလာသည်၊ ဘာကြောင့် မိဘတွေ သားသမီးမဲ့ဖြစ်ရတာလဲ၊ ၊ သားသမီးတွေ
ကရော ဘာကြောင့် မိဘတွေကို ပစ်သွားရကြတာလဲ၊ အကြောင်းနှစ်ချက်ကိုအဖြေရှာကြည့်ဖို့လိုသည်။
ပထမအနေနဲ့ ဘာကြောင့် မိဘတွေဟာ သားသမီးမဲ့ဖြစ်ရတာလဲ?
မိဘတွေမှာ ကျင့်ဝတ်ငါးပါးရှိတယ်…..
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြာခြင်းလျင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ၊ တဲ့၊
နံပါတ်-၁ မကောင်းမြစ်တာ တဲ့ မိဘတွေဟာ သားသမီးတွေကို ငယ်ငယ်ကတည်းက သူတစ်ပါးအသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးခြင်း၊ သူတစ်ပါးသားမယားကို ကျူးလွန်စော်ကားခြင်းတွေဟာ မကောင်းတဲ့အလုပ်တွေပဲ ဒါတွေကို မလုပ်ရဘူး၊ လုပ်ရင်ဘာဖြစ်တတ်တယ်စသည်ဖြင့် မကောင်းမှုမှ တားမြစ်ရမယ်၊ ဆုံးမရမည်ဖြစ်သည်၊ ဒီအကြောင်းအရာတွေကို မိဘတွေကိုယ်တိုင်က လိုက်နာဖို့လိုသည်၊ ကိုယ်တိုင်က စံပြဖြစ်ပါမှ ဆုံးမလို့အဆင်ပြေသည်။ ဆုံးမရဲသည်၊ ဆုံးမရာမှာ အားရှိသည်၊ ကိုယ်ဘက်ချွတ်ယွင်း
နေရင် ဆုံးမရတာ မှာ အားမရှိ ဆုံးမ မရဲဖြစ်ရသည်၊ ဒါကြောင့်ကိုယ်ကိုယ်တိုင်ပြည့်စုံနေရင်တော့ အကောင်းဆုံ့း
ဖြစ်သည်။ ဆုံးမရာ၌လည်း မကောင်းတာမှန်သမျှတားမြစ်ဆုံးမရမည် သားသမီးကိုချစ်လို့ စိတ်ဆင်းရဲသွားမှာ
စိုးလို့ မဆုံးမ မတားမြစ်ပဲထားရင် မိမိခေါင်းပေါ်ကျော်ခွသွားမည်ပင်ဖြစ်သည်၊ အဲဒီအခါကျမှ ဒီကောင် ဒီကောင်မ ရိုင်းလိုက်တာဟု ပြောလို့မဖြစ်၊ ငယ်ငယ်ကတည်းက မိမိ သေချာ မဆုံးမခဲ့လို့ဖြစ်တာပဲ ဟု ဖြေသိမ့်ရုံ
သာရှိသည်။ နောက်ပြီး ဒီသားသမီးက လိမ္မာလို့၊ မလိမ္မာလို့၊ စကားနားထောင်လို့ ၊ နားမထောင်လို့ဆိုပြီး ခွဲခြားဆုံးမစရာမလို၊ ဆုံးမသင့်တာကို တန်းတူထား၍ဆုံးမရမည်၊ သို့မဟုတ်လျင် သူ့ကျတော့ ပြောတယ်၊ သူ့ကျတော့မပြောဘူး ဖြစ်လာနိုင်သည်။
နံပါတ် - ၂ . ကောင်းရာညွှန်လတ် တဲ့၊ သားသမီးတွေကို ငယ်ငယ်ကတည်းက ဘာသာရေးမှာရော လူမှု
ရေးတွေမှာပါ ကောင်းတဲ့စရိုက်တွေ ရရှိဖို့ ဆုံးမသွန်သင်ပေးရမည်၊ အထူးသဖြင့်ဘာသာရေးဖက်မှာ ဗုဒ္ဓ
အဆုံးအမတွေနဲ့ တစ်နေ့ တစ်ကြောင်းဖြစ်ဖြစ် တစ်လုံးဖြစ်ဖြစ် ရင်းနှင်းကျွမ်းဝင်မှုရှိအောင်လုပ်ပေးဖို့လိုသည်၊
ငယ်ရွယ်စဉ်မှာ ဒါနသီလဘာဝနာတွေပြောပြဖို့မလို၊ ကြီးလာလျင် အဆုံးအမတွေက သူ့အလိုလိုသင်ပေးသွားမည်သာဖြစ်သည်။အခုဆို နေရာတိုင်းမှာလိုလို ကလေးယဉ်ကျေးလိမ္မာသင်တန်းတွေ
ဖွင့် ပေးနေကြသည်။ ဒီလိုသင်တန်းမျိုးတွေကို သားသမီးတွေကိုတက်ရောက်ခိုင်းဖို့ တက်ရောက်ချင်စိတ်ဖြစ်အောင်တိုက်တွန်းပေးရမည်ဖြစ်သည်။
နံပါတ် - ၃ ..... အတတ်သင်စေ တဲ့..
