မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Friday 25 January 2013

ဗေဒါလမ်း (၁၇) ဗေဒါနှင့်ကျူပင်

* မဗေဒါ ၊ ဆန်လာပေါ့  အပြင်း ။
   ချောင်းကျယ်ကျယ် အလယ်ကျွန်း ၊ ရေမွန်းလိုက်ရင်း ။

* ဗေဒါဆွေ ၊ စုန်ရေနှင့် ပြန်ဆင်း ။
   ချောင်းကျယ်ကျယ် အလယ်ကျွန်း ၊ သောင်ထွန်းလိုက်ရင်း ။

* မဗေဒါ ၊ ဆန်လာပေါ့  အတင်း ။
   နုန်းနှစ်  လတာပြင်က
   ညောင်ညိုပင်  မြစ်ပါးပျဉ်း ၊ ပုန်းရပြန်ရင်း .။

* ဗေဒါဆွေ ၊ စုန်ရေနဲ့  ပြန်ဆင်း ။
   နုန်းနှစ်  လတာပြင်က
   ညောင်ညိုပင် မြစ်ပါးပျဉ်း ၊ ခေါင်းဖော်လိုက်ရင်း ။

* ကျူပင်ရိုးမှာတော့ ၊ ယိမ်းထိုးရ  တခါခါ ။
   မဗေဒါ  စုန်ဆန်မျော ၊ မောတဲ့နေရာ ။
   လွှဲလိုက်ရ ဘယ်နဲ့ညာ ၊ ရိုးတံညှာ  ရွက်စိမ်း ။
   ယိုင့်တယိုင်  ဒီရေစီးကို ၊ သည်းခံလို့ယိမ်း ။
    
      *     *        *        *        *

                    (၁၉၅၉- ၁၉၆၀)

No comments:

Post a Comment