* ဒီချောင်းမှာ သာ ၊ ကြာပါပေါ့လား ။
မဗေဒါ ပြာနွဲ့နှောင်းငဲ့
ချောင်းတန်တန် ရေငန်ရပ်မှာ ၊ စွဲတတ်နိုင်အား ။
* သူ့ စိတ်နဲ့ သူ့ ကိုယ် ။
ချောင်းတစ်ခွင် မြင်သမျှ ၊ ချောင်းလှဖို့ ကို ။
ဘုတ်မက ချိုချင်ချို ၊ ဗျိုင်းညိုက အောက်ချင်အောက် ။
ချေင်း ကောက်ချင်ကော ။
* သူ့ လမ်းနဲ့ သူ့ အမြင် ။
ချောင်းဒီရေ နေသမျှ ၊ ချောင်းလှဖို့ ပင် ။
ချောင်းဖျားက ထက်တစ်ခွင် ၊ ပင်လယ်အောက်တစ်လွှား
စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော ၊ မျောကြမနား ။
* ဒီချောင်းမှာ သာ ၊ ကြာချင်လှလေး ။
ကျူရိုးမောင် ရွှေသျှောင်စောင်းငဲ့
ချောင်းတန်တန် ရေငန်ထဲ ၊ စွဲချင်လှ လေး ။
* * * * *
(၁၉၅၉-၁၉၆၀ )
Monday, 24 December 2012
ဖိုးသူတော်ကြီးပြောသော ဘာသာရေးရှင်းတမ်း- ၎
လူလေး ဘယ်ကပြန်လာတာလဲ... ဘယ်ကမှ..မဟုတ်ပါဘူးဗျာ..။ ဖိုးသူတော်ကြီးဆီကိုပဲ တကူးတက လာခဲ့တာပါ ။ ဒါနဲ့ ဖိုးသူတော်ကြီး အခုတလော အလုပ်ရှုပ်နေတာ တွေ့ တယ် ။ ဘာတွေ
လုပ်နေတာလဲ.... စာကြည့်တိုက်ဖွင့်ဖို့ ရယ် ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း အောင်လက်မှတ်
တွေလုပ်နေလို့  အလုပ်ရှုပ်နေတာကွယ့်..။ ဟုတ်လား...ဘယ်တော့ သင်မှာလဲ နွေရာသီ ကလေးတွေ
ကျောင်းပိတ်ရက်ပေါ့ကွယ်...ဘုရားစာတွေချည်း သင်ရတာ ပျင်းစရာ ကောင်းတာပေါ့ဗျာ ..။ ဘယ်ဟုတ်ပါ့
မလဲကွယ်..ကလေးတွေကို english speaking & grammar တွေပါ သင်ပေးမှာပေါ့ ...ဟုတ်ပါပြီဗျ ။
ဖိုးသူတော်ကြီးက ဘာဖြစ်လို့ သင်ပေးတာလဲ ..ရည်ရွယ်ချက်ကို ပြောပြပါဦး..ဒီလိုကွယ်....။
ခုခေတ်လူငယ်တွေ တော်တော်များများဟာ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ယဉ်ကျေးမှု တရားတွေနဲ့
တော်တော်လေး ကင်းကွာနေကြတယ် ။ ဘုရားတန်ဆောင်း ကျောင်းကန်တွေကို သူတို့ လေးတွေ သွားရမှာ အပျော်ဘက်တွင်သာ အချိန်ကုန်နေကြတယ် ။ ဘဝမှာ အနေပျော်ရင် အသေခက်တာကို
သူတို့ လေးတွေ မသိကြဘူးကွယ် ။ ဒီတော့ ဘဝမှာ အနေတတ်ပြီး အသေမြတ်ရအောင်လို့  သင်ပေးတာ
ပေါ့ကွယ် ။ နောက်ပြီး ရှိသေးတယ်ကွယ့် ကိုယ့်ဘာသာ ကိုယ့်လူမျိုး ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးမှု ရှိမှ
ဘာသားခြား လူမျိုးခြားတွေရဲ့ လိမ်လည်ဖျားယောင်းမှုကို မခံရမှာ ။ အထူးသဖြင့် အမျိုးသမီးတွေပေါ့ကွယ်။
အခုခေတ် အမျိုးသမီးတွေဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား သိပ်လုပ်ချင်ကြတယ် ။ အဖြူလာလည်း ကြိုက်လိုက်
တာပဲ အမဲလာလည်း ကြိုက်တာပဲ ဒါတွေကို ကြိုမြင်လို့  ရှေးစာဆိုကြီးတစ်ဦးက ခပ်ရင့်ရင့် စကားလုံးတွေ
နဲ့ ရေးခဲ့တာ ရှိတယ် ။ ဆိုစမ်းပါဦး ဖိုးသူတော်ကြီးရ..အဟမ်း..အဟမ်း..။ ဟော့ ...ဖိုးသူတော်ကြီးက
ကောင်းနေရင်လုပ်ပြီး..အော်..လူလေးကလည်း အသံနေ အသံထားနဲ့ ဆိုရမှာမို့ လည်ချောင်းရှင်းတာပါ ။
နားထောင်နော်..သောက်သုံးမကြတဲ့...နောက်ဆုံးအထကို ပြောရမှာဖြင့်...ဘီးကျိုးပါ့မယ့်..မာစတာရဲ့
တစ်ခုနဲ့ပဲ ...ဒင်းတို့ အထကို..ရှင်းပြပြီူးသား ဖြစ်နေလို့ ..အရှည်ကို မပြောတော့ပါဘူး..သူတို့ တတွေက
ဘယ်ဘဝကမှ ..ပြောမရတာမို့ ..သဘောတော်ရှိသာ...ကြာဗျာပါနဲ့..ယောရောရှိသာ..ဖာသာသာရဲ့လို့ 
ဆရာခမျာ..အဖြစ်တစ်နုန်းမချဲ့..ရှစ်လုံးဖွဲ့လေးနဲ့..ဟောလို့ ပြန်တာက ..တရုတ်လာလဲ..ငါတွဲလိုက်မှာ
ကုလားလာစ..ငါကကြိုက်တာ..ဂျပန်လာတော့..ငါနော့ချင်တာ..ယောရောရှိ..ဂွစိဂွစိပါ...လို့ စာချိုးခဲ့တာပေါ့
ကွယ် ။ ဒီတော့ သူတို့ လေးတွေကို ကိုယ့်ဘာသာ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့ရင်းနှီးမှုရှိ
အောင် သွန်သင်ဆုံးမပေးရမှာက တာဝန်သိသူတွေမှာ တာဝန်ရှိတာပေါ့ကွယ် ။ ဒါကြောင့်လည်း
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆုံးမသြဝါဒမိန့် တော်မူခဲ့တာက..
အိုးမဖုတ်ခင် ၊ အိုးလုပ်စဉ်ဝယ် ၊ အိုးတွင်နှိပ်ခတ် ၊ တံဆိပ်မှတ်ကား ၊ မပြတ်မစဲ ၊ အိုးပင်ကွဲလည်း ၊
အမြဲတစေ ၊ တည်ရှိနေသို့ ၊ ထွေထွေသွေးသား ၊ကလေးများနှိုက် ၊ ဘုရားတံဆိပ် ၊ ဘာသာစိတ်ကို ၊
ခတ်နှိပ်နိုင်မှ ၊ သက်ဆုံးကျအောင် ၊ဗုဒ္ဓဝါဒီ ၊စွဲ၍တည်မည် ၊ ကိုယ်စီခတ်နှိပ်နိုင်စေသတည်း..လို့ 
ဆုံးမသြဝါဒပေးတော်မူခဲ့တယ် ။ ဒီတော့ နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ကလေးတွေရဲ့
နှလုံးသားထဲမှာ ကိုယ့်ဘာသာ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတရားတွေကို အသက်သေသည့်တိုင်အောင်
စွဲကျန်ရစ်နေဖို့ ဆုံးမသွန်သင် ပြုပြင်ပေးရမှာ လူကြီးတွေနဲ့ ရှင်ရဟန်းတို့ တာဝန်ပေါ့ကွယ် ။
နောက်..မင်းကွန်းဆရာတော် ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ မိန့် တော်မူတာရှိသေးတယ်။တစ်ခါက
ဆရာတော်၏ ကျောင်းတိုက်မှ ရဟန်းငယ်များ ဘာသာခြားဆိုင်မှ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူလာ
သည်ကို သိရှိရသဖြင့် ဘာဖြစ်လို့  ဒီဆိုင်က ဝယ်လာရသလဲ မေးတော်မူရာ ဒီဆိုင်က ဈေးလည်းသက်သာ
ဆက်ဆံရေးလည်းကောင်းလို့  ဝယ်လာရခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဆိုင်များက ဈေးလည်းကြီးပြီး
ဆက်ဆံရေးလည်း ညံ့လှကြောင်း လျှောက်ထားသည့်အခါ ဆရာတော်ကြီးက အေး..ဗုဒ္ဓဘာသာဆိုင်က
တစ်ဆယ်အမြတ်ယူပြီး ဘာသာခြားဆိုင်က တစ်ကျပ်ပဲ အမြတ်ယူရင်တောင် ဦးဇင်းတို့  ဗုဒ္ဓဘာသာဆိုင်မှာ
ပဲ ဈေးဝယ်ရမယ်..ဘာဖြစ်လို့ လည်းဆိုရင်..အဲဒီ ဗုဒ္ဓဘာသာဈေးဆိုင်တွေ ယူလိုက်တဲ့ အမြတ်တစ်ဆယ်
က ဗုဒ္ဓဘာသာဘုရားကျောင်းကန်တွေဆီကိုပဲ ပြန်ရောက်မှာ ဘာသာခြားတွေ ယူလိုက်တဲ့ အမြတ်
တစ်ကျပ်ကတော့ ဦးဇင်းတို့ လည်ပင်းကို ကြိုးကွင်းစွပ်မယ့်နေရာ ရောက်သွားမှာ ဟု မိန့်ကြားတောမူ
သည် ။ ဒါကိုထောက်သောအားဖြင့် ကိုယ့်ဘာသာ ကိုယ့်လူမျိုးအားလုံး အထူးသတိထား လိုက်နာကျင့်သုံး
သင့်သော လမ်းညွန်သြဝါဒစကားဆိုတာ သိသာတာပေါ့ကွယ် ။
ဒီတော့ ဖိုးသူတော်ကြီး ဘာကြောင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကိုဖွင့်လှစ်ပြီး သင်ကြား
ရသလဲဆိုရင် နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်ကြယ်ပွင့်ကလေးတွေ အနေတတ်လို့  အသေမြတ်ပြီး
နောင်ရေးစိတ်အေးရအောင်လို့ သင်ပေးတယ်လို့ မှတ်ပေါ့ကွယ် ။
လူလေးရေ...ဒီနေ့တော့ ...ဒီလောက်နဲ့ပဲ တော်ကြဦးစို့ .............။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ရှိခိုးဦးခိုက်လျက်............။
သာကီမင်းသားလေး
23. 12. 2012