ဒါက အရေးကြီးသည် ဘာပညာမှမရှိတဲ့ကလေး ဘာအသိပညာ ဘာဆင်ခြင်ဥာဏ်မှရှိမည်မဟုတ်၊ ဒါကြောင့်
မကောင်းမှုတစ်ခုကို ကျုးလွန်ဖို့ သူ့အတွက်ဘာမှဝန်မလေး လွယ်လွယ်ကူကူနဲ့လုပ်သွားမည်သာဖြစ်သည်။
ပညာသင်ကြားရာ၌ စာဖတ်တတ်ရုံနဲ့မပြီးသေး၊ အတတ်ပညာကနေ အသိပညာရအောင်အသိပညာကနေ သင်ခန်းစာတွေအထိပါယူတတ်အောင်သင်ယူတတ်ဖို့လိုသည်၊ ဆရာတွေနဲ့တင်သင်နေလို့မဖြစ်သေး မိဘကလည်း အိမ်ရောက်လာရင် ထိန်းသိမ်းကြပ်မတ် ပေးသင့်ကပေးရမည်သာဖြစ်သည်၊ ပညာမတတ်သောသူကိုဘယ်အလုပ်ဌာနကမှ အလုပ်လုပ်ခွင့်ပေးမည်မဟုတ်၊ လုပ်ခွင့်ရလည်း သူများအောက်ကအလုပ်ကိုသာ လုပ်ရမည်ဖြစ်သည်၊ ပညာရေးဟာ လူမှုရေး စီးပွားရေး ဘာသာရေးနယ်ပယ်အားလုံးမှာ လိုအပ်သည်သာ၊ ဒါကြောင့်သားသမီးတွေကို ငယ်ငယ်လေးကတည်းက အသိပညာတွေရအောင်သင်ပေးရမည်ဖြစ်သည်။
နံပါတ် ၄.. ပေးဝေရင်းနှီး တဲ့….
မိမိတို့ဆုံးမထားသည့်အဆုံအမအားလျော်စွာ သင်ပေးထားသည့်ပညာအားလျော်စွာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ အံဝင်ခွင်ကျဖြစ် မဖြစ်၊ နေတတ်ထိုင်တတ် လုပ်တတ် ကိုင်တတ်မှု ရှိ မရှိကို လက်တွေ့ကျကျ လုပ်ကိုင်နိုင်ဖို့အတွက်အခွင့်အရေးတွေပေးရမည်၊ စီးပွားရေးလုပ်ချင်လျင် စီးပွားရေးလုပ်ဖို့ အားပေးရမည်၊အရင်းအနှီး ထုတ်ပေးရမည်၊ လူမှုရေးဆိုလည်း လူမှုရေး၊ ဘာသာရေးဆိုလည်းဘာသာရေး လက်တွေ့ကျကျလုပ်တတ်ကိုင်တတ်ဖို့ ရှုံးသည်မြတ်သည်ကိုအဓိကမထားပဲ လူ့လောကထဲမှာ ကျင်လည်လာအောင် သင့်တင့်သော အရင်းအနှီးပေးဆပ်ရမည်သာဖြစ်သည်။
နံပါတ် - ၅ ……………. ထိမ်းမြှားခြင်း တဲ့
မိဘတို့၏ နောက်ဆုံးဝတ္တရားဖြစ်သော ထိမ်းမြှားခြင်းဆိုတာ အထက်ပါ စီးပွားရေး လူမှုရေး ဘာသာရေး စတဲ့ပန်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ကျွမ်းကျင်မှုရှိလာတဲ့ သားသမီးတွေကို ထိမ်းမြှားလက်ထပ်ပေးရမည်။
မိဘတွေဘက်က ဒီကျင့်ဝတ်ငါးပါး သားသမီးတွေအပေါ်မှာ ပြည့်စုံရမည်၊ ဒီကျင့်ဝတ်ငါးပါးနှင့်သာ ပြည့်စုံလျင် ဘယ်သားသမီးမှ မိဘကို ပစ်မသွားနိုင်ပါ၊ အိမ်ထောင်မပြုသေးသော သားသမီးတွေအတွက် ကျန်ကျင့်ဝတ်လေးပါးနှင့်လည်း ပြည့်စုံသည်ဟုဆိုရမည်သာ၊
ငယ်ငယ်ကတည်း က လက်ထပ်သည့်တိုင်အောင် မကောင်းတာတွေကိုတားမြစ်လို့ ကောင်းတာတွေကိုညွန်ကြားပေးလို့ အသိပညာ အတတ်ပညာတွေကို သင်ပေးလို့ သင်ပေးထားသည့်
ပညာအားလျော်စွာ နယ်ပယ်အသီးသီးမှာ လက်တွေ့ကျကျလုပ်စေခြင်းတွေက သားကောင်းသမီးမွန်တွေဖြစ်လာစေမှာ အမှန်ပါပဲ၊
မိဘတွေဘက် ဒီလိုအချက်တွေနဲ့ ပြည့်စုံနေရပါမည်၊ ဒီအချက်တွေနဲ့ မပြည့်စုံဘူး၊ အကုန်လုံးမဟုတ်တောင်မှ
တစ်ချက် နှစ်ချက်လောက်နဲ့မှမပြည့်စုံဘူးဆိုရင် ဒီသားသမီးတွေဟာ ဆိုးရုံပဲရှိတော့တာပါ၊ မိဘကျေးဇူးဆိုတာဘာမှနားလည်မှာမဟုတ်သလို လုပ်ကျွေးဖို့လည်း စိတ်ကူးတောင်ရှိမှာမဟုတ်ပါဘူး၊ ဒီအတိုင်းဆိုရင်တော့ ဒီမိဘတွေဟာ သားသမီးတွေရဲ့ စွန့်ပစ်ခြင်းကိုခံရပါလိမ့်မယ်၊ သားသမီးက ရှေးအတိက်ပါရမီကြောင့်သော်လည်း ပတ်ဝန်ကျင်းအသိုင်းအ၀ိုင်းက အတုယူတတ်လို့ လိမ္မာရေးခြားရှိတဲ့သား
