မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ
Tuesday, 16 October 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း -၂
           လူမောင်တစ်ယောက် ဆရာတော်၏ ဝေယျာဝစ္စကို ပြုလုပ်ပေးပြီး ဖိုးသူတော်ကြီ ရှိရာသို့ ထွက်လာခဲ့သည် ။ ဘုရာကျောင်းနား အရောက် အသံကြားလို့ နားစွင့်နေမိ၏ ။ ထိုအသံပိုင်ရှင်ကား ဖိုးသူတော်ကြီး၏ မေတ္တာပို့  အမျှဝေနေသော အသံဖြစ်သည်။
ဖိုးသူတော်ကြီး စောစောက မေတ္တာပို့  အမျှဝေနေတဲ့ အထဲမှာ ယမမင်းပါတယ် မဟုတ်လား ။ယမမင်းကို
ဘာပြုလို့ အမျှဝေရတာလဲ....ရှင်းပြပါဦး.....။
ဒီလိုကွယ့်.....လူလေးရ.......
          ယမမင်းဆိုတာ  စတုမဟာရဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းကိုပင်
ယမမင်းလို့ တယ်။ တစ်ခါတစ်ရံ နတ်စည်းစိမ်ခံစားပြီး တစ်ခါတစ်လေမှာမူ မကောင်းမှုကံအကျိုးကို
၇ိုးရိုးပြိတ္တာများကဲ့သို့  ခံစားရရှာသေးတယ်။ ထိုယမမင်းကား.....တစ်ယောက်သာမက အများအပြားပင်
ရှိလေသည်။ လူ့ဘုံမှာ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း  ငရဲဘုံမှာ တစ်ခါးလေးဘက်တွင်
ရုံးစိုက်ကြပြီးလျှင် ငရဲသို့ ရောက်လာသူများကို စစ်ဆေးမေးမြန်းကြ၏။    သို့ သော် ငရဲသို့  ရောက်လာသူတိုင်း  စစ်ဆေးခံရသည် မဟုတ် ၊ အကုသိုလ်ကြီးပြီး ပြစ်မှုထင်ရှားသူတို့ မှာ
တစ်ခါတည်း ငရဲကျကုန်၏ ။ အကုသိုလ်နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့်
ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပေသည်။ ထို့  ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလိုသည်
မဟုတ်၊ လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့်
အလားတူပင်တည်း။
              ငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး အပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။
ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံ
ပို့ခြင်း ငရဲသို့  ရောက်ပြီးသူများကို လက်မရွံ့အာဏာသားတို့ကဲ့သို့  ရက်စက်ကြမ်းကြုတ်စွာ သတ်ရိုက်
ပုတ်နက်ခြင်းပင်တည်း။  ငရဲမီးစသော အန္တရာယ်တို့ လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ
ဥတုဇရုပ်များ ဖြစ်ရကား ငရဲံခံရမည့်သူများသာ  ပူလောင်ပြီး  ငရဲထိန်းတို့  သည် မပူလောင်ပါ။
             လူလေး.........
ကြားဖူးနားဝရှိအောင် ဘုရားဟောပါဠိတော်လာ ယမမင်း၏ စစ်တမ်းကို အကျဉ်းချုပ်ပြောပြဦးမယ်။
လူ့ ပြည်မှာ ရှိနေသော ကလေး ၊ သူအို ၊သူနာ ၊ သူသေ၊ အကျဉ်းသမား  အဲ့ဒီငါးဦးကို ယမမင်း
စေလွတ်အပ်သော တမာန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတဟု ခေါ်ရသည်။
စစ်ဆေးလေ့ရှိသည်။
စစ်ဆေးပုံက .....ဒီလိုကွယ့်...လူလေး.........
ယမမင်း။         ။ မောင်မင်း လူ့  ပြည်မှာတုန်းက မိမိကျင်ကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ
ငရဲသား။         ။  တွေ့ ခဲ့ဖူးပါသည် ဘုရား။
ယမမင်း။         ။မိမိကိုယ်ကို နားလည်သောအရွယ်သို့ ရောက်သောအခါ  ထိုကလေးများကို ကြည့်ရှုပြီး
ငါသည် ဘာ မှနားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ ရာ  နောင်အခါ ပဋိသန္ဓေနေရပေဦးမည်။
ပဋိသန္ဓေ နေရခြင်း သဘောကို မလွန်မြောက်နိုင်သေးပါတကား။ ယခုနယ် ကိုယ် နုတ် စိတ်များကို
စောင့်စည်းလျှက် ကောင်းကောင်းကြီးနေမှတော်တော့မည်ဟု အကြံအစည်များ မဖြစ်ခဲ့ဖူးလား မောင်မင်း
ဟု အလွန်ကြင်နာစွာ မေးသည်။
ငရဲသား။         ။ ကျနော် မေ့လျှော့သည့် အတွက်  ကုသိုလ်ကောင်းမှုတွင် စိတ်မဝင်စားနိုင်ခဲ့ပါ။
ယမမင်း ။        ။ မောင်မင်း.....မကောင်းမှုကို ဆွေမျိုးဥာတကာ ဆရာမိဘ စသူတို့ က ပြုပေးကြသည်
မဟုတ် ၊ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်ပြီး မိမိပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျှော့သူတို့ ထုံးစံအတိုင်း
မောင်မင်း ခံရပေတော့မည်။
               သည်နည်းအတိုင်း သူအိုကို ညွန်ပြပြီး ဒုတိယတစ်ကြီမ်မေး၏ ၊ သူနာကို   ညွန်ပြပြီး
တတိယတစ်ကြိမ်မေး၏၊ သူသေကို ညွန်ပြပြီး စတုတ္ထ တစ်ကြိမ်မေး၏၊ အကျဉ်းသမားကို ညွန်ပြပြီး
ပဉ္စမအကြိမ်မေး၏။ ငါးကြိမ်တိုင်အောင် မေးပြီးလို့  မှ  ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင်
ယမမင်းကိုယ်တိုင် .....ထိုသူ  ကုသိုလ်ပြုစဉ်က မိမိအား  အမျှဝေခဲ့ဖူးသလားဟု  စဉ်းစား၏၊
စဉ်းစားလို့ ရလျှင်  ထိုကုသိုလ်ကို ဖော်ပြော၏ ။ယမမင်းက ဖော်ပြောခြင်းကြောင့် ဖြစ်စေ မိမိဘာသာ
သတိရခြင်းကြောင့်ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တပြိုင်နက် ငရဲမှ လွတ်မြောက်ပြီး နတ်ပြည်ရောက်
သူလည်း အမျာပင်ရှိ၏။  ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။
ယမမင်းကိုယ်တိုင်  စဉ်းစားပြီး  မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲသတ္တဝါတို့ ကို
ငရဲထိန်းတို့ ယူဆောင်လျှက် အမျိုးမျူိး နှိပ်စက်ကြလေတော့သည်။
ဒါကြောင့်.........ယမမင်းကို အမျှဝေရတာပေါ့........လူလေးရယ်..........
