ရထဗျူဟာ၊ လေးဖြာခင်းကျင်း၊
စစ်ဆင်ခြင်ဖြင့်၊ မင်းရှစ်မျက်နှာ၊
ဧကာကွက်စီ၊ အညီမလွဲ၊
စစ်ကဲထောင့်လေး၊ ဆင်ရေးလည်းကောင်း၊
ရှေ့တစ်လောင်းလျက်၊ မျဉ်းကြောင်းရှစ်ကွက်၊
ထောင့်တက်မြင်းသွား၊ ရထားတူရှု့၊
နယ်မူရှေ့တစ်၊ တဆစ်ထို့ ပြင်၊
ဆင်မဏ္ဍရေး၊ ခြောက်ဆယ့်လေးသာ၊
ရထားမှာမူ၊ ဆယ့်ခြောက်ဟူသား၊
မှတ်ယူအာရုံ၊ လက်စွမ်းယုံတို့ ၊
ရွှေခုံအပြင်၊ စစ်တုရင်သို့ ၊
မြင်းဆင်ရထား၊ ခြေသည်များနှင့်၊
ဆင်သွားမြင်းသွား၊ ရထားနယ်တက်၊
ကပ်လျက်လိမ်ကာ၊ ပူးခါသော့အား၊
ပြားရွေ့မကွဲ၊ အားသွန်ခဲပြီး၊
စစ်ကဲဝန်းရံ၊ မင်းပါခံလည်း၊
မကြံနိုင်စွာ၊ ကြံရာမရ၊
လက်မှိုင်ချလျက်၊ တို့ ကသာသေ၊
သူကခွေရွေ့၊ သရေစရိုး၊
မရှိနိုးတည့်..............။
မန်လည်ဆရာတော်
သာကီမင်းသားလေး
တင်ပြသည်။
No comments:
Post a Comment