သမီးနဲ့တွေရင်တော့ ဒီမိဘ ကံကောင်းတယ်လို့ ဆိုရမည်ပင် ဒါကလည်း ရှားပါးပါလိမ့်မည်။
နောက် တစ်ချက်က ဘာကြောင့်သားသမီးတွေက မိဘတွေကို စွန့်သွားရတာလဲ? ဒီအကြောင်းကတော့အထူးရှင်းပြစရာမလိုတော့ပါ။ အထက်ပါအဆုံးအမတွေကို မနာခံရတဲ့ သားသမီးတွေဟာ မကောင်းမှု ကောင်းမှုဆိုတာလည်မသိ ဘာအတတ်ပညာ ဘာစဉ်းစားဥာဏ်မှလည်းမရှိတော့ မိဘကျေးဇူးဆိုတာလည်း မသိတော့ဘူး၊ ကြားတောင်ကြာဘူးမှာမဟုတ်ပါ၊ ဒီတော့ လုပ်ကျွေးဖို့ဆိုတာ ဝေးပြီပေါ့။
ကံကောင်းထောက်မစွာ မိတ်ဆွေကောင်း ဆရာကောင်းတွေနဲ့တွေ့မှာသာ မိဘကျေးဇူးနာလည်လာဖို့ရှိတယ်။
အားလုံခြုံကြည်မယ်ဆိုရင် သားသမီးမကောင်း မိဘခေါင်း ဆိုတဲ့အတိုင်းပဲ မိဘတွေရဲ့ အပြစ်လို့ပဲပြောဖို့ရှိပါတယ်။
နောက် တစ်ခုပြောချင်တာကတော့ သားသားမီးမီးတို့ သိထားဖို့ပါ၊ ဦးဇင်းတို့ဘုရားရှင်ရဲ့ မယ်တော် မာယာဟာလေ ဒို့ဘုရားကိုမွေးဖွားပြီး ( ၇ ) ရက်ရှိတာနဲ သေသွားတာပါ၊ သူ့သားလေးကို ဆုံးမဖို့နေနေသာ ပြုစုလုပ်ကျွေးခွင့်လေးတောင်မရလိုက်ပါဘူး၊ အထက်ကပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဦးဇင်းတို့ ဘုရားအလောင်းပေါ်မှာ မယ်တော်မာယာဟာ နဲနဲလေးမှ မိဘ၀တ္တရားမကျေပွန်ခဲ့ဘူးလို့ဆိုရမှာပါ၊ သားသမီးတစ်ယောက်အနေနဲ့ ဒီလိုအမေမျိုးကို ဘယ်လိုကျေုးဇူးမှမရှိ
ဘူးလို့တောင် တွေးကောင်းတွေးမိမှာပါ။ ဒါပေမယ့် ဦးဇင်းတို့ဘုရားရှင်က ဒီလိုမတွေးပါဘူး မိဘကျေးဇူး ကြီးမားပုံတွေကို သူ့ရဲ့ တပည့်သာဝက တပည့်ဒကာ ဒကာမတွေကို ဟောကြာတော်မူခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း တာဝတိံသာနတ်ပြည်သို့တက်ကာ မိဘကျေးဇူးဆပ်တဲ့အနေနဲ့ အဘိဓမ္မာတရားတော်ကြီးကို
ဝါတွင်းသုံးလပတ်လုံး မရပ်မနားဟောကြားတော်မူခဲ့ပါတယ်၊ တရားဟောပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားဟာ တရားထူးရသွားခဲ့ပါတယ်၊ ဒါကြောင့် ဒို့ဘုရားရှင်ဟာ မိဘကျေးဇူးကို အကြေဆပ်နိုင်ခဲ့ပါတယ်၊ နို့တစ်လုံးဖိုးသာ ကြေတယ်ဆိုတဲ့ မမှန်ကန်တဲ့ အယူတွေကိုစွန့်လွတ်ပစ်လိုက်ပါ။
ဒီနေရာမှာ မိဘကျေးဇူးဆိုတာ ဘာလဲလို့ လူပြိန်တွေး တွေးမယ်ဆိုလာရင်တော့ ၀မ်းကြာတိုက်ကနေပြီး လူ့လောက ထဲရောက်လာအောင် မွေးထုတ်ပေးခဲ့တာကိုက မိဘတွေရဲ့ ဆပ်မကုန်နိုင်တဲ့ကျေးဇူးတွေပါပဲ
မမွေးဖွားခင် စားချင်ရက်နဲ့ ၀မ်းထဲက သားလေး တစ်ခုခုဖြစ်သွားမှာစိုးလို့ မစားခဲ့ရတဲ့ ရှောင်ခဲ့ရတဲ့အစားအစာတွေ၊
ထိမ်းသိမ်းစောင့်ရှောက်ရတာတွေက မနည်းပါဘူး၊ ဒါကိုမိဘဖြစ်ဘူးတဲ့သူတိုင်းသိနိုင်ပါတယ်၊ ဒါဟာ အမေတစ်ယောက်ရဲ့ သားသမီးတွေအပေါ်မှာထားတဲ့မေတ္တာတွေပါပဲ၊
ဒါကြောင့် သားသမီးတွေအနေနဲ့ မိဘတွေဟာ မမွေးခင်ကလည်း ရှောင်ရဆောင်ရတဲ့ ဒုက္ခတွေ၊ မွေးဖွားချိန်ကျပြန်တော့ လည်း သေမင်းနဲ့ နင်လားငါးလား အလုအယက် မွေးဖွားခဲ့ရတဲ့ဒုက္ခတွေ ဒီလိုအသက်နဲ့