ဒီနေ့  တော့ ... ဒီလောက်နဲ့ တော်ကြဦးစို့ ...........လူလေး..........။
ရှေးပညာရှိ သူတော်ကောင်းကြီးများအား အစဉ်ထာဝရ ဦးခိုက်ရှိခိုးလျှက်..........
                                                                              သာကီမင်းသားလေး
Saturday, 13 October 2012
ဖိုးသူတော်ကြီး ပြောသော ဘာသာရေး ရှင်းတမ်း -၁
             ဖိုးသူတော်ကြီး ဦးဖိုးထိုက်သည် ရွာဦးကျောင်း ဆရာတော် ဦးဇောတိက၏ လက်ရင်းစွဲ တပည့်ကြီး ဖြစ်သည်။ ဖိုးသူတော်ကြီး ဦးဖိုးထိုက် အပြင် တခြားညအိပ်ညနေ ကျောင်းသားဆိုလို့
ကျောင်းသားလေး မောင်လူအောင် တစ်ယောက်သာရှိသည်။ ဖိုးသူတော်ကြီးသည် ကျောင်းသားလေး
မောင်လူအောင်ကို လူလေးဟု ခေါ်ဆိုလေ့ရှိ၏။ ထို့အတူ  မောင်လူအောင်ကလည်း ဖိုးသူတော်ကြီး
ဦးဖိုးထိုက်ကို ကိုယ့်ထက်အသက်ကြီးလင့်ကစား ရင်းနှီးစွာပင် ဖိုးသူတော်ကြီးဟု ခေါ်လေ့ရှိ၏။
           ဖိုးသူတော်ကြီးသည် ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို နာမည်နှင့်လူသည် တကယ်ပင်
လိုက်ဖက်၏။ ဘာသာရေးကို လေ့လာလိုက်စားသူဖြစ်ပြီး လူမျိုးရေးကို ပိုပြီးလေ့လာ၏။
နိုင်ငံရေးကိုတော့ဖြင့် ဘာမှမသိရှာ။ ဖိုးသူတော်ကြီးသည် ဘာသာရေးကို လေ့လာလိုက်စားသူအလျှောက်
နံနက်အိပ်ယာထလျှင် ဦးစွာပထမ ဘုရားဝတ်ပြုသည်။...ပြီး...ပရိတ် ပဋ္ဌာန်း စသည်တို့ ကို အချိန်ရရင်
ရသလို ရွတ်ဖတ်လေ့ရှိ၏။
          မောင်လူအောင်လည်း ...သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေးစကား၊နေ့တိုင်းကြားက ၊ထူးခြားလိမ္မာ၊ ရှိသည်သာတည်း...ဆိုသလို အားရင် စာထိုင်ဖတ်လေ့ရှိ၏ ။ မသိတာရှိရင် ဖိုးသူတော်ကြီးကို
မေးပြီး တစ်ခါတစ်လေ ကြပြန်တော့လည်း စမ်းချင်သလိုလိုနဲ့ မေးတတ်သည်။...ဖိုးသူတော်ကြီး....
ဖိုးသူတော်ကြီး...ဟ...လူလေး...မင်းဟာက ..အလန့်တကြားနဲ့...ဘာလဲ...။ ကျုပ်စာဖတ်နေတာ
မရှင်းတာလေးရှိလို့ လာမေးတာပါ။ ...ကဲ...လာကွာ...ဖိုးသူတော်ကြီးကို ဘာမေးမှာလဲ...။
ဖိုးသူတော်ကြီးသည် ထိုကဲ့သို့ အာဘော်အာရင်း သန်သန် ပြောလေ့ရှိ၏ ။
          လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...
ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...
တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း....တဲ့။ အဲ့ဒါ...ရှင်းပြပါဦး...။...ဒီလိုကွ...။
လူမျိုးခြားလက်...မြေတစ်ဟက်တာ...ရောင်းမိပါသော်...ဆိုတာက  ငါတို့  ဘိုးဘွားပိုင်ဖြစ်တဲ့ ဟော့ဒီ
အမိမြန်မာပြည်ထဲကနေ လူမျိုးခြား ဘာသာခြားတွေကို တစ်စိတ်တစ်ဒေသ ရောင်းလိုက်မယ်ဆိုပါစို့။
...ဟက်တာအတွင်း...သူပိုင်ခြင်းကြောင့်...လက်ရင်းမြန်မာ...တစ်ဟက်တာ...ဆုတ်ခွာပေးရကြောင်း...။
ဟုတ်တယ်နော်....ဟုတ်ပါတယ်...။...အေး...ကိုယ်ပိုင်တဲ့  ဟောဒီ အမိမြန်မာ့မြေ တစ်စိတ်တစ်ဒေသကို
ရောင်းလိုက်လို့  သူကပိုင်သွားတယ်။ ကိုယ်ကရောင်းလို့  သူပိုင်တဲ့အတွက်ကြောင့် ကိုယ်က ဖယ်ပေးရ
တာကို ဆိုလိုတယ် ။
                                တောက်...ဘယ်လောက်  ရင်နာစရာကောင်းလဲ ဖိုးသူတော်ကြီးရာ...။
အံမယ်...မင်းက တောက်တွေ  ဘာတွေခေါက်လို့ ပါလား...။ ဟာဗျာ...ဒါဆို  ဖိုးသူတော်ကြီးက
ရောင်းမယ်ပေါ့...။ငါက...ဘာဖြစ်လို့  ရောင်းရမှာလဲ...။ သိဘူးလေ ။ ဒါဆို...သူတို့က
ဘာဖြစ်လို့ ရောင်းတာလဲ...ဘယ်သူတွေလဲ...သူတို့လေ...။ ဒါတော့...ငါ...ဘယ်သိပါ့မလဲ..