Friday, 14 December 2012
ဗေဒါလမ်း (၁၅ ) သူ့ လမ်းစဉ်
* ကမ်းစပ်ကို မင်
လမုပင် အခြေကြီးနဲ့၊ အသီးတွေ ဖြိုး ။
ကမ်းခြေကို ဒီရေတိုး ၊ ပြိုလဲမှာ စိုး ။
* ကမ်းစပ်ကို မင်
ဓနိပင် ယိုင်ငိုက်လို့  ၊ ခိုင်လိုက်ကယ် ဖြိုး ။
ဓနိခိုင် အလက်ထဲက ၊ ခွဲရမှာ စိုး ။
* ကမ်းစပ်ကို မင်
လတာပြင် ငါးဖျံလူးလို့ ၊ ပျော်မြူးကြ ရိုး ။
ဒီတက်လျှင် လတာနုန်း ၊ ဒီဖုန်းမှာ စိုး ။
* စိုးပါဘု သူ့ မူရာ ။
ချောင်းတစ်ခွင် ပင်လယ်ဝက ၊ ပန်းလှ ဗေဒါ ။
ဆန်တက်ချိန်မှာ ၊ ဆန်လာနိုင်ပါဘိ ။
စုန်ဆင်းချိန်မှာ ၊ စုန်လာနိုင်ပါဘိ ။
သူ့လမ်းစဉ် သူမြင်ရဲ ၊ သူစွဲတတ်ဘိ ။

