တို့ တိုင်းပြည်(ပြေ)တောင်စစ်ကိုင်း
ရှုတိုင်းလေ ဘယ်ခါမရိုးအောင်ပ
ထူပါရုံ ဖြူဖြူဖွေးရယ်တို့
မြင်အာရုံ လွန်ကြည်နူးလို့ရယ်
ဖူးခဲ့သည်ပဲ...။
တောင်သေလာ ဦးထိပ်ဖျားဆီက
ဆွမ်းဦးရှင် ပုညဘုရားမှာဖြင့်
ဆွေသဟာ မိတ်အပေါင်းနှင့်
ခညောင်းကာ မာလာပန်းကို
ရွှင်လန်းကာ ကုသိုလ်ယူဖို့
လှူခဲ့သည်ပဲ...။
သာကီမင်းသားလေး
1.6.2013
No comments:
Post a Comment