မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Saturday 1 June 2013

အဆိပ်ပြင်းသော မြွေပွေးတစ်ကောင်

ကြယ်ကြွေညတိုင်းဆုတောင်းမိတဲ့ငါ
ကျိန်စာများသင့်ခဲ့လေသလား
မှုန်ဝါးနေတဲ့အနာဂါတ်ကို
ငါဘယ်လိုဖြတ်သန်းရမှာလဲ
ယောက်ျားတံခွန် လူရည်ချွန်က
ကောင်းကင်တမွတ်ကြယ်ကိုဆွတ်လည်း
မလွတ်စတမ်း ရမြဲတမ်းတည်းးးးးတဲ့
ဖြတ်သန်းလျှောက်လှမ်းရင်း
မြည်တမ်းမိ ထိုစကား
ငါ့အတွက်အားဆေးတစ်ခွက်အလား
လူတိုင်းဟာ
ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးနေရလို့ 
ကံစေရာကို သွားရတာမဆန်းပါဘူး
ငါဟာ
ကြောင်သူတော်ကြွက်သူခိုးမဟုတ်ဘူ
သိုးယောင်ဆောင်တဲ့ဝံပုလွှေလည်း
မဟုတ်ဘူး
သေချာတာကတော့
ငါဟာ
အဆိပ်ပြင်းတဲ့မြွေပွေးတစ်ကောင်ပဲ။

သာကီမင်းသားလေး
29. 5. 2013

No comments:

Post a Comment