ခုနှစ်နေ့  ဘုရားရှိခိုးလင်္ကာ
၁။ ။ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင်.....။ သောင်းခွင်စင်္ကြာဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊
တောင်းပန်မှုကြောင့် ၊ ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည် ၊ ဝါဆိုလပြည့် ၊ ကြွက်မင်းနေ့ ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ ၊
သန္ဓေယူသည် ၊ နတ်လူငြိမ်းဘို့  ကိန်းပါကို ၊ နတ်လူငြိမ်းဘို့  ကိန်းပါကို.....။
၂။ ။ သန္ဓေယူခါ ၊ ဆယ်လကြာသော် ၊ မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်ကြုံ ၊ ကဆုန်လပြည့် ၊
သောကြာနေ့ ဝယ် ၊ ချမ်းမြေ့စုံစီ ၊ လုမ္ဗိနီနှိုက် ၊ မဟီလှိုက်ဆူ ၊ ဖွားတောမူသည် ၊ နတ်လူအောင်ဘို့ 
လမ်းပါကို ၊ နတ်လူအောင်ဘို့  လမ်းပါကို.....။
၃။ ။ ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနှုနယ်နှိုက် ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊
ဆယ့်သုံးနှစ်လျင် ၊ ဘုန်းသစ်လျှံဟူ ၊ စံတော်မူရွေ့၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊
နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ငြိုငြင် ၊ သံဝေပိုက ၊ ဝါဆိုလပြည့် ၊ ကျားမင်းနေ့ ဝယ် ၊ ချမ်းမြေ့ရဂုံ ၊
တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို ၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို.....။
၎။ ။ တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်ရွေ့၊ ခါတော်တပုံ ၊ ပွင့်ချိန်ကြုံက ၊ ကဆုန်လပြည့် ၊
ဆင်မင်းနေ့ ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက် ၊ ရွှေညောင်တောကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊
နေတောမူလျက် ၊ ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အရှင်းပယ်ဖျောက် ၊ အလင်းပေါက်က ၊ ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဘော်လူတို့  ငြမ်းပါကို ၊
သုံးဘော်လူတို့  ငြမ်းပါကို.....။
၅။ ။ ဘုရားဖြစ်ခါ ၊ မိဂဒါသို့ ၊ စင်္ကြာရွှေဖွား ၊ ဖြန့် ချီသွားရွေ့၊ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် ၊ မဟီအပေါင်း ၊
တိုက်တစ်သောင်းမှ ၊ ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား ၊ ဝါဆိုလပြည့် ၊ စနေနေ့ ဝယ် ၊ ကြွေ့ကြွေ့လျံတက် ၊ ဓမ္မစက်ကို ၊ မိန့် မြွက်ထွေပြား ၊ ဟောဖော်ကြားသည် ၊ တရားနတ်စည် ယွမ်းတယ်ကို ၊ တရားနတ်စည် ယွမ်းတယ်ကို.....။
၆။ ။ တရားနတ်စည် ၊ ဆော်ယွမ်းလည်က ၊ သုံးမည်ဘုံသိုက် ၊ တသောင်းတိုက်ဝယ် ၊ ကျွတ်ထိုက်သသူ ၊
နတ်လူဗြဟ္မာ ၊ သတ္တဝါကို ၊ ခေမာသောင်သို့  ၊ ဖော်ကူးတို့ ဖြင့် ၊ ဆောင်ပို့ ပြီးခါ ၊ ဝါလေးဆယ့်ငါး ၊
သက်ကားရှစ်ဆယ် ၊ စုံပြည့်ကြွယ်က ၊ ရာလေးဆယ့်ရှစ် ၊ သက္ကရာဇ်ဝယ် ၊ နယ်မလ္လာတိုင်း ၊ စံနှိုင်းမယုတ် ၊
ကုသိနာရုံ ၊ အင်ကြင်းစုံနှိုက် ၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့ ဝယ် ၊ ချမ်းမြေ့နိဗ္ဗူ ၊ စံတော်မူသည် ၊
ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို.....။
၇။ ။ နိဗ္ဗူစံပြီ ၊ ရှုမဟီသား ၊ သိင်္ဂီရွှေလှော် ၊ အလောင်းတော်ကို ၊ ထိုရော်ကဆုန် ၊ လဆုတ်ကြုံရွေ့၊
ဂဠုန်နေ့ ဝယ် ၊ ခိုးငွေ့မနှော ၊ ဓာတ်တေဇောလျှင် ၊ ရှင်စောဥာဏ်စက် ၊ ဓိဋ္ဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် ၊ မီးပူဇော်သည် ၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို ၊ မွေတော်ရှစ်စိတ်
ကြွင်းတယ်ကို.....။
ထိုခုနှစ်နေ့  ၊ ချမ်းသာမြေ့ကို ၊ ဆွေ့ဆွေ့ကြည်ဖြူ ၊ အာရုံယူလျက် ၊ သုံးလူတို့ နတ် ၊
မြတ်ထက်မြတ်သား ၊ ကိုယ်တော်ဖျားကို ၊ သုံးပါးမွန်စွား ၊ ဝန္ဒနာဖြင့် ၊ သဒ္ဓါဖြိုးဖြိုး ၊ ကျွန်ရှိခိုးသည် ၊
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်ဝ် ၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စောသော်ဝ်.....။
လယ်တီဆရာတော် ဘုရားကြီး

