ဖိုးသူတော်ကြီး ဦးဖိုးထိုက်သည် ရွာဦးကျောင်း ဆရာတော် ဦးဇောတိက၏ လက်ရင်းစွဲ တပည့်ကြီး ဖြစ်သည်။ ဖိုးသူတော်ကြီး ဦးဖိုးထိုက် အပြင် တခြားညအိပ်ညနေ ကျောင်းသားဆိုလို့ 
ကျောင်းသားလေး မောင်လူအောင် တစ်ယောက်သာရှိသည်။ ဖိုးသူတော်ကြီးသည် ကျောင်းသားလေး
မောင်လူအောင်ကို လူလေးဟု ခေါ်ဆိုလေ့ရှိ၏။ ထို့အတူ မောင်လူအောင်ကလည်း ဖိုးသူတော်ကြီး
ဦးဖိုးထိုက်ကို ကိုယ့်ထက်အသက်ကြီးလင့်ကစား ရင်းနှီးစွာပင် ဖိုးသူတော်ကြီးဟု ခေါ်လေ့ရှိ၏။
ဖိုးသူတော်ကြီးသည် ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို နာမည်နှင့်လူသည် တကယ်ပင်
လိုက်ဖက်၏။ ဘာသာရေးကို လေ့လာလိုက်စားသူဖြစ်ပြီး လူမျိုးရေးကို ပိုပြီးလေ့လာ၏။
နိုင်ငံရေးကိုတော့ဖြင့် ဘာမှမသိရှာ။ ဖိုးသူတော်ကြီးသည် ဘာသာရေးကို လေ့လာလိုက်စားသူအလျှောက်
နံနက်အိပ်ယာထလျှင် ဦးစွာပထမ ဘုရားဝတ်ပြုသည်။...ပြီး...ပရိတ် ပဋ္ဌာန်း စသည်တို့ ကို အချိန်ရရင်
ရသလို ရွတ်ဖတ်လေ့ရှိ၏။
မောင်လူအောင်လည်း ...သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေးစကား၊နေ့တိုင်းကြားက ၊ထူးခြားလိမ္မာ၊ ရှိသည်သာတည်း...ဆိုသလို အားရင် စာထိုင်ဖတ်လေ့ရှိ၏ ။ မသိတာရှိရင် ဖိုးသူတော်ကြီးကို
မေးပြီး တစ်ခါတစ်လေ ကြပြန်တော့လည်း စမ်းချင်သလိုလိုနဲ့ မေးတတ်သည်။...ဖိုးသူတော်ကြီး....
ဖိုးသူတော်ကြီး...ဟ...လူလေး...မင်းဟာက ..အလန့်တကြားနဲ့...ဘာလဲ...။ ကျုပ်စာဖတ်နေတာ
မရှင်းတာလေးရှိလို့  လာမေးတာပါ။ ...ကဲ...လာကွာ...ဖိုးသူတော်ကြီးကို ဘာမေးမှာလဲ...။
ဖိုးသူတော်ကြီးသည် ထိုကဲ့သို့ အာဘော်အာရင်း သန်သန် ပြောလေ့ရှိ၏ ။
လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...
ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...
တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း....တဲ့။ အဲ့ဒါ...ရှင်းပြပါဦး...။...ဒီလိုကွ...။
လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...ဆိုတာက ငါတို့  ဘိုးဘွားပိုင်ဖြစ်တဲ့ ဟော့ဒီ
အမိမြန်မာပြည်ထဲကနေ လူမျိုးခြား ဘာသာခြားတွေကို တစ်စိတ်တစ်ဒေသ ရောင်းလိုက်မယ်ဆိုပါစို့။
...ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း...။
ဟုတ်တယ်နော်....ဟုတ်ပါတယ်...။...အေး...ကိုယ်ပိုင်တဲ့ ဟောဒီ အမိမြန်မာ့မြေ တစ်စိတ်တစ်ဒေသကို
ရောင်းလိုက်လို့  သူကပိုင်သွားတယ်။ ကိုယ်ကရောင်းလို့  သူပိုင်တဲ့အတွက်ကြောင့် ကိုယ်က ဖယ်ပေးရ
တာကို ဆိုလိုတယ် ။
တောက်...ဘယ်လောက် ရင်နာစရာကောင်းလဲ ဖိုးသူတော်ကြီးရာ...။
အံမယ်...မင်းက တောက်တွေ ဘာတွေခေါက်လို့ ပါလား...။ ဟာဗျာ...ဒါဆို ဖိုးသူတော်ကြီးက
ရောင်းမယ်ပေါ့...။ငါက...ဘာဖြစ်လို့  ရောင်းရမှာလဲ...။ သိဘူးလေ ။ ဒါဆို...သူတို့က
ဘာဖြစ်လို့ ရောင်းတာလဲ...ဘယ်သူတွေလဲ...သူတို့လေ...။ ဒါတော့...ငါ...ဘယ်သိပါ့မလဲ..