လုပြီး မိမိကို လူ့လောကထဲရောက်အောင် ရောက်လာပြန်တော့ လူလားမြောက်အောင် ပိုးမွေးသလိုမွေးပြီး ပြုစုလုပ်ကျွေးခဲ့တာတွေနဲ့တင် မိဘကျေးဇူးတွေက များနေပါပြီ၊ အဲဒီလို ရှေးရှေးဘုရားလောင်းသူတော်ကောင်းကြီးတွေရဲ့ နှလုံးကိုမူကာ မိဘကျေးဇူးကိုနာလည်သိမြင်ပြီး၊ နာလည်သိမြင်သည့်အလျောက် မိဘကျေးဇူးကို ဆပ်နိုင်အောင်ကြိုးစားနိုင်သော သားလိမ္မာသမီးလိမ္မာလေးတွေဖြစ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ဘုရားရှင်ရဲ့ မိဘကျေးဇူးဆပ်တရားဟောပြီးလုပြည့်ပြန်ဆင်းလာသည့်နေ့ ကိုအကြောင်းပြုကာ ဒို့ပို့စ်လေးကိုရေးလိုက်ရပေသည်.။
                                                                                           သာကီမင်းသားလေး
                                                                                     ၂၇.၁၀ ၂၀၁၂ စနေနေ့
Tuesday, 16 October 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း -၂
           လူမောင်တစ်ယောက် ဆရာတော်၏ ဝေယျာဝစ္စကို ပြုလုပ်ပေးပြီး ဖိုးသူတော်ကြီ ရှိရာသို့ ထွက်လာခဲ့သည် ။ ဘုရာကျောင်းနား အရောက် အသံကြားလို့ နားစွင့်နေမိ၏ ။ ထိုအသံပိုင်ရှင်ကား ဖိုးသူတော်ကြီး၏ မေတ္တာပို့  အမျှဝေနေသော အသံဖြစ်သည်။
ဖိုးသူတော်ကြီး စောစောက မေတ္တာပို့  အမျှဝေနေတဲ့ အထဲမှာ ယမမင်းပါတယ် မဟုတ်လား ။ယမမင်းကို
ဘာပြုလို့ အမျှဝေရတာလဲ....ရှင်းပြပါဦး.....။
ဒီလိုကွယ့်.....လူလေးရ.......
          ယမမင်းဆိုတာ  စတုမဟာရဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းကိုပင်
ယမမင်းလို့ တယ်။ တစ်ခါတစ်ရံ နတ်စည်းစိမ်ခံစားပြီး တစ်ခါတစ်လေမှာမူ မကောင်းမှုကံအကျိုးကို
၇ိုးရိုးပြိတ္တာများကဲ့သို့  ခံစားရရှာသေးတယ်။ ထိုယမမင်းကား.....တစ်ယောက်သာမက အများအပြားပင်
ရှိလေသည်။ လူ့ဘုံမှာ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း  ငရဲဘုံမှာ တစ်ခါးလေးဘက်တွင်
ရုံးစိုက်ကြပြီးလျှင် ငရဲသို့ ရောက်လာသူများကို စစ်ဆေးမေးမြန်းကြ၏။    သို့ သော် ငရဲသို့  ရောက်လာသူတိုင်း  စစ်ဆေးခံရသည် မဟုတ် ၊ အကုသိုလ်ကြီးပြီး ပြစ်မှုထင်ရှားသူတို့ မှာ
တစ်ခါတည်း ငရဲကျကုန်၏ ။ အကုသိုလ်နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့်
ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပေသည်။ ထို့  ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလိုသည်
မဟုတ်၊ လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့်
အလားတူပင်တည်း။
              ငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး အပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။
ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံ
ပို့ခြင်း ငရဲသို့  ရောက်ပြီးသူများကို လက်မရွံ့အာဏာသားတို့ကဲ့သို့  ရက်စက်ကြမ်းကြုတ်စွာ သတ်ရိုက်
ပုတ်နက်ခြင်းပင်တည်း။  ငရဲမီးစသော အန္တရာယ်တို့ လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ
ဥတုဇရုပ်များ ဖြစ်ရကား ငရဲံခံရမည့်သူများသာ  ပူလောင်ပြီး  ငရဲထိန်းတို့  သည် မပူလောင်ပါ။
             လူလေး.........
