မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် သာကီမင်းသားလေး မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Saturday 1 June 2013

ဘယ်သူကပို သာပါလိမ့်

အသွင်တင့်ဆန်း ငုဝါပန်းသည်

ဆွတ်မြန်းသူနှင့် ရှု့ သူတို့ အား

စိတ်အားရွှင်လန်း ပီတိဖြန်းလို့ 

အပန်းပြေ၏.....။

ကောင်းခြင်းငါးသွယ်

ပြည့်စုံကြွယ်၍ ပြိုင်ဖွယ်လွတ်ကင်း

ရူပဆင်းနှင့် လွန်မင်းပြည့်ဝ

ဣတ္ထိယကား ယောက်ျားတကာ

များသူငါကို ရင်မှာယိုဖိတ်

ကာမစိတ်ကို ဖြစ်စေ၏,....။

ငုဝါလည်းလှ သူလည်းလှ၍

သူနှင့်ငုဝါ ငုဝါနှင့်သူ

ဘယ်သူကပို သာပါလိမ့်.....။

သာကီမင်းသားလေး
30.5.2013

No comments:

Post a Comment