ဗေဒါလမ်း (၁၄ ) ချောင်းရဲ့အလှ
* ကျူရိုးရှင် မနေတတ်လို့  ၊ ရေစပ်ကိုတဲ့ ဆင်းလို့ လာ
မဗေဒါ စုန်ဆန်မျော ၊ မောတဲ့နေရာ ။
ကျူရိုးရှင့် ဝါသနာ ၊ ကဗျာနွဲ့ ချိုတေး ။
ဆန်မကုန် စုန်မခန်းမှာ ၊ ပန်းရှာလိမ့်လေး.......တဲ့ ။
* အိုအချင်း မင်းပီပီ
ရေပြည့်မှာ ဗေဒါပန်း ၊ ကမ်းနဲ့အညီ ။
ဆန်လိုက်ကြ စီရရီ ၊ တချီတချီ တကြွကြွ ။
တက်ရေမှာ မြင်နေကျ ၊ ချောင်းရဲ့အလှ ။
* အိုအချင်း ပီပီငယ်
ရေကျမှာ ဗေဒါပန်း ၊ ကမ်းစပ်ကိုဖယ် ။
ဝဲယာမှာ လတာကျယ် ၊ အလယ်မှာ ဗေဒါမ
သက်ရေမှာ မြင်နေကျ ၊ ချောင်းရဲ့အလှ ။
* တက်ရေနဲ့ သက်ရေနယ်
ဆန်မကုန် စုန်မဆုံး ၊ လုံးပတ်ချာလည် ။
ဗေဒါမ ခရီးသည် ၊ ပန်းရှာမယ် ဆိုရလဲ ။
ဒီချောင်းမှာ အလှဖွား ၊ ပွား ခဲ့ပြီပဲ ။
* * * * *
(၁၉၅၉- ၁၉၆၀ )

Tuesday, 11 December 2012
ဗေဒါလမ်း (၁၃ ) ဆိုင်ခင်းလျက်ပဲ
* အညာလှေ
အညာမြေ ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* တံငါလှေ
တံငါမြေ ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား..........တဲ့ ။
* ကမ်းစပ်မှာမြှောင်
အိုးဖောင် ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* ကမ်းစပ်မှာ မြှောင်
ဝါးဖောင် ကုန်ရောင်းဖို့ ၊ ဒီ ချောင်းမှာနား ။
ခရင်ဝါး ( ကရင်ဝါး ) ရယ်နဲ့
ဝါးမျိုးစုံ ကြုံလေခိုက် ၊ ဝယ်လိုက်ပါလား........တဲ့ ။
* ဒီလမ်းက ပန်းဗေဒါ
ဆန်ရေ စုန်ရေနဲ့
ထုံပေပေ သူမနား ၊ သွားရ ခါခါ ။
ပါပါစ ရောင်းစရာ ၊ ပါရှာဘု သူတို့ နဲ ။
အပြာမှာ အဝါကွက်ကယ်နဲ့
အတက်မှာ သူရွှင်ပျပေမဲ့ ၊
ကျလည်းလေ သူမငြင်းရှာဘု
ဒီ ချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက် ပဲ ။
* * * * *
( ၁၉၅၉- ၁၉၆၀ )

မေတ္တာတရား
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။
* လူရောနတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။
* လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။
* မျက်နှာကြည်လှ၊ စိတ်တည်ရ၊ ပွားက ဤမေတ္တာ။
* လူရောနတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။
* လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။
* မျက်နှာကြည်လှ၊ စိတ်တည်ရ၊ ပွားက ဤမေတ္တာ။
* နိုး အိပ် ချမ်းသာ၊ အိပ်မက်မှာ၊ ကောင်းစွာ မက်တတ်ပါ။
* သေချိန်ကာလ၊ မတွေရ၊ သေက ထက်နတ်ရွာ။
* မေတ္တာကျေးဇူး၊ ဆွတ်၍ခူး၊ အထူးပွားများရာ။
* ကိုယ်နှင့်မခြား၊ မေတ္တာပွား၊ အများသတ္တ၀ါ။
* အများသတ္တ၊ ချမ်းသာမှ၊ ရကြ ကိုယ်ချမ်းသာ။
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ကြီး
* သေချိန်ကာလ၊ မတွေရ၊ သေက ထက်နတ်ရွာ။
* မေတ္တာကျေးဇူး၊ ဆွတ်၍ခူး၊ အထူးပွားများရာ။
* ကိုယ်နှင့်မခြား၊ မေတ္တာပွား၊ အများသတ္တ၀ါ။
* အများသတ္တ၊ ချမ်းသာမှ၊ ရကြ ကိုယ်ချမ်းသာ။
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ကြီး
ဗေဒါလမ်း ( ၁၂ ) စိုင်းဦးမှာလား
* ပင်လယ်ဝဆီက ၊ ဒီ တက်စ လှိုင်းဘောင်ဘင် ။
မဗေဒါ တစ်ဟုန်ထိုး ၊ ချောင်းရိုးကိုဝင် ။
မိုးမမြင် လေမမြင် ၊ ပန်းဆန်ချင် လေတိုင်း ။
ရေထဦး ပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း ၊ ပန်းထင်ရာ စိုင်း ။
* အထက်ချောင်းကျတော့ ၊ ဒီ ညောင်းစ ချောင်းရေသာ ။
မဗေဒါ ကိုယ်ရှိန်သတ် ၊ လှမ်း တတ်နိုင်ပါ ။
စိုင်းခဲ့တဲ့ ခရီးတာမှာ ၊ သာနာစုံ ပုံခဲ့။
ရေသင်ဖြူးပေမို့ 
ပွင့်ဖူးစုံ ငုံတံနဲ့ ၊ ပန်းမူရာ နွဲ့။
* ပန်းအလှ မဗေဒါ.........တဲ့။
ကျူရိုးရှင် ပီပီကလေး ၊ တေးသံက သာ ။
ပင်လယ်ဝ ဆီက
ဒီရေကျ ခွန်းစ လာ ၊ လွမ်းစရာ ပါတကား ။
မိုးမမြင် လေမမြင်နဲ့
ထီမထင် စုန်ချင်တိုင်း ၊ စိုင်းဦးမှာလား ။
* * * * *
(၁၉၆၀)

