မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Monday 11 February 2013

ဗေဒါလမ်း (၁၉) ချောင်းတစ်ခွင်

* ပွင့်ဖူးတံ ချီ ၊ ဗေဒါရီ  တစ်မိ ။
   ချောင်းတစ်ခွင်  သူဆန်သွား ၊ ချောင်းဖျားအထိ ။

* တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ  ဆန်တဲ့ချောင်း ၊ ကျောင်းနဲ့ နတ်လမ်း ။

* နတ်လမ်းကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ  ယာဘက်ဘေး ၊ တဲလေး  အိမ်တန်း ။

* လေးအိမ်ကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ  မယ့်လက်ဝဲ ၊ ကျွဲစားကျက်တန်း ။

* စားကျက်ကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ ၀ဲယာလိုက် ၊ တော ဗျိုက်ဖြူတန်း ။

* ဗျိုက်တောကို  ကျော် ၊ တစ်ခေါ်လောက်  စခန်း ။
   မဗေဒါ ပတ်ချာဝိုင်း ၊ ကိုင်းမြက်ရှည်တန်း ။

* ရောက်ပြန်လျှင်  ပျော် ၊ ကျော်ပြန်တော့ သူလွမ်း ။
   ရောက်တိုင်း  တပျော်ပျော်နဲ့
   ကျော်တိုင်းသာ သူ့မှာလွမ်း ၊ ချောင်း  ဗေဒါလမ်း ။

       *    *     *    *
         (၁၉၅၉- ၁၉၆၀ )
  

No comments:

Post a Comment