သိချင်ရင်...သူတို့တွေကို မေးကြည့်ပေါ့..။ မင်းတို့ စကား..မိုးကြိုးသွားသို့...ထားလိုက်ပါတော့ကွာ
ရှေ့ကိုဆက်ကြစို့။
                ...ထိုမျိုးခြားနဲ့...စကားရောယှက်...တစ်နံနက်မျှ...ပြောမိကြသော်...
ဝါဒရေားရာ...ရိုက်သင်းလာကြောင့်...လင်းရာအကြား...အမှောင်လား...
ယောင်ဝါးစေပါကြောင့်...တဲ့။ မှတ်ထားနော်...လူလေး ။
ထိုဘာသာခြားတွေနဲ့ ဖြစ်နိုင်ရင် စကားကို မပြောနဲ့။ အိုကွာ...ပြောကိုမှ...မပြောနဲ့။ အေး...အဲ့ဒီလို
ပြောရင် ဘာသာခြားတွေက ဝါဒရေးရာကို (တစ်နည်း)  သူတို့ဘာသာထဲကို နည်းအမျိုးမျိုးနဲ့
သိမ်းသွင်းကြတယ် ။ဘာသာခြားတွေနဲ့ စကားပြောရင်း..ပြောရင်နဲ့...ပြောတဲ့သူတွေရဲ့စိတ်ထဲမှာ
ဘယ်လိုဖြစ်လာလဲ ဆိုရင် ...လင်းရာအကြား...အမှောင်လား...တဲ့ ။
   ဥပမာကွာ...လူလေးလည်း မီးရောင်အောက်မှာ နေဖူးတာပဲ မဟုတ်လား။ ဟုတ်...နေဖူးတယ်လေ ။
ခဏတစ်ဖြုတ် မီးပျက်သွားရင် မှောင်သွားတယ် မဟုတ်လား..။...ဒါတော့...ဖိုးသူတော်ကြီး..ပြောမှလား..
ကျုပ်လည်းသိတာပေါ့...။...ဟုတ်ပါပြီ...မှောင်တော့  လူလေး ဘာမြင်ရသေးလဲ..။...ဟော့ဗျာ...
ဘယ်မြင်ရပါ့မလဲဗျ...။ အေးကွ...မှတ်ထား...အဲဒီ...ဘာသာခြားတွေနဲ့ ပြောရင် လင်းရာအကြား...
အမှောင်လား..ဆိုသလို  ကိုယ့်ဘာသာကိုတောင်  သိပ်ပြီး ဟုတ်တယ်မထင်ကြဘုး ။ ဒီတော့...
အဲ့ဒီလို မဖြစ်ရအောင်  လူလေးတို့ လို  မျိုးဆက်သစ်ကလေးတွေမှာ သတိရှိကြဖို့   အရေးကြီးတယ်။
ကဲ...ရှေ့ကိုဆက်ကြဦးစို့..။
          အကူတောင်းက...နောက်ကြောင်းတစ်နည်း...သူဖန်တည်းကြောင့်...
သမီးအပ်ရ...သားအပ်ရ...မှားတတ်လှပါကြောင့်...တဲ့ ။လူလေး ရေ...သေချားလေး မှတ်ထားပါနော်။
ဒါပိုပြီး အရေးကြီတယ် ။ကိုယ့်မှာ ဘယ်လိုပဲ အခက်ခဲ ဒုက္ခတွေ ကြုံနေပါစေ  ဘာသာခြားတွေဆီမှာ
အကူအညီ မတောင်းလိုက်ပါနဲ့။ တောင်းလို့ ရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာသလဲ...
ဒါမေးစရာ အကြောင်းရှိတယ် ။ အစပထမတော့ ဘာသာခြားတွေက အကူညီပေးသလိုလိုနဲ့ နောက်တော့
မဟုတ်ဘူးဗျာ ။ ကိုယ့်ဘာသာရဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီလေးတွေကို လိုချင်လို့ 
အကူညီပေးတာ ။  အကူညီမပေး ပေးရအောင်  မလိုချင်  လိုချင်လာအောင် တမင်တကာ ဖန်တီး
ကြတယ်ကွယ့် ။ အဲ့ဒီလို ဖြစ်လာလို့ ရှိရင်   သူတို့ ဘာသာဆီက ထောက်ပံ့မှု ရကြသတဲ့ ။ ဒါကြောင့်...
ဒင်းတို့က  ကူညီချင်ကြတာကိုး...။
                ရောင်းချင်းရောင်းလျှင်  မျိုးတူတွင်   ပြင်ဆင်ရောင်းကြပါ....။
                ပေါင်းချင်းပေါင်းလျှင်   မျိုးတူတွင်   ခင်မင်ပေါင်းကြပါ.....။
                တောင်းချင်းတောင်းလျှင်   မျိုးတူတွင်   တွင်တွင်တောင်းကြပါ.....။
နေပါဦး...ဖိုးသူတော်ကြီးရ...။ ဒီကဗျာတွေကို ...ဘယ်သူရေးတာလဲ..။  လူလေးက...မသိဘဲကိုး...။
မသိရင် မှတ်တော်မူ ။ မဟာဗောဓိမြိုင် ဆရာတော်ကြီး ရေးတော်မူသတဲ့ဗျာ...။ ဆရာတော်ကြီးက
ဘာဖြစ်လို့ ရေးတာလည်း  မသိဘူးနော်...။
လူမျိုးရေး  ဘာသာရေး  ရောထွေးစွာ နေထိုင်ကြတဲ့ တို့နိုင်ငံမှာ  သူ့ဘာသာ သူ့အမျိုး မလွမ်းမိုးနိုင်ရန်
လွမ်းမိုးရန် ဖန်တီးနေသော လုပ်ကွက်များကို သတိရှိရန် အသိပညာပေးတာပေါ့...။ ပြီးတော့...