Sunday, 9 December 2012
ဗေဒါလမ်း (၁၁ ) တွေးမိပါစ
* ဗေဒါတဲ့ ဗေဒါ ။
ဒီချောင်းမှာ အမည်မွှေး ၊ အေးငြိမ့်သာယာ ။
မွှေးသမျှ ပြန်တစ်ရာ ၊ ခံစရာ အရေး ။
အတိုက်ခံနိုင်မှ ၊ အမွှေ့ခံနိုင်မှ
ထိုးဝါးကိုင် ဒီ ဆိုင်ဝဲ တဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ် လေး ။
* မွှေးမှလည်း မဟုတ်ပါ ။
ရိုးသံရှင် ပဲ့(ပံ့)တင်ထပ် ၊ ချောင်းရပ် ဧရာ ။
စုန်ဆန်ရ လမ်းတကာမှာ ၊ လမ်းမသာ ရှာကြ ။
တစိုက်စိုက်ကယ်နဲ့
အတိုက်ကို အကြိုတွေ့ပါလို့ 
အမွှေ့ဒဏ် ခံနေကျ ၊ တွေးမိပါစ ။
* * * *
( ၁၉၆၀ )

ဗေဒါလမ်း (၁၀ )ပန်းပန်လျက်ပဲ
* ညိုပြာပြာ ၊ လတာပြင့်ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာ ဆင်း ။
* ဆင်းရလည်း မသက်သာ ။
အုန်းလက်ကြွေ ရောပေါလော ၊ မျောစုန်လို့ လာ ။
အဆင်းနဲ့အလာ ၊ ဗေဒါမ အထွေး ။
အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။
* ဆောင့်ရလည်း မသက်သာ ။
နောက်တစ်ချီ ဒီ တစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တစ်လံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။
* ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအဆွယ် မြောင်းငယ်ထဲက ၊ ဘဲ ထွက်လို့ လာ ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ (တည်း ) ။
အယက်အကန် ခံလို့
ဗေဒါပြန် အံကိုခဲ ၊ ပန်းပန်လျက်ပဲ ။
* * * -* *

ချမ်းသာဖို့ 
* တောင်တန်းရယ်ညို
ဖြိုပါနဲ့လေး ။
ဟီမဝါ
သေလာတောမှာ
သတ္တဝါ စုံအညီ
မှီကြလို့ လေး ။
* တောင်တန်းရယ်ညို
ဖြိုပါနဲ့လေး ။
ထေရ်ဆရာ
သေလာတောမှာ
နိဗ္ဗူတာ ကြငှာန်းတိုင်အောင်
ကျင့်ဆောင်ကာ စုတေကျအောင်
နေခဲ့လို့ လေး ။
* တောင်တန်းရယ်ညို
ဖြိုပါနဲ့လေး ။
ကမ္ဘာမှာ
ပြည်မြန်မာ
ကြည်သာဖို့ လေး ။
* တောင်တန်းရယ်ညို
ဖြိုပါနဲ့လေး ။
မှီခိုသူ
ပြည်လူများတို့ 
စီးပွားရှာ
လယ်ယာလုပ်လို့ 
ချမ်းသာဖို့ လေး ။
* * * * *
သာကီမင်းသားလေး
9. 12. 2012
ဖြိုပါနဲ့လေး ။
ဟီမဝါ
သေလာတောမှာ
သတ္တဝါ စုံအညီ
မှီကြလို့ လေး ။
* တောင်တန်းရယ်ညို
ဖြိုပါနဲ့လေး ။
ထေရ်ဆရာ
သေလာတောမှာ
နိဗ္ဗူတာ ကြငှာန်းတိုင်အောင်
ကျင့်ဆောင်ကာ စုတေကျအောင်
နေခဲ့လို့ လေး ။
* တောင်တန်းရယ်ညို
ဖြိုပါနဲ့လေး ။
ကမ္ဘာမှာ
ပြည်မြန်မာ
ကြည်သာဖို့ လေး ။
* တောင်တန်းရယ်ညို
ဖြိုပါနဲ့လေး ။
မှီခိုသူ
ပြည်လူများတို့ 
စီးပွားရှာ
လယ်ယာလုပ်လို့ 
ချမ်းသာဖို့ လေး ။
* * * * *
သာကီမင်းသားလေး
9. 12. 2012
Saturday, 8 December 2012
ဗေဒါလမ်း( ၉ ) စုန်ဆန်ရ တရား
* ပန်းပါဘိ ဗေဒါဆွေ ။
ကျူရိုးရှင် ပီပီကလေး ၊ တေးသံက ဝေ ။
စုန်ဆန်ရ တပေပေ ၊ ဒီရေနယ် တစ်ကျေး ။
ဒီချောင်းရေ ဗေဒါလမ်း ၊ ပန်းဖွယ်တဲ့လေး ။
* အိုအချင်း ကျူရိုးရှင် ။
နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံကြွ ဝင် ။
ထန်းတစ်ဖျား နေကိုမြင် ၊ ရွာပြင်က တံတား ။
ဆွမ်းခံပြန် ရွာကိုရှား ၊ နေ့ တိုင်းပါလား ။
* အိုးအချင်း ကျူရိုးရှင်
ဟင်းရွက်စုံ နှစ်ပုံထပ် ၊ လောင်းစပ်မှာတင်
ဈေးသမား မယားလင် ၊ တစ်ရွာဝင် တစ်ရွာသွား ။
အိမ်အပြန် ပုစွန်ငါး ၊ နေ့ တိုင်းပါလား ။
* ဒီ တက်တော့ သူထက်သန် ၊
ဒီ ကျလျှင် သူရွှင်လန်း ၊ တန်းစီလို့ ပြန် ။
အလဲလဲ အဖန်ဖန် ၊ စုန်ဆန်ရ တရား ။
ဗေဒါဆွေ ဒီရေသွား ၊ မြင်ထားလို့ လား ။
* * * * *
( ၁၉၅၇- ၁၉၅၉ )

