မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Wednesday 26 June 2013

ပန်းတိုင်ဆီသို့ ( ၃ )

အဲဒီည
သန်းခေါင်ယံ
ဥတ္တရာသဠ် နက္ခတ်နှင့်
စန်းမြတ်ယှဉ်နေတဲ့ လစန္ဒာမှာ
မြူတွေလည်းကင်း
တိမ်တွေလည်း ရှင်းလို့ပေါ့ ...။

အလောင်းမင်းသိဒ္ဓတ္ထ
ဆန္နအမတ်ကို နိုးခေါ်
ကဏ္ဍကမြင်းတော်ကို ယခု ကချေ
အို...
ဖွားဘက်တော် ကဏ္ဍက
ယနေ့ ငါ့ကို ကူပံ့လော့
သင့်ကိုမှီ၍ သုံးလီသော ဘဝနှောင်ချိုင့်မှ
ငါထွက်မြောက်လျှင် သုံးခွင်လောက၌
ဝေနေယျ သတ္တဝါတို့ကို
ခေမာရပ်ခွင်သို့ ငါတင်ပေအံ့...
လောကကိုလည်း ငါ အလှဆင်ပေအံ့.,.။

သာကီမင်းသားလေး

No comments:

Post a Comment