ကြားဖူးနားဝရှိအောင် ဘုရားဟောပါဠိတော်လာ ယမမင်း၏ စစ်တမ်းကို အကျဉ်းချုပ်ပြောပြဦးမယ်။
လူ့ ပြည်မှာ ရှိနေသော ကလေး ၊ သူအို ၊သူနာ ၊ သူသေ၊ အကျဉ်းသမား  အဲ့ဒီငါးဦးကို ယမမင်း
စေလွတ်အပ်သော တမာန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတဟု ခေါ်ရသည်။
စစ်ဆေးလေ့ရှိသည်။
စစ်ဆေးပုံက .....ဒီလိုကွယ့်...လူလေး.........
ယမမင်း။         ။ မောင်မင်း လူ့  ပြည်မှာတုန်းက မိမိကျင်ကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ
ငရဲသား။         ။  တွေ့ ခဲ့ဖူးပါသည် ဘုရား။
ယမမင်း။         ။မိမိကိုယ်ကို နားလည်သောအရွယ်သို့ ရောက်သောအခါ  ထိုကလေးများကို ကြည့်ရှုပြီး
ငါသည် ဘာ မှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ ရာ  နောင်အခါ ပဋိသန္ဓေနေရပေဦးမည်။
ပဋိသန္ဓေ နေရခြင်း သဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနယ် ကိုယ် နုတ် စိတ်များကို
စောင့်စည်းလျှက် ကောင်းကောင်းကြီးနေမှတော်တော့မည်ဟု အကြံအစည်များ မဖြစ်ခဲ့ဖူးလား မောင်မင်း
ဟု အလွန်ကြင်နာစွာ မေးသည်။
ငရဲသား။         ။ ကျနော် မေ့လျှော့သည့် အတွက်  ကုသိုလ်ကောင်းမှုတွင် စိတ်မဝင်စားနိုင်ခဲ့ပါ။
ယမမင်း ။        ။ မောင်မင်း.....မကောင်းမှုကို ဆွေမျိုးဥာတကာ ဆရာမိဘ စသူတို့ က ပြုပေးကြသည်
မဟုတ် ၊ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်ပြီး မိမိပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျှော့သူတို့ ထုံးစံအတိုင်း
မောင်မင်း ခံရပေတော့မည်။
               သည်နည်းအတိုင်း သူအိုကို ညွန်ပြပြီး ဒုတိယတစ်ကြီမ်မေး၏ ၊ သူနာကို   ညွန်ပြပြီး
တတိယတစ်ကြိမ်မေး၏၊ သူသေကို ညွန်ပြပြီး စတုတ္ထ တစ်ကြိမ်မေး၏၊ အကျဉ်းသမားကို ညွန်ပြပြီး
ပဉ္စမအကြိမ်မေး၏။ ငါးကြိမ်တိုင်အောင် မေးပြီးလို့  မှ  ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင်
ယမမင်းကိုယ်တိုင် .....ထိုသူ  ကုသိုလ်ပြုစဉ်က မိမိအား  အမျှဝေခဲ့ဖူးသလားဟု  စဉ်းစား၏၊
စဉ်းစားလို့ ရလျှင်  ထိုကုသိုလ်ကို ဖော်ပြော၏ ။ယမမင်းက ဖော်ပြောခြင်းကြောင့် ဖြစ်စေ မိမိဘာသာ
သတိရခြင်းကြောင့်ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တပြိုင်နက် ငရဲမှ လွတ်မြောက်ပြီး နတ်ပြည်ရောက်
သူလည်း အမျာပင်ရှိ၏။  ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။
ယမမင်းကိုယ်တိုင်  စဉ်းစားပြီး  မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲသတ္တဝါတို့ ကို
ငရဲထိန်းတို့ ယူဆောင်လျှက် အမျိုးမျူိး နှိပ်စက်ကြလေတော့သည်။
ဒါကြောင့်.........ယမမင်းကို အမျှဝေရတာပေါ့........လူလေးရယ်..........
ဒီနေ့  တော့ ... ဒီလောက်နဲ့ တော်ကြဦးစို့ ...........လူလေး..........။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ဦးခိုက်ရှိခိုးလျှက်..........