သူ့ဘာသာ သူ့အမျိုး ဖျက်ဆီးရန် မရည်ညွန်း ကိုယ့်ဘာသာ ကိုယ့်အမျိုးကိုလည်း အခက်ချိုး မခံကြ
ရအောင် သတိပေး အသိပညာပေးတာပေါ့ကွယ်...။
                 တို့နိုင်ငံက မျိုးဆက်သစ်တွေ တိုးတက်ရစ်စေဖို့ ရှေးပညာရှိ သူတော်ကောင်းကြီးတွေက
မိန့်မှာခဲ့သေးတယ် ။ အိုးမဖုတ်ခင်...အိုးလုပ်စဉ်ဝယ်...အိုးတွင်နှိပ်ခတ်...တံဆိပ်မှတ်က...
မပြတ်မဆဲ...အိုးပင်ကွဲလည်း...အမြဲတစေ...တည်ရှိနေသို့  ...တဲ့ ။
လူလေးရေ...
အိုးလုပ်တာကို မြင်ဖူးတယ်မဟုတ်လား ။ မြေနဲ့ရေကို သမအောင်နယ်ပြီမှ အိုးဖြစ်အောင်လုပ်ပြုလုပ်ကြ
တယ် ။  လုပ်ထားတဲ့ အိုးကို အခြောက်မလန်းခင်မှာ အိုးလုပ်သူတွေက တံဆိပ်ရိုက်ကြတယ် ။
ပုံအမျိုးမျိုး ပန်းအမျိုးမျိုး ရေးဆွဲကြတယ် ။ပြီးမှ...အိုးကို ဖုတ်ကြတယ်ကွယ့် ။ မီးဖုတ်ပြီးသား အိုးဟာ
ဘယ်လောက်ထိအောင် ကွဲကြွေ မွှသွားပါစေ ရိုက်နိပ်ထားတဲ့ တံဆိပ် ပန်းအမျိုးမျိုးကလည်း
ပျက်စီးမသွားဘူးပေါ့ကွယ် ။ ထို့အတူ
            ထွေထွေသွေးသား...ကလေးများဠ်...ဘုရားတံဆိပ်...ဘာသာစိတ်ကို...
ခပ်နှိပ်နိုင်မှ...သက်ဆုံးကျအောင်...ဗုဒ္ဓဝါဒီ...စွဲလို့ တည်မည်...ကိုယ်စီခပ်နှိပ်ကြစေသတည်း...တဲ့ ။
လူလေးရေ...
တို့ အမျိုးရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မိဘဘိုးဘွားတွေ သတိထားရမယ့် အချက်ပေါ့ကွယ် ။
ပြီးတော့... လူလေးတို့   မျိုးဆက်သစ်လေးတွေကလည်း နှလုံးသားထဲမှာ  တို့ ဘာသာရဲ့ ကိုးကွယ်
အားထားရာ ဘုရားရှင်ကို စွဲတည်နေအောင် လူကြီးသူမတွေက ဆုံးမနေရတာပေါ့ကွယ်
 ဒီနေ့တော့  ဒီလောက်နဲ့ပဲ တော်ကြဦးစို့   လူလေးရယ်...။
ရှေးပညာရှိ သူတော်ကောင်းကြီးများကို အစဉ်ထာဝရ  ရှိခိုးဦးခိုက်လျှက်.....
                                                                                    သာကီမင်းသားလေး
Wednesday, 10 October 2012
လှိုင်း.....
                   လှိုင်း....တဲ့ နာမည်လေးက ချစ်စရာ။ ချစ်စရာဆိုပေမင့် လှိုင်း..ဆိုသည့် သဘောတရားသည်  တစ်နည်းအားဖြင့်  ဆိုရသော်  လှိုင်း..ဟူသည်မှာ လေဟုဆိုအပ်သော အရာနှင့် ကင်းပြီးမဖြစ်နိုင်ပါ။ လေ၏ သွားလာလုပ်ရှားမှုနှင့် သက်ဆိုင်နေ၏။ လေပြေအေးအေးလေး တိုက်ခတ်လျှင် လှိုင်းသည် နုနုလေးရိုက်ခတ်မည်။ လေထု၏ တိုက်ခတ်မှုကြမ်းလျှင်ကား လှိုင်းသည် ငြိမ်ခံနေမည် မဟုတ်ပါ။ လေ၏တိုက်ခတ်မှု ပမာဏလောက် လှိုင်းသည် ပြန်လည်တုန့် ပြန်သည့် အနေဖြင့်  လှိုင်းထန်နေပေဦးတော့မည်။..လှိုင်း..ဟု အမည်နာမပညတ် ခံထားရသည့် မိန်းကလေးသည်လည်း လူထဲက လူတစ်ယောက်ပင်။ လူရယ်လို့ ဖြစ်လာလျှင်  ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းဖြင့် ကင်းပြီး မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပါ။  ဇာတိဟုဆိုအပ်သော ပဋိသန္ဓေ နေခြင်းကြောင့် လူရယ်လို့ 
တဆက်တည်းမှာပဲ ဇရာဟုဆိုအပ်သော အိုခြင်းတရားသည်လည်း နောက်မှ ထပ်ကြပ်မကွာ အရိပ်ပမာလို  တကောက်ကောက်လိုက်နေပေဦးမည်။ နုပျိုလှပခြင်းဟာ အိုမင်းရင့်ရော်ခြင်းမှာ ဆုံးသလို  ဇာတိပဋိသန္ဓေ္ဓ္ဓနေခြင်းသည်လည်း မရဏဟုဆိုအပ်သော သေခြင်းမှာ ဆုံးပေလိမ့်မည်။ ဇာတိမှ  မရဏသို့  မရောက်မှီ ကြားကာလတွင် စိတ်၏စေခိုင်းတိုက်တွန်းမှုကြောင့် ..လှိုင်း..ဆိုသည့် မိန်ကလေးလည်း လောကဓံတရား ရှစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ ရတော့မည်။
                                                                                                    သာကီမင်းသားလေး
Tuesday, 9 October 2012
စစ်တုရင် ကစားနည်း
ရထဗျူဟာ၊ လေးဖြာခင်းကျင်း၊
စစ်ဆင်ခြင်ဖြင့်၊ မင်းရှစ်မျက်နှာ၊
ဧကာကွက်စီ၊ အညီမလွဲ၊
စစ်ကဲထောင့်လေး၊ ဆင်ရေးလည်းကောင်း၊
ရှေ့တစ်လောင်းလျက်၊ မျဉ်းကြောင်းရှစ်ကွက်၊
ထောင့်တက်မြင်းသွား၊ ရထားတူရှု့၊
နယ်မူရှေ့တစ်၊ တဆစ်ထို့ ပြင်၊
ဆင်မဏ္ဍရေး၊ ခြောက်ဆယ့်လေးသာ၊
ရထားမှာမူ၊ ဆယ့်ခြောက်ဟူသား၊
မှတ်ယူအာရုံ၊ လက်စွမ်းယုံတို့ ၊
မြင်းဆင်ရထား၊ ခြေသည်များနှင့်၊
ဆင်သွားမြင်းသွား၊ ရထားနယ်တက်၊
ကပ်လျက်လိမ်ကာ၊ ပူးခါသော့အား၊
ပြားရွေ့မကွဲ၊ အားသွန်ခဲပြီး၊
စစ်ကဲဝန်းရံ၊ မင်းပါခံလည်း၊
မကြံနိုင်စွာ၊ ကြံရာမရ၊
လက်မှိုင်ချလျက်၊ တို့ ကသာသေ၊
သူကခွေရွေ့၊ သရေစရိုး၊
မရှိနိုးတည့်..............။
                           မန်လည်ဆရာတော်
                                      သာကီမင်းသားလေး
                                                   တင်ပြသည်။
အကောင်းဆုံး အရသာ (သို့  ) ရသမြောက်သံစဉ်
                                                     သိကြားဥစ္စာ၊
                                                     နတ်သုဒ္ဓါကို၊
                                                     ယူကာစားသောက်၊
                                                     ရသမြောက်သို့ ၊
