မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Tuesday 13 August 2013

ပန်းတိုင်ဆီသို့ ( ၅ )

ဒေ၀ဒေ၀ါ
ဝတိံသာက
က္ဋန္ဒာနတ်မင်း
ဆံကျစ်တော် ဌာပနာသွင်းလို့
စူဠာမဏိ ပထိုးတော်
တည်ထားပူဇော်
ကိုးကွယ်တော်မူခဲ့ပြီ......
အတိတ်
ဟိုး...အတိတ်ဆီ
ကဿပဘုရားလက်ထက်
သဟာယဖြစ်ခဲ့တဲ့
ဃဋိကာရဗြဟ္မာ
ပရိက္ခရာရှစ်ပါးနှင့်အတူ
ကြာသင်္ကန်းအစုံကိုယူခဲ့တယ်...
အလောင်းမင်းးးး
ယင်းကြာသင်္ကန်းအစုံကို
ဝတ်ရုံ၍ ရဟန်းပြုပါလေ.....
ဃဋိကာရဗြဟ္မာမင်း
အလောင်းမင်း၏ ပုဆိုးအစုံကိုယူ
အကနိဋ္ဌာဘုံ၌
န၀ရတ်ကိုးစုံဖြင့်ပြည့်စေလျှက်
ဒုဿစေတီ
ကိုးကွယ်တော်မူခဲ့လေသတည်း......။

သာကီမင်းသားလေး

No comments:

Post a Comment