ငယ်စဉ်အခါ ၊ ပညာရှာပါ
ပညာရဲ့ ရင့်၊ ပွဲလယ်တင့်ဖို့ 
ပဲ့ပြင့်ဆုံးမ၊ ညွန်ပြပေးတာ မြတ်ဆရာ.....
ဘဝဇာတ်ခုံ၊ အဖုံဖုံဝယ်
တွေ့ ကြုံညွန့် ကြား၊ လမ်းမှားမရောက်
မကွေ့ ကောက်အောင်၊ တောက်လျှောက်ပန်းတိုင်
ဆွတ်မြန်းနိုင်ဖို့ ၊ ပွင့်ကြိုင်ဝေဆာ
ပန်းပမာသို့ ၊ လန်းဖြာရအောင်
နည်းလမ်းဆောင်ကာ၊ ရှေ့ဆောင်ကာကွယ်
မြိုင်မှုးနယ်သို့ ၊ ပြုဖွယ်ကိစ္စ
အဝဝကို၊ ဆုံးမသွန်သင်
ပြုပြင်ပေးတာ၊ အိုဘယ့်ဆရာ မြတ်ဆရာ.......။
သာကီမင်းသားလေး
Wednesday, 12 September 2012
Wednesday, 5 September 2012
ခေတ်သစ် ဓာတုကလျာသို့  လွမ်းခြင်း
ရင်မှလိုက်ဆူ၊
မောင့်သည်းအူကို၊
အတူမကွာ၊
ခေါ်ချင်ပါလည်း၊
မာလာပန်းမှာ၊
သူရိယာကြောင့်၊
ညိုးကာနွမ်းခြောက်၊
ပင်ယံအောက်သို့ ၊
ကြွေပျောက်သည့်မျိုး၊
အဖြစ်ဆိုးလို၊
ဆိုးကျိုးတွေချည်း၊
အသီးသီးနှင့်၊
သိပ်သည်းလှစွာ၊
မောင့်မှာသာလျှင်၊
ကညာပျိုလေး၊
ကောင်းစားရေးမို့ ၊
ရှောင်ပြေးထွက်ခွာ၊
ခင့်ဝေးရာကို၊
ဖဲခွာရစ်မည်၊
နေရစ်ပေတော့၊
ခေတ်သစ် ဓာတုကလျာရေ..............။
သာကီမင်းသားလေး
မြတ်ဆုမွန်
အုံတငွေ့ငွေ့၊
ပူလေ့ကိုယ့်မှာ၊
ချစ်လို့ ကြင်နာ၊
နေချင်ပါလည်း၊
ဖန်လာဝိပါက်၊
ကြမ္မာချက်ကြောင့်၊
ချစ်လျက်ဝေးကွာ၊
ဝေဒနာကို၊
မြတ်စွာဘုရား၊
ဟောခါကြားသော၊
တရားနဲ့လည်း၊
ဖြေလည်းမပြေ၊
သည်ခက်ဗွေကြောင့်၊
ဖြေလည်း.....မပြေ....၊
သည်....ခက်....ဗွေ...ကြောင့်..........
ငါလေဖြစ်ရ၊
သည်လောကမှာ၊
တဏှာ့ဒါသ၊
ဖြစ်ရခါခါ၊
များလှစွာသား၊
သို့ ဖြစ်ပါ၍
နောင်လာဘဝ၊
ဖြစ်သမျှနှိုက်၊
ဗုဒ္ဓမြတ်စွာ၊
သာသနာ၏၊
ဒါသကျေးကျွန်၊
မြတ်ဆုမွန်ကို၊
ပန်ချွေသမှု ပြုပါ၏............။
သာကီမင်းသားလေး
ပူလေ့ကိုယ့်မှာ၊
ချစ်လို့ ကြင်နာ၊
နေချင်ပါလည်း၊
ဖန်လာဝိပါက်၊
ကြမ္မာချက်ကြောင့်၊
ချစ်လျက်ဝေးကွာ၊
ဝေဒနာကို၊
မြတ်စွာဘုရား၊
ဟောခါကြားသော၊
တရားနဲ့လည်း၊
ဖြေလည်းမပြေ၊
သည်ခက်ဗွေကြောင့်၊
ဖြေလည်း.....မပြေ....၊
သည်....ခက်....ဗွေ...ကြောင့်..........