သိချင်ရင်...သူတို့တွေကို မေးကြည့်ပေါ့..။ မင်းတို့ စကား..မိုးကြိုးသွားသို့...ထားလိုက်ပါတော့ကွာ
ရှေ့ကိုဆက်ကြစို့။
...ထိုမျိုးခြားနဲ့...စကားရောယှက်...တစ်နံနက်မျှ...ပြောမိကြသော်...
ဝါဒရေားရာ...ရိုက်သင်းလာကြောင့်...လင်းရာအကြား...အမှောင်လား...
ယောင်ဝါးစေပါကြောင့်...တဲ့။ မှတ်ထားနော်...လူလေး ။
ထိုဘာသာခြားတွေနဲ့ ဖြစ်နိုင်ရင် စကားကို မပြောနဲ့။ အိုကွာ...ပြောကိုမှ...မပြောနဲ့။ အေး...အဲ့ဒီလို
ပြောရင် ဘာသာခြားတွေက ဝါဒရေးရာကို (တစ်နည်း) သူတို့ဘာသာထဲကို နည်းအမျိုးမျိုးနဲ့
သိမ်းသွင်းကြတယ် ။ဘာသာခြားတွေနဲ့ စကားပြောရင်း..ပြောရင်နဲ့...ပြောတဲ့သူတွေရဲ့စိတ်ထဲမှာ
ဘယ်လိုဖြစ်လာလဲ ဆိုရင် ...လင်းရာအကြား...အမှောင်လား...တဲ့ ။
ဥပမာကွာ...လူလေးလည်း မီးရောင်အောက်မှာ နေဖူးတာပဲ မဟုတ်လား။ ဟုတ်...နေဖူးတယ်လေ ။
ခဏတစ်ဖြုတ် မီးပျက်သွားရင် မှောင်သွားတယ် မဟုတ်လား..။...ဒါတော့...ဖိုးသူတော်ကြီး..ပြောမှလား..
ကျုပ်လည်းသိတာပေါ့...။...ဟုတ်ပါပြီ...မှောင်တော့ လူလေး ဘာမြင်ရသေးလဲ..။...ဟော့ဗျာ...
ဘယ်မြင်ရပါ့မလဲဗျ...။ အေးကွ...မှတ်ထား...အဲဒီ...ဘာသာခြားတွေနဲ့ ပြောရင် လင်းရာအကြား...
အမှောင်လား..ဆိုသလို ကိုယ့်ဘာသာကိုတောင် သိပ်ပြီး ဟုတ်တယ်မထင်ကြဘုး ။ ဒီတော့...
အဲ့ဒီလို မဖြစ်ရအောင် လူလေးတို့ လို မျိုးဆက်သစ်ကလေးတွေမှာ သတိရှိကြဖို့  အရေးကြီးတယ်။
ကဲ...ရှေ့ကိုဆက်ကြဦးစို့..။
အကူတောင်းက...နောက်ကြောင်းတစ်နည်း...သူဖန်တည်းကြောင့်...
သမီးအပ်ရ...သားအပ်ရ...မှားတတ်လှပါကြောင့်...တဲ့ ။လူလေး ရေ...သေချားလေး မှတ်ထားပါနော်။
ဒါပိုပြီး အရေးကြီတယ် ။ကိုယ့်မှာ ဘယ်လိုပဲ အခက်ခဲ ဒုက္ခတွေ ကြုံနေပါစေ ဘာသာခြားတွေဆီမှာ
အကူအညီ မတောင်းလိုက်ပါနဲ့။ တောင်းလို့ ရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာသလဲ...
ဒါမေးစရာ အကြောင်းရှိတယ် ။ အစပထမတော့ ဘာသာခြားတွေက အကူညီပေးသလိုလိုနဲ့ နောက်တော့
မဟုတ်ဘူးဗျာ ။ ကိုယ့်ဘာသာရဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီလေးတွေကို လိုချင်လို့ 
အကူညီပေးတာ ။ အကူညီမပေး ပေးရအောင် မလိုချင် လိုချင်လာအောင် တမင်တကာ ဖန်တီး
ကြတယ်ကွယ့် ။ အဲ့ဒီလို ဖြစ်လာလို့ ရှိရင် သူတို့ ဘာသာဆီက ထောက်ပံ့မှု ရကြသတဲ့ ။ ဒါကြောင့်...
