မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Tuesday 4 December 2012

ဗေဒါလမ်း(၁) မယ့်လမ်းပါလား

* ပန်းနီလာ
   ဗေဒါဆင်သလို့ 
   ယဉ်လှတယ်လေး ။
   စုန်ချည်  ဆန်ချည်နဲ့ 
   ဒီချောင်းရေ  ဗေဒါလမ်းမှာ
   တန်းစီလို့  လေး ။

* အိုအချင်း  ကျူရိုးရှင်...။
   မဗေဒါ  ပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင် ။
   စံပယ်လှ  ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း ။
   သူ့ လိပ်ပြာ အခြံအရံနဲ့ 
   သူ့ စံရာ သူပျော်မွေ့
   ပြေးတွေ့ချင်စမ်း ... တဲ့ ။

* တွေ့ချင်တဲ့  စေတနာရယ် ... ။
   ငယ်ကျွမ်းဆွေ  လွမ်းဝေတေးပေမို့ 
   အေးချိုလှတယ် ။
   လိပ်ပြာက ဝတ်ရည်သယ်၊ စံပယ်က  မအား ။
   ပွင့်ဖူးတဝေဝေနဲ့
   ဒီချောင်ရေ  ဗေဒါလမ်း
   မယ့်လမ်းပါလား ။

* အိုအချင်း ကျူရိုးရှင် ... ။
   မဗေဒါ ပြာလဲ့လန်း ၊ ကမ်းကပ်ပြန်ချင် ။
   ဟိုအကွေ့မှာလ
   ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျို့ခင်ရဲ့အနွဲ့။
   ပျို့လက်မှာ  မယ်ဗေဒါက
   ဟိုမျက်နှာ  ချစ်တုံ့ပုန်းကို
   ပြုံးကြည့်ချင်ငဲ့ ... တဲ့ ။

* ကြည့်ချင်တဲ့   စေတနာရယ် ...။
   သနားဖွယ်  ချစ်ဖွယ်တေးပေမို့ ၊ အေးချိုလှတယ် ။
   ချစ်စနိုးရယ်နဲ့
   မြစ်ရိုးက  အပြာခြယ်ကို ၊ ပျို  နယ်လိုက်လေမလား ။
   ပွင့်ဖူးတဝေဝေနဲ့ 
   ဒီချောင်းရေ ဗေဒါလမ်း
   မယ့်လမ်းပါလား ။

* အိုအချင်း  ကျူရိုးရှင် ... ။
   မဗေဒါ  ပြာလဲ့လန်း ၊ ကမ်းကပ်ပြန်ချင် ။
   ထီးတော်က  တချွှင်ချွှင် ၊ ကွင်းပြင်က ဘုရား ။
   နေမင်း  ညိုချိန်တန်ပေါ့
   နိဗ္ဗာန်ကို  စိတ်ကြံကူး
   ဖူးချင်လျက်သား ... တဲ့ ။

* ဖူးချင်တဲ့ စေတနာရယ် ။
   နိဗ္ဗန္ဒာ  ဂီတာတေးပေမို့ ၊အေးချိုလှတယ် ။
   ကျွတ်ဆုကို   ရွယ် ၊ လွယ်ပါတော့ အရ။
   ပွင့်ဖူးတဝေဝေနဲ့ 
   ဒီချောင်းရေ ဗေဒါလမ်း ၊ မယ့်လမ်း  သာပါ့ ။
 
* ချောင်းရေက  ဖောင်၊ တောင်လေက သွေး ။
   ရွင်လင်းယဉ်  မြိုင်မြိုင်နဲ့ 
   ပန်းတိုင်ကို  ပန်းခိုင်ဆိုက်အောင်
   အားစိုက်ပါလေး ။

*    *    *    *    *
(၁၉၅၇-၁၉၅၉)

  

No comments:

Post a Comment