ငါလေဖြစ်ရ၊
သည်လောကမှာ၊
တဏှာ့ဒါသ၊
ဖြစ်ရခါခါ၊
များလှစွာသား၊
သို့ ဖြစ်ပါ၍
နောင်လာဘဝ၊
ဖြစ်သမျှနှိုက်၊
ဗုဒ္ဓမြတ်စွာ၊
သာသနာ၏၊
ဒါသကျေးကျွန်၊
မြတ်ဆုမွန်ကို၊
ပန်ချွေသမှု ပြုပါ၏............။
သာကီမင်းသားလေး
Sunday, 2 September 2012
ကြွေးကြော်သံ၏ နောက်ကွယ်က ဘဝဆိုးများ
လူတိုင်းလူတိုင်းမှာ ကိုယ်စီကိုယ်စီ ရည်မှန်းချက်တွေ ရှိကြပါတယ်။ ကျွန်ုပ်လည်း ကိုယ့်ဘဝ တိုးတက်ဖို့ အတွက် ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့ တယ်။ဆုံးဖြတ်ချက်ချပြီးနောက် ရည်မှန်းချက် ပန်းတိုင်ကိုရောက်ဖို့  လျှောက်လှမ်းရင်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်နေရတယ်။ကိုယ့်ဘဝရဲ့  မပြည့်စုံမှုကြောင့် လို့ ထင်ပါရဲ့  ။ .မပြည့်စုံလို့ လည်း သူတစ်ပါးထက်ပိုပြီး အဆပေါင်းများစွား ကြိုးစားခဲ့ တယ်။ ဒါပေမယ့် ကံကြမ္မာက မျက်နှာသာ မပေးခဲ့ ဘူးလေ ..။ ..မကောင်းလည်းကံ ကောင်းလည်းကံဟု ကံကိုချည်းသာ မကိုးရားဘူး ......တဲ့ ။ကံကိုအပြစ်ပုံချတာ မဟုတ်ပါဘူး ။ဒီလိုနဲ့  လျှောက်လှမ်းရင်း တစ်နေ့ မှာတော့  အပျော်ကြီးပျော်ခဲ့ ရတယ်။ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲတမ်းတည်း ...တဲ့ .ကြိုးစားရကြိုးနပ်ပြီပေါ့ဟု ယောက်ျားဇာနည် ဘာမထီဟဲ့ ..လို့ တောင် ကြိတ်ပြီး ကြွေးကြော်ခဲ့ သေးတယ်။ ဒီကြွေးကြော်သံကိုတော့ ကျွန်ုပ်၏ကိုယ်စောင့်နတ်ကလွဲပြီး အခြားတစ်ဦးတစ်ယောက်မျှ မကြားလိုက်ရပါဘူး။ ကျွန်ုပ်၏ ပျော်ရွှင်မှု တာရှည်မခံလိုက်ပါဘူး...။မကြာခင်မှာဘဲ မျှော်လင့်မထားတဲ့ ကံကြမ္မာဆိုး လေမုန်တိုင်းဟာ စတင်ဝင်နှောက်ရှက်ပါတော့သည်။ကံကြမ္မာဆိုး လေမုန်းတိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ကျွန်ုပ်ဘဝ ရည်မှန်းချက် ၏ စိတ်တည်းဟူသော အိမ်ကလေးသည် ကျီးခွေ ထုပ် တိုင် စသည်တို့ ဟာ ယိမ်းယိုင်ပြုတ်ထွက်သွားပါတော့သည်။ ဥပမာ ... အရပ်လေးမျက်နှာမှ တိုက်ခတ်လာသောလေသည် အဉ်းပျဉ်ပေါ်မှာစုပုံပြီး မသီကုံးပဲ တင်ထားတဲ့ ပန်းပွင့်တွေကို ဖယိုဖရဲဖြစ်အောင် မှုတ်ထုတ်လိုက်သလိုပါပဲ။ ပြုတ်ထွက်ယိမ်းယိုင်သွားတဲ့  ကျီးခွေ တိုင်စသည်တို့ ကို မကြာခင်မှာဘဲ ပြန်လည်စုဆောင်းလိုက်ရတယ်။ ကြွေမွှပျက်စီးသွားတဲ့  ကျွန်ုပ်၏ စိတ်တည်းဟူသော အိမ်ကလေးကို ပြုပြင်ဖို့ အတွက် လက်သမားတည်းဟူသော ဆရာသခင်ထံပါးမှာ အပ်နှံရင်း မုန်းတိုင်းတိုက်ပုံ အလုံးစုံကို ပြောပြမိပါတော့သည်။ မကြာခင်မှာဘဲ လက်သမားတည်းဟူသော ဆရာရဲ့ ပြုပြင်ပေးမှုကြောင့် ကျွန်ုပ်၏ စိတ်တည်းဟူသော အိမ်ကလေးသည် ပြန်လည်ခိုင်မာလာပါတော့သည်။ ခိုင်မာတယ်ဆိုပေမင့် အဲ့ ဒီ အမာရွတ်ဒဏ်ရာဟာ အမြဲတမ်း သစ်သားသံစွဲ ဖားမြွေခဲသလို ကျွန်ုပ်၏ နှလုံးသားမှာ အမြဲထာဝစဉ် စွဲရစ်ထင်ကျန်နေပါတော့သည်။
ကျေးဇူးတင်ပါသည် ။
သာကီမင်းသားလေး
ကျေးဇူးတင်ပါသည် ။
သာကီမင်းသားလေး
ရာဇဝင်တွင်သည့်နေ့
၁။ ဒေါ်အောင်ဆန်းစုကြည်............