                                                      နှစ်ယောက်သ္မီးသား၊
                                                      နှလုံးသားမှ၊
                                                      နုတ်ဖျားအမေ၊
                                                      ခေါ်ညွန်းလေသော်၊
                                                      ဖြစ်ပေါ်လေရာ၊
                                                      အရသာသည်၊
                                                      ဘယ်ခါမရှုံး၊
                                                      အသာဆုံးတည်း..................။
                                                         သာကီမင်းသားလေး
                                                            12. 12 . 2011
Sunday, 7 October 2012
တော်ကဆုန်
                                                ဟေမန် နွေလှန်လို့ တုံ့ ပြန်တော့၊ ဘွေသဟံ
                                                 ဝေယန်အုံ့ ဆီက လေပြန်လှုံ့ ဆော်ခဲ့ပြီ။ ။
                                                ပင်ပေါ်ထက်၊ ရော်ရွက်ဝါထိန်ဝေနှင့်၊
                                                ခါဂိမှေ သည်တခေတ်တွင်မှ၊ ညှာလိမ်ကြွေတမည်သစ်
                                                မည်ကြောင့်၊ အသစ်တွေထွေကာစုပါလို့ ၊ ပုရစ်ခွေ
                                                တမာနုမှာကွယ်၊ ကျေးဥစီစီ။ ။
                                                ခင်တန်း လျှိုသပြေပင်က၊ ရွှေသဇင်သုတ်လေ
                                                 နှောပြန်တော့၊ နေ၀င်လျှင် ဘုတ်တွေရောပါလို့ ၊
                                                အုတ်ရွှေသြရယ်က တွန်သံချီ၊ ဌာနီနှင့် ကွာဝေး။ ။
                                               ဖန်ခါခါ၊ လမ္ဗရာစည် ဍိဏ္ဍိပေမို့ ၊ ၀သန်မှာ
                                               ဆည်မချိပြီဘူ့ ၊ ပူမိသည်မှော်ရဂုံက၊ တော်ကဆုန်
                                               ညောင်ရေသွန်းချိန်မို့ ၊ ဖေါ်မစုံအောင် မြေကွန်
                                               ဆီသို့ ၊ လွမ်းလိုက်လှသေး။
                                                                                        ဦးကြော့
အသင်မှားနေပြီ (သို့ မဟုတ်) ကိုယ်ချင်းစာထားကြည့်ပါ
                                                       သည်တိုင်းပြည်ခို သည်ရေကိုသောက်
                                                       သည်မြေအောက်က ကူထောက်စီးပွား ထုတ်ယူထားပြီး
                                                        ပြည်ဘွားအိမ်ရှင် ရန်သူထင်
                                                       အသင်မှားနေပြီ.............
                                                       အိမ်ရှင်ရိုကျိုး အိမ်ရှင်ကိုးသော မျိုးရိုးဘာသာ
                                                       သာသနာကို ခြေရာနင်းလျှက် အတင်းဖျက်
                                                       ရက်စက်လွန်းနေပြီ..................
                                                       အိမ်ရှင်ကဖွား သမီးသားကို
                                                       မယားအဖြစ် လင်အဖြစ်ဖြင့် အနှစ်ကိုနှုပ် အညစ်မြှပ်လျက်
                                                        မွှေးထုတ်ကလေး စပ်တူသွေးတင်
                                                      အရေးချက်ချာ မျိုးဘာသာအား လုယူထား
                                                      စော်ကားလွန်းနေပြီ...........
                                                         သင့်အိမ်ခိုလျက် သင့်ကိုဖျက် သင်လက်ခံမည်လော
                                                      သမီးပျော်ပါး သားပျော်ပါး စော်ကားခံမည်လော...။
                                                                                  မဟာဗောဓိမြိုင်  ဆရာတော်  
                                                                                               ကဗျာ့ဘဏ်တိုက်မှ  
                                                                                                            ကျေးဇူးတင်ပါသည်
                                                                                                                      သာကီမင်းသားလေး
အလွမ်းဝေစေသည့် နှင်း....