မျဉ်းပြိုင်ရဲ့ ပန်းတိုင်
*မြောက်ပြန်လေညှင်း
ရိုက်ဆော်သွင်းလို့ 
သဇင်သင်းတဲ့
နှင်းမှုန်တွေကြား
ဝိုးတဝါးနဲ့
တစ်ယောက်တည်း လျှောက်သွား
လျှောက်သွားရင်း လျှောက်သွားရင်း
လမ်းပျောက်နေ.............။
* ဟော.......
ဟိုမှာ............
အခုတော့......
တွေ့လိုက်ရပါပြီ...............။
* မျက်စိတစ်မှိတ် လက်ဖျစ်တစ်တွက်
လျှပ်တပြက်တွင်းမှာ
တွေ့ လိုက်သည့်အရာ
မိုးတိမ် ကန့်လန့်ကာအလား
စည်းခြားထားပြန်တယ်..........။
* သိလိုက်ချိန်မှာတော့
မတူညီတဲ့
မျဉ်းပြိုင်ရဲ့ ပန်းတိုင်ဟာ
ဘာလဲ...........?
အောင်မြင်ခြင်းလား.........?
ရှုံးနိမ့်ခြင်းလား..............?
ဝမ်းနည်းခြင်းလား.............?.
ဝမ်းသာခြင်းလား...........?
ချစ်ခြင်းလား............?
မုန်းခြင်းလား..............?
ဝေးကွားခြင်းလား..........?.
နီးစပ်ခြင်းလား............?
* သေချာတာကတော့.........
သဘာဝတရားကို မလွန်ဆန်နိုင်သေးရင်
လောကဓံရဲ့
ထုထောင်းတဲ့ ဒဏ်ကိုတော့
ခံရပေလိမ့်ဦးမည်..........။
ခံပေဦးတော့..............ခံဦးတော့.............။
သာကီမင်းသားလေး
8.12.2012

Thursday, 6 December 2012
ဗေဒါလမ်း(၈) မျောလျက်သာပဲ
* လေပြင်းငယ် ပွေ ၊ လေပြည်လျှင် လဲ ။
ချောင်းကျယ် ဘယ်မငြင်း ၊ ချောင်းကျဉ်းလျှင် လဲ ။
* နေပူတုန်း ခါ၊ မိုးရွာလျှင် လဲ ။
လသာသာ ပျိုအိုကျြိုက် ၊ လမိုက်လျှင် လဲ ။
* အဖော်ငယ် စုံ ၊ ဖော်မစုံလျှင် လဲ ။
ပွင့်ဖူးငုံ အကုန်လန်း ၊ နွမ်းနယ်လျက် လဲ ။
* စုန်ပြန်ရ အဖန်ဖန် ၊ ဆန်ပြန်ရ တလဲလဲ ။
မဗေဒါ ဒီရေကြောမှာ ၊ မျောလျက်သာပဲ ။
* * * * *
(၁၉၅၇- ၁၉၅၉)

Wednesday, 5 December 2012
`ဗေဒါလမ်း(၇) တေးစုံနဲ့ပဲ
* တီတာတာ
ကညာ မေဘုတ်က ၊ ရွှေနှုတ်ချို သွေး။
ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့ တေး။
* ပဒေသာ
ထေရ်ဝါ ရည်စူးလို့ ၊ လှေဦးမှာ လေး ။
ကျူရိုးရှင် ပီပီနှော ၊ စည်ဗြောသံ တေး ။
* သောင်အခြေ
ခေါင်ရေ လေမြူးတော့ ၊ ရေရူးတွေ ဖွေး ။
ကျူရိုးရှင် ပီပီဟိန်း ၊ ဗိန်းဗောင်းသံ တေး ။
* အကောင်သေ
တောင်လေ ရေတက်တော့ ၊ ရေယက်နဲ့ထွေး ။
ကျူရိုးရှင် ပီပီညင်း ၊ ငိုချင်းသံ တေး ။
* တက်မကူ
ရွက်ဖြူ ပူဖောင်းနဲ့၊ လှေလောင်းကိုယ် လေး ။
ကျူရိုးရှင် ပီပီပျိုး ၊ ဘွဲ့ကြိုးသံ တေး ။
* ပြု့တပြူ
မြေငူ ဓနိကျွန်း ၊ သောက်ထွန်းပြီ လေး ။
ကျူရိုးရှင် ပီပီနော့ ၊ သားချော့သံ တေး ။
* တေးမျိုးရယ် စုံ ၊ ကုန်နိုင်ပါလေပဲ ။
မဗေဒါ စုန်ဆန်မြဲ ၊ တေးစုံနဲ့ ပဲ ။
* * * * *
(၁၉၅၇-၁၉၅၉)