                                                                              သာကီမင်းသားလေး
Saturday, 13 October 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း -၁
             ဖိုးသူတော်ကြီး ဦးဖိုးထိုက်သည် ရွာဦးကျောင်း ဆရာတော် ဦးဇောတိက၏ လက်ရင်းစွဲ တပည့်ကြီး ဖြစ်သည်။ ဖိုးသူတော်ကြီး ဦးဖိုးထိုက် အပြင် တခြားညအိပ်ညနေ ကျောင်းသားဆိုလို့
ကျောင်းသားလေး မောင်လူအောင် တစ်ယောက်သာရှိသည်။ ဖိုးသူတော်ကြီးသည် ကျောင်းသားလေး
မောင်လူအောင်ကို လူလေးဟု ခေါ်ဆိုလေ့ရှိ၏။ ထို့အတူ  မောင်လူအောင်ကလည်း ဖိုးသူတော်ကြီး
ဦးဖိုးထိုက်ကို ကိုယ့်ထက်အသက်ကြီးလင့်ကစား ရင်းနှီးစွာပင် ဖိုးသူတော်ကြီးဟု ခေါ်လေ့ရှိ၏။
           ဖိုးသူတော်ကြီးသည် ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို နာမည်နှင့်လူသည် တကယ်ပင်
လိုက်ဖက်၏။ ဘာသာရေးကို လေ့လာလိုက်စားသူဖြစ်ပြီး လူမျိုးရေးကို ပိုပြီးလေ့လာ၏။
နိုင်ငံရေးကိုတော့ဖြင့် ဘာမှမသိရှာ။ ဖိုးသူတော်ကြီးသည် ဘာသာရေးကို လေ့လာလိုက်စားသူအလျှောက်
နံနက်အိပ်ယာထလျှင် ဦးစွာပထမ ဘုရားဝတ်ပြုသည်။...ပြီး...ပရိတ် ပဋ္ဌာန်း စသည်တို့ ကို အချိန်ရရင်
ရသလို ရွတ်ဖတ်လေ့ရှိ၏။
          မောင်လူအောင်လည်း ...သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေးစကား၊နေ့တိုင်းကြားက ၊ထူးခြားလိမ္မာ၊ ရှိသည်သာတည်း...ဆိုသလို အားရင် စာထိုင်ဖတ်လေ့ရှိ၏ ။ မသိတာရှိရင် ဖိုးသူတော်ကြီးကို
မေးပြီး တစ်ခါတစ်လေ ကြပြန်တော့လည်း စမ်းချင်သလိုလိုနဲ့ မေးတတ်သည်။...ဖိုးသူတော်ကြီး....
ဖိုးသူတော်ကြီး...ဟ...လူလေး...မင်းဟာက ..အလန့်တကြားနဲ့...ဘာလဲ...။ ကျုပ်စာဖတ်နေတာ
မရှင်းတာလေးရှိလို့ လာမေးတာပါ။ ...ကဲ...လာကွာ...ဖိုးသူတော်ကြီးကို ဘာမေးမှာလဲ...။
ဖိုးသူတော်ကြီးသည် ထိုကဲ့သို့ အာဘော်အာရင်း သန်သန် ပြောလေ့ရှိ၏ ။
          လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...
ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...
တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း....တဲ့။ အဲ့ဒါ...ရှင်းပြပါဦး...။...ဒီလိုကွ...။
လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...ဆိုတာက  ငါတို့  ဘိုးဘွားပိုင်ဖြစ်တဲ့ ဟော့ဒီ
အမိမြန်မာပြည်ထဲကနေ လူမျိုးခြား ဘာသာခြားတွေကို တစ်စိတ်တစ်ဒေသ ရောင်းလိုက်မယ်ဆိုပါစို့။
...ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း...။
ဟုတ်တယ်နော်....ဟုတ်ပါတယ်...။...အေး...ကိုယ်ပိုင်တဲ့  ဟောဒီ အမိမြန်မာ့မြေ တစ်စိတ်တစ်ဒေသကို
ရောင်းလိုက်လို့  သူကပိုင်သွားတယ်။ ကိုယ်ကရောင်းလို့  သူပိုင်တဲ့အတွက်ကြောင့် ကိုယ်က ဖယ်ပေးရ
တာကို ဆိုလိုတယ် ။
                                တောက်...ဘယ်လောက်  ရင်နာစရာကောင်းလဲ ဖိုးသူတော်ကြီးရာ...။
အံမယ်...မင်းက တောက်တွေ  ဘာတွေခေါက်လို့ ပါလား...။ ဟာဗျာ...ဒါဆို  ဖိုးသူတော်ကြီးက
ရောင်းမယ်ပေါ့...။ငါက...ဘာဖြစ်လို့  ရောင်းရမှာလဲ...။ သိဘူးလေ ။ ဒါဆို...သူတို့က
ဘာဖြစ်လို့ ရောင်းတာလဲ...ဘယ်သူတွေလဲ...သူတို့လေ...။ ဒါတော့...ငါ...ဘယ်သိပါ့မလဲ..
သိချင်ရင်...သူတို့တွေကို မေးကြည့်ပေါ့..။ မင်းတို့ စကား..မိုးကြိုးသွားသို့...ထားလိုက်ပါတော့ကွာ
ရှေ့ကိုဆက်ကြစို့။
                ...ထိုမျိုးခြားနဲ့...စကားရောယှက်...တစ်နံနက်မျှ...ပြောမိကြသော်...
ဝါဒရေားရာ...ရိုက်သင်းလာကြောင့်...လင်းရာအကြား...အမှောင်လား...
ယောင်ဝါးစေပါကြောင့်...တဲ့။ မှတ်ထားနော်...လူလေး ။
ထိုဘာသာခြားတွေနဲ့ ဖြစ်နိုင်ရင် စကားကို မပြောနဲ့။ အိုကွာ...ပြောကိုမှ...မပြောနဲ့။ အေး...အဲ့ဒီလို
ပြောရင် ဘာသာခြားတွေက ဝါဒရေးရာကို (တစ်နည်း)  သူတို့ဘာသာထဲကို နည်းအမျိုးမျိုးနဲ့
သိမ်းသွင်းကြတယ် ။ဘာသာခြားတွေနဲ့ စကားပြောရင်း..ပြောရင်နဲ့...ပြောတဲ့သူတွေရဲ့စိတ်ထဲမှာ
ဘယ်လိုဖြစ်လာလဲ ဆိုရင် ...လင်းရာအကြား...အမှောင်လား...တဲ့ ။
   ဥပမာကွာ...လူလေးလည်း မီးရောင်အောက်မှာ နေဖူးတာပဲ မဟုတ်လား။ ဟုတ်...နေဖူးတယ်လေ ။
ခဏတစ်ဖြုတ် မီးပျက်သွားရင် မှောင်သွားတယ် မဟုတ်လား..။...ဒါတော့...ဖိုးသူတော်ကြီး..ပြောမှလား..