                                                               ၁
                           ဆောင်းရာသီရဲ့ ဖြေးညှင်းစွာတိုက်ခတ်လာသော လေသည်  ခန္ဓာကိုယ်ကို  ချမ်းစိမ့်စေပါသည်။ရာသီဥတု၏ ဖောက်ပြန်မှုကြောင့်  ထင်ပါရဲ့  ကောင်းကင်မှာ ညို့ မှိုင်းအုံ့စိုင်းနေသည်။
ကိုလွမ်းဝေ  သည်   ရာသီဥတုကို ကြည့်ပြီး  လွမ်းချင်သလိုလို   ဖြစ်နေသည်။      လွမ်းစရာ ရှိသလားဆိုတော့  မရှိ ။သို့ပေမယ့်     စိတ်ထဲမှာတော့   လွမ်းနေသည်။  ဘယ်အရာကို လွမ်းနေမှန်း မသိ ။  သြော်....စိတ်သည်   တယ်ခက်ပါပကော လို့  ညည်းညူမိတော့သည်။ ထို့  နောက် ကိုလွမ်းဝေသည်
ရွာ အရှေ့ပိုင်းမှ သူငယ်ချင်း မမိုးတစ်ယောက် မြို့ကပြန်လာသည်ဟု  သတင်းကြားသောကြောင့် မမိုး ဆီကို  ထွက်လာခဲ့သည်။
”ဟေ့  ...မမိုး...မမိုး....”  ဘာတုန်းဟဲ့....။
”နင်မြို့က  ပြန်လာတယ်  သတင်းကြားလို့   ငါ..နင့်ဆီကို  အလည် လာခဲ့တာ...။
သြော်....အင်း...အင်း...အိမ်အောက်က ခဏလေး စောင့်နေ ။
ငါ  အဝတ်စားလည်းပြီး  ဆင်းလာခဲ့မယ်။”အေး..အေး..”။
ကိုလွမ်းဝေ တစ်ယောက်  အိမ်အောက်မှာ ထိုင်စောင့်ရင်း  စားပွဲပေါ်မှ  စာအုပ်တွေကို ဖတ်နေမိသည်။
နောက်ဆုံးဖြစ်သည့်  စာအုပ်အမည်ကို သေချာဖတ်လိုက်၏  နတ်သျှင်နောင်နှင့် ဓာတုကလျာ..တဲ့ ..။
ထို့ နောက်  စာရေးသူအမည်ကို ဆက်ဖတ်လိုက်သည်။  ကထိက စိန်လွင်လေး  ဆိုပါလား..။
ဖတ်ကြည့်အုန်းမှဆိုပြီး  အလယ်လောက်ကို လှန်ကြည့်လိုက်သည်  ။ခေါင်းစဉ်က  ”ဆွတ်ပျံ့ဖွယ်  ရတု”ဖြစ်၏။     အောက်ကိုဆက်ဖတ်ကြည့်သည်  ”တင့်လှပေဟန်၊ ဖက်မရန်တည့် ၊ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့”..တဲ့  ။ကိုလွမ်းဝေ စာအုပ်ကို ပြန်ပိတ်လိုက်သည်။
           ထို့နောက်  စဉ်းစားခန်းဖွင့်နေတော့၏ ။ ဘာတဲ့....ခြောက်တန်နတ်ရွာ ၊ဘုံကလာသို့  ...တဲ့။
နတ်ပြည်ခြောက်ထပ်မှ  ဆင်းလာသကဲ့သို့  ဆိုပါလား။
”ဟဲ့...  နင်..စောင့်နေရတာ  ကြာသွားသလား..”။
ရပါတယ်  မကြာပါဘူး။   ”ရော့...ဒီစာအုပ်တွေက  နင့်..အတွက် ဝယ်လာတာ..။
အေး...အေး...ကောင်းပါတယ်..။
           ထို့နောက်  ခြေသံကြားလို့  လှည့်ကြည့်လိုက်သည် ကိုလွမ်းဝေ  တစ်ယောက် မှင်သက်မိသွားသည်။  သြော်.....မမနှင်း...လာလေ..မိုး...မိတ်ဆက်ပေးမယ်..။
”ဟဲ့ ....လွမ်းဝေ.....”သြော်....အင်း.......။လွမ်းဝေ ငေးနေခိုက် ခေါ်လိုက်သောကြောင့် အငိုက်မိသွားသည်။
သို့ အတွက်  ရှက်လည်းရှက်သွား၏။ ..ဟဲ့ ....ဒါ ..မမနှင်း..တဲ့   ငါ့အလုပ်ရှင်၏ တစ်ဦးတည်းသော သမီး လေ..။နာမည်အပြည့်စုံက  မနှင်းသဇင်..လို့ ခေါ်တယ်လေ။ ..ဟုတ်ကဲ့ ...မမနှင်း...တွေ့ ရတာဝမ်းသာပါတယ် ..ကျနော့်နာမည် မောင်လွမ်းဝေ.ပါ..။လွမ်းဝေ တစ်ယောက် အခုမှမြင်ဖူးတဲ့   မနှင်းသဇင်ကို ရင်းရင်းနှီးနှီး  မမနှင်း..လို့  နုတ်ဆက်လိုက်သည်.။ထို့ နောက်  အတော်အတန်  စကားပြောပြီး လွမ်းဝေနှင့် မမနှင်းတို့   ရင်းနှီးသွားကြသည်။ထို့ နောက်  လွမ်းဝေ နုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့ ၏။  လူလေး....မင်း ဘယ်ကိုသွားနေတာလဲ....။  'ဘကြီးမြ...ကျနော်..မမိုး..မြို့ကပြန်လာတယ်ဆို လို့  ရွာထဲကို သွားရင်း..ဝင်နုတ်ဆက်နေလို့ ကြာနေတာပါ....။ သြော်....အေးကွယ့်...အေးကွယ့်...။မမိုးက အလည်ပြန်လာတာတဲ့ ..ဘကြီးမြ..ရဲ့ ။ဧည့်သည်တစ်ယောက်လည်း ပါလာတယ်လေ..မမိုး..အလုပ်ရှင်ရဲ့ တစ်ဦးတည်းသောသမီး မမနှင်း..လို့  လွမ်းဝေ..ပြောပြလိုက်သည်..။ထို့  နောက်..ဘကြီးမြ....ထမင်းစားတော့မလား..အေးကွယ့်..စားကြတာပေါ့.ဟုစကားပြန်ရသောကြောင့်
                                                                 ၂
          မိုးလေကင်းစင် ကြည်လင်အေးမြတဲ့  ညနေခင်းမှာ လွမ်းဝေတစ်ယောက် ရွာထိပ်ရဲ့ ဗေဒါချောင်းလေးဆီကို လမ်းလျှောက်ထွက်လာခဲ့သည်။ ထွက်လာရင်းနဲ့  မမိုး တို့ အိမ်နားအရောက် တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။     တွေ့လိုက်ပါပြီ  ငွေလမင်း....ကျနော့်ငွေလမင်း  ..။“ မောင်လွမ်းဝေ..ဘယ်ကိုသွားမလို့ လဲ“
"မမနှင်း ..ကျနော် ရွာထိပ် ဗေဒါချောင်းဆီကို လမ်းလျှောက်သွားမလို့ ပါ  ။ ဒါဆို အတော်ပဲ မမနှင်းလည်း
လိုက်မယ်လေ..။“  ဟုတ်..လိုက်ခဲ့ လေ..။နေဦး ...မမနှင်း.. ညီမလေးမိုးကို ပြောခဲ့လိုက်ဦးမယ်..။
“ ညီမမိုး...မမနှင်း..မောင်လွမ်းဝေနဲ့  ဗေဒါချောင်းဆီကို လမ်းလျှောက်လိုက်သွားဦးမယ်။ “  ဟုတ်..မမနှင်း...လိုက်သွားလေ...။  “ဟဲ့..လွမ်းဝေ..မမနှင်းကို သေချာဂရုစိုက်နော်“  ။မမိုးသည် မျက်နှာ မချိုမချဉ်လုပ်ကာ ပြောလိုက်သည်။ မောင်လွမ်းဝေနှင့် မမနှင်းတို စကားပြောရင်း လျှောက်လာလိုက်တာ။
“ ဟယ်...မောင်လွမ်းဝေ ဗေဒါပင်လေးတွေက ပန်းနီနီလေးတွေနဲ့ ရောထွေးနေတော့ တစ်မျိုးကြည့်လို့ လှတယ် ချစ်စရာလေးနော်“။
  ပန်းနီလာ ...