`ဗေဒါလမ်း(၆)ရခဲ့သည်ပဲ
* မြစ်တမ်းမှာတဲ့ လေကြမ်းဆင်။
ထန်လိုက်လေ လေမှုန်တိုင်း ၊လှိုင်းကဘောင်ဘင်
တစ်လှိုင်းထွက် တစ်လှိုင်းဝင်၊ ဗေဒါခင် ဖြစ်နဲ။
ရေလှိုင်း ဗရပွေနဲ့
မုန်တိုင်းလေ ရေတစ်ရိုးမှာ စိုးရွံ့မှာပဲ။
* မြစ်ရိုးမှာတဲ့ မိုးသက်ဆင်။
လျှပ်ကြိုးပျံ မိုးသံထစ် ၊ မိုး စစ်ဘုရင်။
မိုးညစ်လို့  မြစ်မမြင် ၊ ဗေဒါပင် ဖြစ်နဲ။
မိုးသက်လေ ရေတစ်ရိုးမှာ စိုးရွံ့မှာပဲ။
* စိုးမရွံ့ တွန့်မတုန်။
မိုးနှင့်လေ ရေရှုပ်ထွေး ၊ ရွေးမျှ မဖြုံ။
ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ။
ခေါက်ပေါင်းမရေနိုင်လို့ 
ဗေဒါခိုင် သည်မြစ်ထဲ ၊ ရခဲ့သည်ပါ့ ။

Tuesday, 4 December 2012
သောတာပန် (သမ္မာဒိဋ္ဌိ) ဖြစ်ခြင်းအကြောင်း- ၂-ပါး
မှန်မှန်ကန်ကန်သမ္မာဒိဋ္ဌိ ဖြစ်ဖို့ရာကတော့
ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု ။
- ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်း
ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု ။
- ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်း
မှန်မှု ။
" ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု "
~~~~~~~~~~~~~~~~~~~~~~
" - သတိပဋ္ဌာန်လေးပါးရှိတယ်၊
* တချို့က ဝေဒနာရှုမှ ထင်ရှားတယ်၊
* တချို့ကလဲ စိတ်ရှုမှထင်ရှားတယ်၊
* တချို့ကလဲသစ္စာရှုမှ ထင်ရှားတယ်၊
* တချို့ကလဲ ကာယနုပဿနာ ဆိုတဲ့
ရုပ်တစ်ခုခုကို ရှုမှ ထင်ရှားတယ်။
အဲဒီတော့ သူထင်ရှားတာတွေက သူ့စရိုက်
သူလာတာ ဖြစ်ပြီး သကာလနေတော့ အားလုံး
ဒကာ ဒကာမတွေ သိပြီသားအတိုင်း ကိုယ်နဲ့လျောက်ပတ်တဲ့
တရားနာမှုဟာ ၁- နံပါတ် အရေးကြီးတယ် ။ "
" နှလုံးသွင်းမှန်ကန်မှု "
~~~~~~~~~~~~~
" နှလုံးသွင်းမှု ဆိုတဲ့ အချက်ကလေးဟာက
အင်မတန် အရေးကြီးပါတယ်။ နှလုံးသွင်းမှုဆိုတာက
ဒကာဒကာမတို့ ဘာပါလိမ့်မလဲလို့ မေးစရာမလိုပါဘူး၊
" ကိုယ့်စရိုက်နဲ့ တော်တဲ့ တရားဟာ ကိုယ်တွေ့ပြီ၊ ဥပမာ
စိတ်ဖြင့်လဲ စိတ်နဲ့ပဲ ကိုယ့်စရိုက်နဲ့ ကိုယ်နဲ့လျော်တယ်၊
ဝေဒနာပဲ ကိုယ်နဲ့ လျော်တယ် " - ဆိုလို့ ရှိရင်ဖြင့် အဲဒီ
လျော်တဲ့တရားကို ကိုယ်ကနာထားပြီး ရှုတဲ့အခါ ကျတော့
နှလုံးသွင်းမှန်မှုဟာ ဘုန်းကြီးတို့ကလဲ ကူညီမယ်၊ ဒကာ
ဒကာမတွေကလဲ ဒီနှလုံးသွင်းနဲ့ အရ ယူပြီးသကာလ
တည့်အောင် ဂရုစိုက်ပါဆိုတာ ယနေ့ ပြောရတယ် ။
နှလုံးသွင်းမှန်မှုဆိုတာ ဒကာဒကာမတို့ တခြား
မဟုတ်ပါဘူး အနိစ္စရှိရင် နိစ္စသိ၍ ဒါနှလုံးသွင်းမှန်ပြီလို့မှတ်"

- ( မိုးကုတ်ဆရာတော်ကြီး )
ဗေဒါလမ်း(၅) တက်ချိန်နှင့် ကျချိန်
* ဗျိုင်းညီနောင်၊ အတောင်က ဖြူဖွေး ။
ကမ်းစပ်ကို ကြဉ်
ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့
ချောင်းအောက်ခွင် ပင်လယ်ဝမှာ ၊ ဒီ ကြွပြီလေး ။
* ကဏန်းမ ရွှံ့စိုစို ၊ တစ်ကိုယ်လုံ့ နီတွေး ။
တွင်းဝ လတာပြင်က
ခရာပင် တွယ်ကာတက်လေပေါ့
တောင်ဘက်ခွင် ပင်လယ်စွန်းမှာ၊ ဒီ တွန်းပြီလေး။
* ပုစဉ်းကောင် ၊ အတောင်က ငွေမြှေး ။
ကမ်းစပ် ကျူတစ်ရုံက
သူမလုံ သူခုန်ထွက်လေပေါ့ ၊ ဒီ တက်ပြီလေး ။
* ဒီ တက်ချိန်တန် ၊ ဆန်လာပေါ့ ဗေဒါပန်း ။
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့ လွမ်း ။
*ဗျိုင်းညီနောင် ၊ အတောင်က ဖြူဖွေး။
ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့၊ ဒီ ညောင်းပြီလေး ။
*ကဏန်းမှ ရွှံ့စိုစို ၊ တစ်ကိုယ်လုံ့ နီတွေး ။
လက်မ တထောင်ထောင်နဲ့
တွင်းပေါင်မှာ မင်းယောင်ခင်းပြန်ပေါ့ ၊ ဒီ ဆင်းပြီလေး ။
* ပုစဉ်းတောင် ၊ အတောင်က ငွေမြှေး ။
ကျူရုံမှာ သူ လှုံခပြန်ပေါ့ ၊ ဒီ ကျပြီလေး ။
* ဒီ ကျချိန်တန် ၊ စုန်ပြန်ပေါ့ ဗေဒါပန်း ။
ကျူရိုးရှင် ကျူပင်ရွက်နဲ့၊ ခွန်းဆက်လို့ လွမ်း ။