ကျုပ်လည်းသိတာပေါ့...။...ဟုတ်ပါပြီ...မှောင်တော့  လူလေး ဘာမြင်ရသေးလဲ..။...ဟော့ဗျာ...
ဘယ်မြင်ရပါ့မလဲဗျ...။ အေးကွ...မှတ်ထား...အဲဒီ...ဘာသာခြားတွေနဲ့ ပြောရင် လင်းရာအကြား...
အမှောင်လား..ဆိုသလို  ကိုယ့်ဘာသာကိုတောင်  သိပ်ပြီး ဟုတ်တယ်မထင်ကြဘုး ။ ဒီတော့...
အဲ့ဒီလို မဖြစ်ရအောင်  လူလေးတို့ လို  မျိုးဆက်သစ်ကလေးတွေမှာ သတိရှိကြဖို့   အရေးကြီးတယ်။
ကဲ...ရှေ့ကိုဆက်ကြဦးစို့..။
          အကူတောင်းက...နောက်ကြောင်းတစ်နည်း...သူဖန်တည်းကြောင့်...
သမီးအပ်ရ...သားအပ်ရ...မှားတတ်လှပါကြောင့်...တဲ့ ။လူလေး ရေ...သေချားလေး မှတ်ထားပါနော်။
ဒါပိုပြီး အရေးကြီတယ် ။ကိုယ့်မှာ ဘယ်လိုပဲ အခက်ခဲ ဒုက္ခတွေ ကြုံနေပါစေ  ဘာသာခြားတွေဆီမှာ
အကူအညီ မတောင်းလိုက်ပါနဲ့။ တောင်းလို့ ရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာသလဲ...
ဒါမေးစရာ အကြောင်းရှိတယ် ။ အစပထမတော့ ဘာသာခြားတွေက အကူညီပေးသလိုလိုနဲ့ နောက်တော့
မဟုတ်ဘူးဗျာ ။ ကိုယ့်ဘာသာရဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီလေးတွေကို လိုချင်လို့ 
အကူညီပေးတာ ။  အကူညီမပေး ပေးရအောင်  မလိုချင်  လိုချင်လာအောင် တမင်တကာ ဖန်တီး
ကြတယ်ကွယ့် ။ အဲ့ဒီလို ဖြစ်လာလို့ ရှိရင်   သူတို့ ဘာသာဆီက ထောက်ပံ့မှု ရကြသတဲ့ ။ ဒါကြောင့်...
ဒင်းတို့က  ကူညီချင်ကြတာကိုး...။
                ရောင်းချင်းရောင်းလျှင်  မျိုးတူတွင်   ပြင်ဆင်ရောင်းကြပါ....။
                ပေါင်းချင်းပေါင်းလျှင်   မျိုးတူတွင်   ခင်မင်ပေါင်းကြပါ.....။
                တောင်းချင်းတောင်းလျှင်   မျိုးတူတွင်   တွင်တွင်တောင်းကြပါ.....။
နေပါဦး...ဖိုးသူတော်ကြီးရ...။ ဒီကဗျာတွေကို ...ဘယ်သူရေးတာလဲ..။  လူလေးက...မသိဘဲကိုး...။
မသိရင် မှတ်တော်မူ ။ မဟာဗောဓိမြိုင် ဆရာတော်ကြီး ရေးတော်မူသတဲ့ဗျာ...။ ဆရာတော်ကြီးက
ဘာဖြစ်လို့ ရေးတာလည်း  မသိဘူးနော်...။
လူမျိုးရေး  ဘာသာရေး  ရောထွေးစွာ နေထိုင်ကြတဲ့ တို့နိုင်ငံမှာ  သူ့ဘာသာ သူ့အမျိုး မလွမ်းမိုးနိုင်ရန်
လွမ်းမိုးရန် ဖန်တီးနေသော လုပ်ကွက်များကို သတိရှိရန် အသိပညာပေးတာပေါ့...။ ပြီးတော့...
သူ့ဘာသာ သူ့အမျိုး ဖျက်ဆီးရန် မရည်ညွန်း ကိုယ့်ဘာသာ ကိုယ့်အမျိုးကိုလည်း အခက်ချိုး မခံကြ
ရအောင် သတိပေး အသိပညာပေးတာပေါ့ကွယ်...။
                 တို့နိုင်ငံက မျိုးဆက်သစ်တွေ တိုးတက်ရစ်စေဖို့ ရှေးပညာရှိ သူတော်ကောင်းကြီးတွေက
မိန့်မှာခဲ့သေးတယ် ။ အိုးမဖုတ်ခင်...အိုးလုပ်စဉ်ဝယ်...အိုးတွင်နှိပ်ခတ်...တံဆိပ်မှတ်က...
