ကျွန်ုပ်၏ တစ်နေ့ တာ လုပ်ငန်းစဉ်မှာ လူတိုင်းမလုပ်ချင်သော အလုပ်ဖြစ်၏။ လူတိုင်းမလုပ်ချင်သော အလုပ်ဆိုပြီး တစ်မျိုးတော့ မတွေးလိုက်ပါနှင့်။ ထိုအလုပ်ကား စာကျက်ခြင်း တည်းဟူသော အလုပ်ပင်ဖြစ်ပါသည်။မှန်ပါသည် ။ ထိုစာကျက်ခြင်း အလုပ်သည် လူတိုင်းလုပ်ခြင်သော အလုပ် မဟုတ်ပါ သို့ ပေမယ့် ကိုယ့်ဘဝတိုးတက်ဖို့ အတွက်နဲ့  ဘဝရည်မှန်းချက် ပြည်စေဖို့ အရေး ဘဝကပေးသော ကိုယ့်အသိစိတ်နှင့်ကို လုပ်ရသော အလုပ်ဖြစ်ပါသည်။ စာကျက်ခြင်း အလုပ်သည် အသက်ကြီးလေ ပိုပြီးပျင်လေးဖြစ်၏။ ခက်သည်ကား စိတ်ဟူသည် အာရုံတစ်မျိုးတည်းမှာ အမြဲတစေ မထားနိုင်ပါ ၊တစ်ခါလေတော့လည် စိတ်ထွက်ပေါက်ကို လူတိုင်းရှာကြစမြဲ မဟုတ်ပါလား၊ကျွန်ုပ်လည်း လူတစ်ယောက်ပေမို့  ပျင်းတဲ့  အခါဆို စိတ်ထွက်ပေါကို ရှာမိပါသည်။ တစ်ခြားတော့ မဟုတ်ပါ။ လ္ဘက်ရည်ဆိုင်ထိုင်ခြင်းဖြစ်ပါသည်။ ယခုခေတ် လ္ဘက်ရည်ဆိုင်တိုင်းမှာ သီချင်း(သို့ မဟုတ်) ဇာတ်ကားတွေကို ပြသလေ့ရှိ၏။ တစ်နေ့ မှာ ကျွန်ုပ်လည်း ပျင်းပျင်းရှိနေတာနှင့် လ္ဘက်ရည်ဆိုင်ကို ထွက်လာသည်၊ ထိုအချိန် ဆိုင်တွင်းမှာ မြန်မာဇာတ်ကားပြသထား၏။ ဖိုးထင်အမည်ရှိသော ဇာတ်လမ်းဖြစ်သည်၊ ထိုဇာတ်ကားကို အကျဉ်းရှုံးပြီး တင်ပြပါတော့မည်။တစ်နေ့ မှာ ဇာတ်ကောင်မင်းသားထံကို မင်းသ္မီးသည် မခေါ်ပဲနှင့်ရောက်လာခဲ့၏၊ သူတစ်ယောက်တည်းတော့ မဟုတ်ပါ ငါးလအရွယ် ကိုယ်ဝန်လွယ်ထားရသော သန္ဓေသားလေးပါခဲ့ သည်။ ကိုးလကျော် ဆယ်လကိုလည်းရောက်ရော မီးဖွားခဲ့ ၏၊ မီးဖွားရင်းပင် မိခင်သည် ပြန်နှင်မထုတ်ပဲ ဇာတ်ကောင်မင်းသားထံမှ ထွက်ခွာသွားတော့သည်။ ကလေးကား မိန်းကလေးဖြစ်သည် ထိုမိန်းကလေးကို လှိုင်း......လို့ နာမည်မည့်လိုက်၏။ ကျွန်ုပ်လည်း ကျွန်ုပ်နေရာကို ပြန်လာရင်း အတွေးတစ်ခု ပါလာခဲ့  သည်၊ ထိုအတွေးကား လှိုင်း...ဟူသော နာမည်ဖြစ်ပါသည်။
လှိုင်း....တဲ့ နာမည်လေးက ချစ်စရာ။ ချစ်စရာဆိုပေမင့် လှိုင်း..ဆိုသည့် သဘောတရားသည် တစ်နည်းအားဖြင့် ဆိုရသော် လှိုင်း..ဟူသည်မှာ လေဟုဆိုအပ်သော အရာနှင့် ကင်းပြီးမဖြစ်နိုင်ပါ။ လေ၏ သွားလာလုပ်ရှားမှုနှင့် သက်ဆိုင်နေ၏။ လေပြေအေးအေးလေး တိုက်ခတ်လျှင် လှိုင်းသည် နုနုလေးရိုက်ခတ်မည်။ လေထု၏ တိုက်ခတ်မှုကြမ်းလျှင်ကား လှိုင်းသည် ငြိမ်ခံနေမည် မဟုတ်ပါ။ လေ၏တိုက်ခတ်မှု ပမာဏလောက် လှိုင်းသည် ပြန်လည်တုန့် ပြန်သည့် အနေဖြင့် လှိုင်းထန်နေပေဦးတော့မည်။..