ဒင်းတို့က ကူညီချင်ကြတာကိုး...။
ရောင်းချင်းရောင်းလျှင် မျိုးတူတွင် ပြင်ဆင်ရောင်းကြပါ....။
ပေါင်းချင်းပေါင်းလျှင် မျိုးတူတွင် ခင်မင်ပေါင်းကြပါ.....။
တောင်းချင်းတောင်းလျှင် မျိုးတူတွင် တွင်တွင်တောင်းကြပါ.....။
နေပါဦး...ဖိုးသူတော်ကြီးရ...။ ဒီကဗျာတွေကို ...ဘယ်သူရေးတာလဲ..။ လူလေးက...မသိဘဲကိုး...။
မသိရင် မှတ်တော်မူ ။ မဟာဗောဓိမြိုင် ဆရာတော်ကြီး ရေးတော်မူသတဲ့ဗျာ...။ ဆရာတော်ကြီးက
ဘာဖြစ်လို့ ရေးတာလည်း မသိဘူးနော်...။
လူမျိုးရေး ဘာသာရေး ရောထွေးစွာ နေထိုင်ကြတဲ့ တို့နိုင်ငံမှာ သူ့ဘာသာ သူ့အမျိုး မလွမ်းမိုးနိုင်ရန်
လွမ်းမိုးရန် ဖန်တီးနေသော လုပ်ကွက်များကို သတိရှိရန် အသိပညာပေးတာပေါ့...။ ပြီးတော့...
သူ့ဘာသာ သူ့အမျိုး ဖျက်ဆီးရန် မရည်ညွန်း ကိုယ့်ဘာသာ ကိုယ့်အမျိုးကိုလည်း အခက်ချိုး မခံကြ
ရအောင် သတိပေး အသိပညာပေးတာပေါ့ကွယ်...။
တို့နိုင်ငံက မျိုးဆက်သစ်တွေ တိုးတက်ရစ်စေဖို့ ရှေးပညာရှိ သူတော်ကောင်းကြီးတွေက
မိန့်မှာခဲ့သေးတယ် ။ အိုးမဖုတ်ခင်...အိုးလုပ်စဉ်ဝယ်...အိုးတွင်နှိပ်ခတ်...တံဆိပ်မှတ်က...
မပြတ်မဆဲ...အိုးပင်ကွဲလည်း...အမြဲတစေ...တည်ရှိနေသို့  ...တဲ့ ။
လူလေးရေ...
အိုးလုပ်တာကို မြင်ဖူးတယ်မဟုတ်လား ။ မြေနဲ့ရေကို သမအောင်နယ်ပြီမှ အိုးဖြစ်အောင်လုပ်ပြုလုပ်ကြ
တယ် ။ လုပ်ထားတဲ့ အိုးကို အခြောက်မလန်းခင်မှာ အိုးလုပ်သူတွေက တံဆိပ်ရိုက်ကြတယ် ။
ပုံအမျိုးမျိုး ပန်းအမျိုးမျိုး ရေးဆွဲကြတယ် ။ပြီးမှ...အိုးကို ဖုတ်ကြတယ်ကွယ့် ။ မီးဖုတ်ပြီးသား အိုးဟာ
ဘယ်လောက်ထိအောင် ကွဲကြွေ မွှသွားပါစေ ရိုက်နိပ်ထားတဲ့ တံဆိပ် ပန်းအမျိုးမျိုးကလည်း
ပျက်စီးမသွားဘူးပေါ့ကွယ် ။ ထို့အတူ
ထွေထွေသွေးသား...ကလေးများဠ်...ဘုရားတံဆိပ်...ဘာသာစိတ်ကို...
ခပ်နှိပ်နိုင်မှ...သက်ဆုံးကျအောင်...ဗုဒ္ဓဝါဒီ...စွဲလို့ တည်မည်...ကိုယ်စီခပ်နှိပ်ကြစေသတည်း...တဲ့ ။
လူလေးရေ...
တို့ အမျိုးရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မိဘဘိုးဘွားတွေ သတိထားရမယ့် အချက်ပေါ့ကွယ် ။
ပြီးတော့... လူလေးတို့  မျိုးဆက်သစ်လေးတွေကလည်း နှလုံးသားထဲမှာ တို့ ဘာသာရဲ့ ကိုးကွယ်
အားထားရာ ဘုရားရှင်ကို စွဲတည်နေအောင် လူကြီးသူမတွေက ဆုံးမနေရတာပေါ့ကွယ်
ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြဦးစို့  လူလေးရယ်...။
ရှေးပညာရှိ သူတော်ကောင်းကြီးများကို အစဉ်ထာဝရ ရှိခိုးဦးခိုက်လျှက်.....
သာကီမင်းသားလေး
No comments:
Post a Comment