ဗေဒါလမ်း(၄) မှန်းဖို့ လိုပဲ
* မဗေဒါ ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ ၊ နေအိပ်လိုပဲ။
ဒီတက်လျှင် ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ ။
*မဗေဒါ ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ ၊ နေအိပ်လိုပဲ။
ဒီကျလျှင် ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ ။
* ဘုတ်မက အီ ၊ ပီပီက သံမစဲ။
မဗေဒါ စုန်ဆန်လမ်းကို ၊ မှန်းဖို့ လိုပဲ ။ ။
* * * * *
(၁၉၅၉- ၁၉၅၇ )

ဗေဒါလမ်း(၃) ဘယ်ရွာဆိပ်ကမ်း
* ချောင်းပြင်မှာ စီတန်းလို့ ၊
ဗေဒါပန်း ရေကြင်ဆွေ ၊ မျောလို့ သာ နေ။
ကမ်းကွေ့မှာ ခွေ၊ ကမ်းပြေတော့ ဆင်း
သည်ချောင်းရေ လေမခတ်တယ်
စီးတတ်လေခြင်း ။
* ကျူရိုးရှင် ပီပီမှုတ်လို့ 
ဘုတ်မကို သူကပြိုင် ၊ ချောင်းစပ်မှာထိုင်
ဘုတ်မက တိုင်၊ ကျူကိုင်က အေး ။
ရေးစီးနဲ့လာ၊ ရေသာမှာ ပြန်လို့ မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို ၊ လွမ်းတယ်တဲ့လေး ။
* စုန်ပါတဲ့ ဆန်ပါ ။
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့ သာ။
ဘယ်မြို့ က လာ ၊ ဘယ်ရွာဆိပ်ကမ်း ။
အပွင့် အပြာရောင်နဲ့
ဘယ်သောင်မှာနေချိုအေးလျှင်၊ မှေးအိပ်မယ် မှန်း ။ ။

ဗေဒါလမ်း (၂ ) မယ့်လမ်းပါတဲ့
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
စံပယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
ပျိုမယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
စေတီငယ် ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* လင်းယဉ်နွဲ့ တချီချီ ။
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ ။
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီ ပြာလဲ့ ။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့ ။ ။
* * * * *
(၁၉၅၇ - ၁၉၅၉ )
စံပယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
ပျိုမယ်ကို ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* ဒီချောင်းမှာ ရွှင် ၊ ဗေဒါခင်ပြာလဲ့ ။
စေတီငယ် ရမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့ ။
* လင်းယဉ်နွဲ့ တချီချီ ။
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ ။
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီ ပြာလဲ့ ။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့ ။ ။
* * * * *
(၁၉၅၇ - ၁၉၅၉ )
ဗေဒါလမ်း(၁) မယ့်လမ်းပါလား
* ပန်းနီလာ
ဗေဒါဆင်သလို့ 
ယဉ်လှတယ်လေး ။
စုန်ချည် ဆန်ချည်နဲ့ 
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့  လေး ။
* အိုအချင်း ကျူရိုးရှင်...။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင် ။
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း ။
သူ့ လိပ်ပြာ အခြံအရံနဲ့ 
သူ့ စံရာ သူပျော်မွေ့
ပြေးတွေ့ချင်စမ်း ... တဲ့ ။
* တွေ့ချင်တဲ့  စေတနာရယ် ... ။
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့ 
အေးချိုလှတယ် ။
လိပ်ပြာက ဝတ်ရည်သယ်၊ စံပယ်က မအား ။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်ရေ ဗေဒါလမ်း
မယ့်လမ်းပါလား ။
* အိုအချင်း ကျူရိုးရှင် ... ။
မဗေဒါ ပြာလဲ့လန်း ၊ ကမ်းကပ်ပြန်ချင် ။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျို့ခင်ရဲ့အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ဟိုမျက်နှာ ချစ်တုံ့ပုန်းကို
ပြုံးကြည့်ချင်ငဲ့ ... တဲ့ ။
* ကြည့်ချင်တဲ့  စေတနာရယ် ...။
သနားဖွယ် ချစ်ဖွယ်တေးပေမို့ ၊ အေးချိုလှတယ် ။
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို ၊ ပျို နယ်လိုက်လေမလား ။
ပွင့်ဖူးတဝေဝေနဲ့ 
ဒီချောင်းရေ ဗေဒါလမ်း
မယ့်လမ်းပါလား ။
* အိုအချင်း ကျူရိုးရှင် ... ။
မဗေဒါ ပြာလဲ့လန်း ၊ ကမ်းကပ်ပြန်ချင် ။
ထီးတော်က တချွှင်ချွှင် ၊ ကွင်းပြင်က ဘုရား ။
နေမင်း ညိုချိန်တန်ပေါ့
နိဗ္ဗာန်ကို စိတ်ကြံကူး
ဖူးချင်လျက်သား ... တဲ့ ။
* ဖူးချင်တဲ့ စေတနာရယ် ။
နိဗ္ဗန္ဒာ ဂီတာတေးပေမို့ ၊အေးချိုလှတယ် ။
ကျွတ်ဆုကို ရွယ် ၊ လွယ်ပါတော့ အရ။
ပွင့်ဖူးတဝေဝေနဲ့ 
ဒီချောင်းရေ ဗေဒါလမ်း ၊ မယ့်လမ်း သာပါ့ ။
* ချောင်းရေက ဖောင်၊ တောင်လေက သွေး ။
ရွင်လင်းယဉ် မြိုင်မြိုင်နဲ့ 
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်
အားစိုက်ပါလေး ။

Subscribe to:
Posts (Atom)