ဗေဒါဆင်သလို့ ..
ယဉ်လှတယ်လေး....။
စုတ်ချည်ဆန်ချည်နဲ့ ..
ဒီချောင်းရေ ဗေဒါလမ်းမှာ..
မမနှင်း ကြားဖူးပါတယ်  မဟုတ်လား  ဗေဒါလမ်းကဗျာတွေ ဆရာဇောဂျီ ရေးထားခဲ့တာလေ။ “ ကြားဖူးတာပေါ့...မောင်လွမ်းဝေရယ်...။  ဒါနဲ့...မောင်လွမ်းဝေ ကဗျာဝါသနာပါတယ်ပေါ့...။...ဟုတ်...မမနှင်း...ကျနော် ဝါသနာပါတယ် ရေးလည်း...ရေးပါတယ်။...ဟယ်...တယ်ဟုတ်ပါ့လား..။ဒါဆို   မောင်လွမ်းဝေ ရေးထားတဲ့ ကဗျာလေး မမနှင်းကို ဆိုပြပါလား။...ဟုတ်...သေချာလေးနားထောင်နော်...။
သည်ဆောင်းဟေမာန်...
မြောက်ပြန်လေညှင်း...
ဝှေ့ကာနင်းတော့...
သည်နှင်းသဇင်...ပွင့်တယ်ကို...။ 
   ထို့နောက် မောင်လွမ်းဝေ ဆက်မဆိုပဲ ရပ်ထားလိုက်သည်။ ရှေ့ဆက်ဆိုလေ။...မဆိုပါရစေနဲ့...မမနှင်း...ရယ်။...ဘာဖြစ်လို့ လဲ...ဆိုရင် မမနှင်း  စိတ်ဆိုးမှာပေါ့....။...ဘာဆိုင်လို့ လဲ....ဆိုင်ပါပကော...မမနှင်း...ရယ် ။ ...ကဲပါ...မမနှင်း  စိတ်မဆိုးပါဘူး...။ သေချာတယ်နော်...။အင်း..ပါဆို...။
  သဇင်ပွင့်တိုင်း
ရင်မှာလှိုင်းခတ်
ချိန်တိုင်းတလျှက်
မှန်းဆတွေးလို့ ..လွမ်းတယ်ကို ....တဲ့။
ဟယ်...မောင်လွမ်းဝေ က လွမ်းတတ်တယ်ပေါ့..။ ချစ်တတ်ရင်...လွမ်းတတ်ပါတယ် ...မမနှင်း..။
 ချစ်ရင်....လွမ်းတယ်..ဟုတ်လား..။ ဟုတ်ပါတယ်...မမနှင်း...။ ဒါဆို ...ဘယ်သူ့ကိုလွမ်းတာလဲ ...
ကျနော့်ငွေလမင်းကို လွမ်းတာပေါ့....မမနှင်း....ရယ်။  မောင်လွမ်းဝေ ရဲ့ ငွေလမင်း.....ဟုတ်လား ။
ဟုတ်တယ်.....ကျနော့်ငွေလမင်း.....။ မောင်လွမ်းဝေရဲ့ ...ငွေလမင်းက  ဘယ်သူတဲ့လဲ...။
မမနှင်း.....ပေါ့ ။ ပြီးတော့ မောင်လွမ်းဝေ မမနှင်းကို  သေချာလေး စိုက်ကြည့်လိုက်သည်..မမနှင်း မျက်နှာ
မှာ ရှက်သွေးဖြာနေသည် ။ သွား..........လူဆိုး........ဟုပြောပြီး မမနှင်းတစ်ယောက်ပြေးထွက်သွားတော့သည် ။
ငွေလမင်း ဟူသည်ကို လူကမပိုင်နိုင်ပါ....။ မပိုင်နိုင်ပေမင့်  ချစ်ရသည်....။ သြော်........ငွေလမင်းကိုမှ
ချစ်ရလေသည်....။
                                                         ၃
             ဆောင်းအကုန် နွေအကူး လေရူးသည် သစ်ရွက်ကလေးတွေနှင့် ပျော်မြူးရင်း ဆော့ကစားနေကြ
သည်။ ဥသြသည် နွေကို အဖော်ပြုရင်း ကျူးရင့်နေသည်။ ကောင်းကင်မှာ နေညိုချိန် တိမ်တောက်နေ၏။
ဖြူနုသွယ်လျသော လက်ချောင်းကလေးများသည် စန္ဒယားပေါ်တွင် လူးကာလွန့် ကာ ခေါက်တုန့် 
ခေါက်ပြန် လုပ်ရှားနေသည်။လုပ်ရှားရင်း သာယာညှင်းဖွဲ့ သော အသံနှင့် သီဆိုနေသည်။
မမနှင်းလည်း မြို့ ကိုပြန်ရောက်ပြီးနောက် စန္ဒယားရှေ့ တွင် အချိန်ဖြုန်းနေတော့၏။  ရွာတွင်နေခဲ့သည်နှင့်
အမျှ မောင်လွမ်းဝေနှင့် အတူရှိနေသည့် အချိန်တွေကို သတိရနေ၏။ သတိရမိတိုင်းလည်း မိမိကိုယ်ကို
မကျေနပ်ဖြစ်နေသည်။ နောင်တလည်း ရနေ၏။ မောင်လွမ်းဝေ ချစ်စကားဆိုတုန်းက ရွှေလင်ဗန်းနှင့်
အချင်းဆေးပြီး  မွှေးလာသူ သူဋ္ဌေသမီးပီပီ ခါးသီးစွားပြောခဲ့မိသည်။ အခုတော့ မမနှင်း မောင်လွမ်းဝေကို
လွမ်းနေပြီလော ။ ချစ်ရင်...လွမ်းရတယ်.....တဲ့  ......ဗေဒါချောင်း တံတားပေါ်မှာ မောင်လွမ်းဝေ ပြောခဲ့
သည်ကို သတိရနေသည်။
              ရွာဦးစေတီ ရင်ပြင်ပေါ်တွင် လူတစ်ယောက် တယောထိုးရင် သီချင်းသီဆိုနေသည်။
ထိုသူကား...............