လှိုင်း..ဟု အမည်နာမပညတ် ခံထားရသည့် မိန်းကလေးသည်လည်း လူထဲက လူတစ်ယောက်ပင်။ လူရယ်လို့ ဖြစ်လာလျှင် ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းဖြင့် ကင်းပြီး မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပါ။ ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းကြောင့် လူရယ်လို့ 
တဆက်တည်းမှာပဲ ဇရာဟုဆိုအပ်သော အိုခြင်းတရားသည်လည်း နောက်မှ ထပ်ကြပ်မကွာ အရိပ်ပမာလို တကောက်ကောက်လိုက်နေပေဦးမည်။ နုပျိုလှပခြင်းဟာ အိုမင်းရင့်ရော်ခြင်းမှာ ဆုံးသလို ဇာတိပဋိသန္ဓေ္ဓ္ဓနေခြင်းသည်လည်း မရဏဟုဆိုအပ်သော သေခြင်းမှာ ဆုံးပေလိမ့်မည်။ ဇာတိမှ မရဏသို့  မရောက်မှီ ကြားကာလတွင် စိတ်၏စေခိုင်းတိုက်တွန်းမှုကြောင့် ..လှိုင်း..ဆိုသည့် မိန်ကလေးလည်း လောကဓံတရား ရှစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ ရတော့မည်။
လောကဓံတရား ရှစ်ပါးဟူသည် လာဘ..လာဘ်ရခြင်း၊ အလာဘ..လာဘ်မရခြင်း၊ ယသ..အခြံအရံ ရှိခြင်း၊ အယသ..အခြံအရံမရှိခြင်း၊ နိန္ဒ.. ကဲ့ရဲ့ ခြင်း၊ပသံသ..ချီးမွှမ်းခြင်း၊ သုခ..ချမ်းသာခြင်း၊ ဒုက္ခ..ဆင်းရဲခြင်းတို့ ပေးတည်း။ စိတ်ဟုဆိုအပ်သောလေ၏ စေခိုင်းတိုက်တွန်မှုနည်းလျှင် လောကဓံတရားနှင့်နည်ပြီး ရင်ဆိုင်ရလိမ့်မည်၊ စိတ်၏ဟုဆိုအပ်သောလေ၏ စေခိုင်းတိုက်တွန်းမှု များလျှင်းကား အထူးပြောစရာ လိုမည်မထင်ပါ။ လူသားတိုင်း ထို့ အတူပင်ဖြစ်၏
ထိုကြောင့် ယခုလက်ရှိဘ၀မှာ ချမ်သာသည် ဆင်းရဲသည် ရှိစေဦးတော့၊ သေသည်မှ နောက်ဖြစ်ခြင်သော ဘ၀၌ ချမ်းသာဖို့ ဆိုရင် တစ်နည်းအားဖြင့် ဘ၀ကူးကောင်းဖို့ ဆိုရင်တော့ ဘ၀ကူးလက်မှတ်လိုပေလိမ့်မည်။ ထိုဘ၀ကူးလက်မှတ်ကို ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မည်သူ့ ဆီကိုမှ လက်ဖြန့်တောင်းနေစရာ မလိုပါ။ ကိုယ့်ကိုယ်၌သာ ပြန်လည်တောင်းရမည်။ ထိုလက်မှတ်ကား ကုသလကမ္မလို့ ဆိုသည့် ကုသိုလ်ကံပင် ဖြစ်သည်။ ကုသိုလ်ကံဟုဆိုအပ်သော လက်မှတ်ကို ရယူဖို့ မမေ့လျော့ခြင်း သတိတရား လိုအပ်ပါသည်။ သုံးခွင်ပရမေ တို့စိန္တေကား မိန့် ကြားခဲ့သည်မှာလည်း " သတိတစ်လုံး အစဉ်သုံး အဆုံးနိဗ္ဗူတာ" ...တဲ့ ..။ အရာရာတိုင်း အမှုကိစ္စတိုင်းမှာ သတိတရားနှင့် ပြည့်စုံကြပါစေ.......။
သာကီမင်းသားလေး
ဘ၀ကူးကောင်းတဲ့ လက်မှတ်လေးအတွက်ကျိုးစားနေမိတယ်
ReplyDelete