ကျန်းမာပါစေ..........
၂။ဒီမိုကရေစီ........
အောင်မြင်ပါစေ..... ဟူသော သုံးသိန်းခန့် နီးပါးရှိသော လူထု၏ အော်ဟစ်မြည်ကြွေးသံသည် ဘဝဂ်ထိအောင် ပျံ့နှံ့လှိုင်တက်သွားမည်ဟု ထင်မိပါရဲ့ ။
ထိုနေ့ သည် 3.3.2012 ဖြစ်ပါ၏ ။ကျွန်ုပ်၏ အသက်သည် ပထမအရွယ်ကို ကျော်လွန်ရန်မှာ နှစ်ပရိစ္ဆေဒအားဖြင့် မပြောပလောက်သော နှစ်အပိုင်းခြားသာလို ပါတော့သည်။ယခုလက်ရှိ အရွယ်ထိတိုင်အောင် အခုလိုမျိုးမကြုံဖူးဘူးဆိုတာထက် တိုက်ဆိုင်မှုမရှိဘူးဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မည်။ မှန်ပါသည်။ အမှန်တကယ်လည်း ကျွန်ုပ် ဒီအရွယ်ထိ အခုလိုမျိုး အတွေ့ အကြုံမရှိခဲ့ ပါဘူး။ လူထု၏ အော်ဟစ်သံကို ကြားလိုက်ရတော့ ကျွန်ုပ်၏ ခန္ဓာကိုယ်မှာ ထင်ရှားရှိနေသည့် အမွှေးတို့ သည် အပ်ဖျားအသွင် ရွှင်ပြနေပါ၏။ ကျွန်ုပ်လည်း စိတ်ထဲကနေပြီး ( ဒေါ်အောင်ဆန်းစုကြည်........ကျန်းမာပါစေ။ ဒီမိုကရေစီ ........အောင်မြင်ပါစေ။ ဟူသော စကားလုံးမျာကို အထပ်ထပ်)အသံကုန် အော်ဟစ်နေမိပါတော့သည်။ ဟုတ်ကဲ့ .....။အဲ့ ဒီနေ့ သည် ကျွန်ုပ်၏ ဘဝအတွက်တော့ ရာဇဝင်တွင်သည့်နေ့  တစ်နေ့ ဖြစ်ပါတော့သည်.....။
ကျေးဇူးတင်ပါသည်။

Saturday, 1 September 2012
နှင်းသဇင်
သည်ဆောင်းဟေမာန်၊
မြောက်ပြန်လေညှင်း၊
ဝှေ့ကာနင်းတော့၊
သည်နှင်းသဇင် ပွင့်တယ်ကို.........။
သဇင်ပွင့်တိုင်း၊
ရင်မှာလှိုင်းခတ်၊
ချိန်တိုင်းတလျှက်၊
မှန်းဆတွေးလို့  လွမ်းတယ်ကို.......။
သာကီမင်းသားလေး
ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ
ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့ ၊
ကိုယ်ကဤပုံ ၊ြ ဖစ်လိုတုံလည်း၊
တစ်ဖုံစင်ကွဲ၊ သူတနဲဖြင့်၊
ဖောက်လွဲတတ်စွာ ၊ဓမ္မတာကို၊
ပညာစက္ခု ၊မျှော်ထောက်ရှု့ ၍ ၊
ယခုပင်လျှင်၊ မအိုခင်က၊
ကြိုတင်ကောင်းမှု ၊ကြိုးစားပြုလော့..............။
ယခုပင်လျှင်၊ မနာခင်က၊
ကြိုတင်ကောင်းမှု ၊ကြိုးစားပြုလော့..............။
ယခုပင်လျှင်၊ မသေခင်က၊
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..............။
ဘဒ္ဒန္တ ၀ိစိတ္တာသာရာဘိဝံသ

Subscribe to:
Posts (Atom)