မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Tuesday 5 February 2013

ညီမငယ်သို့ မွှေးနေ့လက်ဆောင်

အို...ညီမငယ်
ဝိဇာတဟု
ရောက်ထနေ့ဝယ်
ဆိုဖွယ်စကား
ကျွန်ုပ်ပြောကြားမည်
နောင်များတစ်ရာ
နှစ်ရှည်ကြာအောင်
ရှည်ကြာကာလ တည်စေကွယ်....။

အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်မူ
တစ်အူတုံဆင်း
ညီမရင်းသို့
မယွင်းထားကာ
ပမာပြုပြီး
ကိုကြီးဆိုမည်
ဖူးတံငုံစီ
ပန်းဝတ်ရည်ကို
စုတ်ချီသောက်သုံး
ပျားပိတုန်းတို့
စုရုံးလို့သာ
ပန်းနားလာလိမ့်
ထားချိမ့်သတိမြဲစေကွယ်.....။

အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်သော်
လောကဓံမည်ငြား
ထိုတရားလည်း
နေ့လား ညလား
ချိန်းထားတစိ
မြဲမရှိဘူး
ရောက်ရှိခါဝယ်
အားငယ် ဝမ်းသာ
မဖြစ်ပါပဲ
မျှော်ကာရည်မှန်း
ဘဝလမ်းကို
လျှောက်လှမ်းပန်းတိုင်ရောက်အောင်ကွယ်......။

သာကီမင်းသားလေး
5.2.2013

No comments:

Post a Comment