မပြတ်မဆဲ...အိုးပင်ကွဲလည်း...အမြဲတစေ...တည်ရှိနေသို့  ...တဲ့ ။
လူလေးရေ...
အိုးလုပ်တာကို မြင်ဖူးတယ်မဟုတ်လား ။ မြေနဲ့ရေကို သမအောင်နယ်ပြီမှ အိုးဖြစ်အောင်လုပ်ပြုလုပ်ကြ
တယ် ။  လုပ်ထားတဲ့ အိုးကို အခြောက်မလန်းခင်မှာ အိုးလုပ်သူတွေက တံဆိပ်ရိုက်ကြတယ် ။
ပုံအမျိုးမျိုး ပန်းအမျိုးမျိုး ရေးဆွဲကြတယ် ။ပြီးမှ...အိုးကို ဖုတ်ကြတယ်ကွယ့် ။ မီးဖုတ်ပြီးသား အိုးဟာ
ဘယ်လောက်ထိအောင် ကွဲကြွေ မွှသွားပါစေ ရိုက်နိပ်ထားတဲ့ တံဆိပ် ပန်းအမျိုးမျိုးကလည်း
ပျက်စီးမသွားဘူးပေါ့ကွယ် ။ ထို့အတူ
            ထွေထွေသွေးသား...ကလေးများဠ်...ဘုရားတံဆိပ်...ဘာသာစိတ်ကို...
ခပ်နှိပ်နိုင်မှ...သက်ဆုံးကျအောင်...ဗုဒ္ဓဝါဒီ...စွဲလို့ တည်မည်...ကိုယ်စီခပ်နှိပ်ကြစေသတည်း...တဲ့ ။
လူလေးရေ...
တို့ အမျိုးရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မိဘဘိုးဘွားတွေ သတိထားရမယ့် အချက်ပေါ့ကွယ် ။
ပြီးတော့... လူလေးတို့   မျိုးဆက်သစ်လေးတွေကလည်း နှလုံးသားထဲမှာ  တို့ ဘာသာရဲ့ ကိုးကွယ်
အားထားရာ ဘုရားရှင်ကို စွဲတည်နေအောင် လူကြီးသူမတွေက ဆုံးမနေရတာပေါ့ကွယ်
 ဒီနေ့တော့  ဒီလောက်နဲ့ပဲ တော်ကြဦးစို့   လူလေးရယ်...။
ရှေးပညာရှိ သူတော်ကောင်းကြီးများကို အစဉ်ထာဝရ  ရှိခိုးဦးခိုက်လျှက်.....
                                                                                    သာကီမင်းသားလေး
Wednesday, 10 October 2012
လှိုင်း.....
                   လှိုင်း....တဲ့ နာမည်လေးက ချစ်စရာ။ ချစ်စရာဆိုပေမင့် လှိုင်း..ဆိုသည့် သဘောတရားသည်  တစ်နည်းအားဖြင့်  ဆိုရသော်  လှိုင်း..ဟူသည်မှာ လေဟုဆိုအပ်သော အရာနှင့် ကင်းပြီးမဖြစ်နိုင်ပါ။ လေ၏ သွားလာလုပ်ရှားမှုနှင့် သက်ဆိုင်နေ၏။ လေပြေအေးအေးလေး တိုက်ခတ်လျှင် လှိုင်းသည် နုနုလေးရိုက်ခတ်မည်။ လေထု၏ တိုက်ခတ်မှုကြမ်းလျှင်ကား လှိုင်းသည် ငြိမ်ခံနေမည် မဟုတ်ပါ။ လေ၏တိုက်ခတ်မှု ပမာဏလောက် လှိုင်းသည် ပြန်လည်တုန့် ပြန်သည့် အနေဖြင့်  လှိုင်းထန်နေပေဦးတော့မည်။..လှိုင်း..ဟု အမည်နာမပညတ် ခံထားရသည့် မိန်းကလေးသည်လည်း လူထဲက လူတစ်ယောက်ပင်။ လူရယ်လို့ ဖြစ်လာလျှင်  ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းဖြင့် ကင်းပြီး မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပါ။  ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းကြောင့် လူရယ်လို့ 
တဆက်တည်းမှာပဲ ဇရာဟုဆိုအပ်သော အိုခြင်းတရားသည်လည်း နောက်မှ ထပ်ကြပ်မကွာ အရိပ်ပမာလို  တကောက်ကောက်လိုက်နေပေဦးမည်။ နုပျိုလှပခြင်းဟာ အိုမင်းရင့်ရော်ခြင်းမှာ ဆုံးသလို  ဇာတိပဋိသန္ဓေ္ဓ္ဓနေခြင်းသည်လည်း မရဏဟုဆိုအပ်သော သေခြင်းမှာ ဆုံးပေလိမ့်မည်။ ဇာတိမှ  မရဏသို့  မရောက်မှီ ကြားကာလတွင် စိတ်၏စေခိုင်းတိုက်တွန်းမှုကြောင့် ..လှိုင်း..ဆိုသည့် မိန်ကလေးလည်း လောကဓံတရား ရှစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ ရတော့မည်။
                                                                                                    သာကီမင်းသားလေး