တကယ်......မေတ္တာစစ်နဲ့  .....ချစ်ရက်သားနဲ့ ......ငြင်းပယ်တော်....မူအားတယ်...........
အဟုတ်.........မေတ္တာစစ်နဲ့ ......ချစ်ရက်သားနဲ့ ...ပြစ်ပယ်တော်.....မူအားတယ်............
အထင်တော်........လွဲလို့ ရယ်.....ချစ်တဲ့သူမယ်.....ခွဲနိုင်ရှာရက်တယ်............
မောင့်အပေါ်ဝယ် .......ဂုဏ်ရည်မတူလို့ လား..........ရွှေစပယ်ဖြူ.......ပန်ချင်သူကများ..........
မသနားဘဲ ရက်စက်တယ်..........
ဂုဏ်ရှိုန်မြင့်တဲ့ သူရယ်......ချစ်စေကြောင်းနဲ့......တောင်းပန်ချင်ပါတယ်......တကယ်ပင်မုန်းတော့ရင်
ကွယ်....ဘဝတုန်းအောင်.....အဆုံးစီရင်နိုင်တယ်........ဖြေသော်မပြေတယ်....အစွဲကြီးစွဲမိတယ်........
မောင့်အပေါ်ဝယ် ........ဘယ်လိုသဘောနဲ့ .....ကွယ်.....ချစ်မိသူမှာ .......ခင်ရယ်......
လွှမ်းပိုအောင်.........စီမံလေတော့တယ်......အသက်မက..တစ်ဖက်သတ်နဲ့ .....ချစ်မိခဲ့တယ်.....
ဘယ်သောအခါများ......နီးရပါမယ်.......၈ုဏ်မြင့်သူရမယ်.........အလို.......မျှော်မှန်း.........
လွမ်းပါပေါ့ကွယ်......သြော်.........ချစ်ပါရစေ.....အသနားခံသော်လည်း......ငြင်းပယ်တယ်.
ဂုဏ်မြင့်သူကကွယ်.........ဂရုဏာတရားရယ်........မောင့်အပေါ်ကင်းတးယ်......
သင်းပျံ့ စပယ်ရနံ့...အဆင်းအလှ.....ကြွယ်သမျှ......ဂုဏ်ငယ်သူကို.....မုန်းတော်မူအားတယ်......
မောင်လွမ်းဝေ တယောထိုးကာ ဆွေးမြှေ့စွာ သီချင်းဆိုနေမိသည်။
သြော်.......သူတစ်ယောက်ကို  ချစ်မိရင် ..သူတစ်ယောက်မှာ ပူရသည်။  ထိုအပူသည်  ဘယ်အပူနှင့်မှ
မတူ ။ပိုလို့ ပင် ပူသည်။ ရင်ထဲမှာ ဖွဲမီးလို့  လှိုက်လှိုက်ပြီး ပူသည်။ ကိုယ်ချစ်သောသူနှင့် ကွေကွင်းရခြင်း
မှာ  ဆင်ရဲခြင်းအကြောင်း မကောင်းပါလား......ဆိုတာ မောင်လွမ်းဝေ သိလိုက်သည်။
သိလိုက်သည်အလျှောက် သုံးခွင်ပရမေ မြတ်စိန္တေထံမှာ ဆုပန်ခြွေမိ၏။
                                  အုံတငွေ့ငွေ့
                                  ပူလေ့ကိုယ့်မှာ
                                  ချစ်လို့ ကြင်နာ
                                 နေချင်ပါလည်း
                                 ဖန်လာဝိပါက်
                                 ကြမ္မာချက်ကြောင့်
                                 ချစ်လျှက်ဝေးကွာ
                                 ဝေဒနာကို
                                 မြတ်စွာဘုရား
                                 ဟောခါကြားသော
                                 တရားနဲ့လည်း
                                 ဖြေလည်းမပြေ
                                 သည်ခက်ဗွေကြောင့်
                                 ငါလေဖြစ်ရ၊
                                 သည်လောကမှာ၊
                                 တဏှာ့ဒါသ   ၊
                                 ဖြစ်ရခါခါ၊
                                 များလှစွာသား၊
                                 သို့ ဖြစ်ပါ၍
                                 နောင်လာဘဝ၊
                                 ဖြစ်သမျှနှိုက်၊
                                 ဗုဒ္ဓမြတ်စွာ၊
                                 သာသနာ၏၊
                                 ဒါသကျေးကျွန်၊
                                 မြတ်ဆုမွန်ကို၊
                                 ပန်ချွေသမှု ပြုပါ၏............။
    .
                                                                ပြီးပါပြီ
                                                                            သာကီမင်းသားလေး